ကျွဲနွားကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (Vaccination)

16/08/2019 22:00 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

ကျွဲနွားများတွင် ဖြစ်ပွားလေ့ရှိသောရောဂါများကို ရောဂါပြင်းထန်မှုနှုန်း ကူးစက်ပျံ့ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့ပေါ်မူတည်၍ (က)စာရင်းဝင်ရောဂါများနှင့် (ခ)စာရင်းဝင်ရောဂါများဟူ၍ ခွဲခြားထားပါတယ်။

(က)စာရင်းဝင်ရောဂါများအနက် မြန်မာနိုင်ငံရှိ ကျွဲနွားများတွင် အဓိကဖြစ်ပွားလေ့ရှိသော ရောဂါများမှာ

(၁) ခွာနာလျှာနာ

(၂) ဒေါင့်သန်း

(၃) လည်ချောင်းကွဲ

(၄) ပေါင်ပုပ်လက်ပုပ် ရောဂါတို့ဖြစ်သည်။

၎င်း (က) စာရင်းဝင်ရောဂါများသည် ပြင်းထန်သောကူးစက်ရောဂါများဖြစ်သည်။

ခြံတစ်ခြံသို့ ကူးစက်ရောဂါ ဝင်ရောက်လာပါက ဖြစ်ပွားသည့်ရောဂါပေါ်မူတည်၍ . . .

- တစ်ကောင်နှင့်တစ်ကောင် ကူးစက်မှုနှုန်း မြန်ဆန်ခြင်း

- ထုတ်လုပ်မှုကျဆင်းခြင်း

- သားလျှောနိုင်ခြင်း

- သေဆုံးမှုမြင့်မားခြင်း စသည်တို့ ဖြစ်ပွားနိုင်သောကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုများ ဖြစ်စေပါသည်။

***ကူးစက်ရောဂါများကို ဖြစ်ပွားမှကုသမည်ဆိုပါက. . .

- ရောဂါကြောင့်ဖြစ်မည့် ဆုံးရှုံးမှုအပြင် ကုသစရိတ်ပါ ထပ်မံကုန်ကျမည်ဖြစ်သည်။

***ကြိုတင်ကာကွယ်ဆေးထိုးနှံထားပါက . . .

- လက်ရှိတွင် ကာကွယ်ဆေးထိုးနှံခ ကုန်ကျမှုသာရှိမည်။

- ထိုကုန်ကျမှုလေးသည် နောင်တွင်ဖြစ်လာမည့် ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်သည်။ 

### မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် အထက်ပါကျွဲနွားကူးစက်ရောဂါများ ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးလျက်ရှိပါသည်။

### ဒါကြောင့် ကျွဲနွားပိုင်ရှင်များအနေဖြင့်လည်း သက်ဆိုင်ရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူပေါင်းပါဝင်၍ မိမိတို့၏ ကျွဲနွားများကို ပုံမှန်ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်