မိုးလယ်နဲ့ မိုးနှောင်းကာလမှာစိုက်ပျိုးသင့်တဲ့ ဟင်းသီးဟင်းရွက်များ
ခုလို မိုးအဆက်မပြတ်ရွာနေတဲ့ကာလကြီးမှာ အိမ်နောက်ဘေးဈေးဆိုင်တည်ချင်လို့ပဲဖြစ်ဖြစ်၊ စီးပွားဖြစ်စိုက်ပျိုးဖို့ပဲဖြစ်ဖြစ် စိုက်ပျိုးလို့ရတဲ့ ဟင်းသီးဟင်းရွက်အပင်လေးတွေကို ပြောပြပေးချင်ပါတယ်ဗျ။
၁။ ဂေါ်ဖီထုပ်မျိုးရင်းဝင်များ
ဩဂုတ်လ မိုးအလယ်ပိုင်းမှာ Brassica မျိုးရင်းဝင်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ တို့ကိုစိုက်ဖို့ အကောင်းဆုံးအချိန်ပါ။ ဒါပေမယ့် အရေးကြီတာတစ်ခုက အပင်ပေါက်ပျိုးပင်တွေကိုပဲ ခုချိန်မှာစိုက်ရမှာပါ။ အစေ့ကနေစိုက်ရင် ဆောင်းဦးအမီ ဖွံ့ဖြိုးဖို့ နောက်ကျနိုင်ပါတယ်။ ဒါ့ကြောင့် အစေ့ကနေစိုက်ချင်တယ်ဆိုရင်တော့ ဇူလှိုင်လလောက်ကတည်းက ပျိုးထောင်ထားသင့်ပါတယ်။
၂။ ကိုက်လန်
အမှန်တော့ ကိုက်လန်ကလည်း Brassica မျိုးရင်းဝင်ထဲကပါပဲ။ ဒါပေမယ့် သူကိုဘာလို့ခွဲပြောရသလဲဆိုရင် ကိုက်လန်က အကြမ်းခံနိုင်ပြီး မိုးလယ်အပြင် ဆောင်းရာသီမှာကော စိုက်လို့ရလို့ပါ။ ဒါ့အပြင် ကိုက်လန်က အစေ့ကော အပင်ပေါက်ကောနှစ်မျိုးစလုံးနဲ့စိုက်နိုင်ပြီး မိုးများလို့ အေးတဲ့အချိန်မှာဆိုရင် ချိုတဲ့အရသာကိုပေးစွမ်းနိုင်ပါတယ်။
၃။ ဆလပ်ရွက်
ဆလပ်ကလည်း မိုးလယ်နဲ့ မိုးနှောင်းဆောင်းအဝင်လေးမှာစိုက်ဖို့ အကောင်းဆုံးဟင်ရွက်တစ်မျိုးပါပဲ။ ဒါပေမယ့် မိုးလယ်မှာစိုက်တဲ့ဆလပ်က နည်းနည်းခါးသက်သက်ဖြစ်စေပါတယ်။
၄။ မုန်လာဥနီ( ခါကြက်ဥ)
မိုးလယ်နဲ့ မိုးနှောင်းမှာစိုက်တဲ့ မုန်လာဥနီတွေက သကြားဓာတ်ပိုပါတာမို့ ချိုပြီးပိုကောင်းတဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ မိုးတွင်းမှာစိုက်ရင် အရွယ်စားအားဖြင့်သေးပေမယ့် မြန်မြန်ရင့်ပြီး ဆောင်းရာသီမှာ အချိန်ကိုက်ပေါ်စေပါတယ်။
၅။ ဟင်းနုရွယ် (Spinach)
ခုချိန် ဟင်းနုနွယ်စိုက်မယ်ဆိုရင် အောက်တိုဘာလလယ်လောက်မှာ စတင်ခူးဆွတ်ရိတ်သိမ်းလို့ရပါပြီ။ အမိုးအကာလေး အနည်းငယ်ပါလုပ်ပေးရင် ဆောင်းတစ်ရာသီလုံးမှာ ခူးဆွတ်စားသုံးနိုင်သလို နွေဦးအရောက် မေလအထိ ထပ်မံခူးလို့ရနေဦးမှာပါ။
၆။ သကြားမုန်လာ (Beet root)
သကြားမုန်လာကို ခုလိုအချိန် မိုးလယ်မှာစိုက်ဖို့ အကောင်းဆုံးပါပဲ။ ဒါမှဆောင်းဦးမှာ အရောင်အသွေးလှပပြီး အရသာကောင်းမွန်တဲ့ သကြားမုန်လာဥတွေကို ရိတ်သိမ်းရရှိနိုင်မှာပါ။
၇။ ခရမ်းချဉ်သီး
ပုံမှန်အားဖြင့် ရှမ်းပြည်နယ်လိုအေးတဲ့ဒေသတွေမှာ ခရမ်းချဉ်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ရပါတယ်။ ဒါပေမယ့် အခြားမြေပြန့်ဒေသတွေမှာဆိုရင်တော့ စက်တင်ဘာ၊ အောက်တိုဘာလတို့လို မိုးနှောင်းကာလမှာစိုက်ဖို့ ပိုသင့်တော်ပါတယ်။
၈။ ငရုတ်
ငရုတ်ကတော့ မိုးလယ်ကာလမှာ စတင်စိုက်ပျိုးဖို့ ပိုသင့်တော်ပါတယ်။ ဒါပေမယ့် အပင်ငယ်ရွယ်စဉ်မှာ ခါးရိရောဂါ ဆိုးရွားစွာကျရောက်တတ်တာမို့ ရေမဝပ်အောင် အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။
၉။ ကြက်သွန်နီ
မြေပြန့်ဒေသမှာဆိုရင်တော့ ကြက်သွန်နီကို မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ စတင်ပျိုးထောင်စိုက်ပျိုးကြပါတယ်။ ကြက်သွန်မိတ်ကိုတော့ မိုးလယ်၊ မိုးနှောင်း နှစ်မျိုးစလုံးမှာ စတင်စိုက်ပျိုးနိုင်ပါတယ်။
၁၀။ မုန်ညင်း
မုန်ညင်းမှာဆိုရင် မုန်ညင်းရွက်ကိုတော့ မိုးလယ်ပိုင်းမှာစတင် စိုက်ပျိုးလို့ရပြီး မုန်ညင်းထုပ်ကိုတော့ မိုးနှောင်းပိုင်းမှ စတင်စိုက်ပျိုးသင့်ပါတယ်။ ဘာလို့ဆို ဆောင်းဦးအေးတဲ့အချိန်မှသာ မုန်ညင်းက ကောင်းကောင်းထုပ်တာမို့ပါ။
Ref; https://ourstoneyacres.com/9-crops-you-can-plant-in-august
https://www.gardeningetc.com/advice/vegetables-to-plant-in-august
https://harvesttotable.com/september_vegetable_garden/
ခင်မောင်မြင့်
လွန်ခဲ့သော ၄ နှစ် ကနွားစာတော့ရမယ်
Naing Lwin
လွန်ခဲ့သော ၅ နှစ် ကကျိုင်းတုံကပါ၊အရိပ်ထူတဲ့နေရာ ပြောင်းကိုကျဲပြီးစိုက်ပျိုးလို့ရပါသလား၊ခုချိန်မှာပေါ့
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ထွန်းရာဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....