VACANCY ANNOUNCEMENT

11/09/2018 15:37 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

လစာကောင်းကောင်းနဲ့ စိုက်ပျိုးရေးပညာရပ်ဖြင့် တောင်သူဦးကြီးများကို အကျိုးပြုလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 
ရာထူး - Assistant Agronomist
လစာ -၁၀ သိန်းနှင့်အထက်( မြန်မာကျပ်ငွေ) အရည်အချင်းကိုလိုက်၍တိုးပေးမည်။ 
ပညာအရည်အချင်း - BAg ( လုပ်ငန်းအတွေ့အကြုံရှိသူ )
တာဝန် - စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများနှင် ညှိနှိုင်းခြင်း။ ရန်ကုန် ရုံးထိုင်၍လိုအပ်ပါက စီမံကိန်းဒေသများသို့ ခရီးထွက်နိုင်ရန်လိုအပ်ပြီး ကုန်ကျစာရိတ်ကို အဖွဲ့မှ ကျခံမည်။ 
အသေးစိတ်သိလိုပါက အောက်ပါ ဖုံးနံပါတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 
ဦးလှအောင် Senior Agronomist, ICRC.
Ph: 09421711184


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်