ငါးမွေးမြူရန် ကန်ရေပြင်ဆင်နည်း

11/09/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးမွေးမြူရေးအားစတင်လျှင် ကန်၏အောက်ခြေကြမ်းပြင်ပေါ်သို့ ထုံးဖြူးပေးရန် လိုအပ်ပါသည်။ ထုံးအမျိုးအစား ၃ မျိုးရှိရာ မဖောက်ထုံး ခေါ်  ဆောက်လုပ်ရေးလုပ်ငန်းသုံးထုံးသည် ပြင်းအားများပြီး ကိုင်တွယ်ရာတွင် အန္တရာယ်ရှိပါသည်။ ထုံးကြက်တက်ရေ ခေါ် ဖောက်ထုံးသည် ကွမ်းယာသုံး ထုံးအမျိုးအစားဖြစ်ပြီး ပြင်းအားအနေဖြင့် အသင့်အတင့်ရှိပါသည်။ စိုက်ပျိုးရေးထုံး ခေါ် ထုံးကျောက်မှုန့်သည် ပြင်းအားအနည်းဆုံးဖြစ်ပြီး ကိုင်တွယ်ရန် အန္တရာယ်အကင်းဆုံး ဖြစ်ပါသည်။

ကန်သစ်များတွင် ကန်ပြင်ဆင်မှု နောက်ဆုံးအဆင့်ဖြစ်သည့် မွေးမြူမည့်ကန်ရေအား ပြင်ဆင်သည့်အချိန်တွင် အသုံးပြုသင့်သောနှုန်းထားများမှာ မဖောက်ထုံးအတွက် တစ်ဧကလျှင် ၂.၅ ပိဿာနှုန်း၊ ဖောက်ထုံး ခေါ် ထုံးကြက်တက်ရည်အတွက် တစ်ဧက လျှင် ပိဿာ ၂၀ နှုန်းနှင့် စိုက်ပျိုးရေးသုံးထုံးအတွက် တစ်ဧကလျှင် ၂၅ ပိဿာနှုန်းဖြင့် သုံးစွဲနိုင်ပါသည်။

ထိုသို့ သုံးစွဲရာတွင် ထုံးအမျိုးအစားတစ်မျိုးတည်းသာသုံးစွဲရန် လိုအပ်ပြီး ဦးစားပေးသုံးစွဲသင့်သော ထုံးအမျိုးအစားမှာ စိုက်ပျိုးရေးသုံးထုံးအမျိုးအစားဖြစ်ပါသည်။

ကန်အောက်ခြေမြေသားအား ထုံးထည့်ပြီးပါက ကန်အား ရေ ၁ ပေခန့် သွင်းပေးရပါမည်။ ထိုသို့ထည့်သွင်းရာတွင် မလိုလားအပ်သော သားစားငါးသားပေါက်များ ရေနှင့်အတူ ကန်အတွင်းသို့ ဝင်ရောက်လာခြင်းမရှိစေရန်အတွက် ရေအားဇကာဖြင့်စစ်၍ ထည့်သွင်းပေးရန်လိုအပ်ပါသည်။ ရေထည့်သွင်းပြီး တစ်ပတ်ခန့်အကြာတွင် သက်ရှိအစာဖြစ်သော အပင်မျှောလှေးနှင့် သတ္တဝါမျှောလှေးများ ပေါက်ဖွားလာပြီး ရေ၏အရောင်မှာ စိမ်း-ဝါ-ညို ရောင် ဖြစ်လာမည် ဖြစ်ပါသည်။ ထိုအချိန်တွင် ကန်ရေကို မိမိလိုအပ်သလောက် ထပ်မံ ဖြည့်သွင်းပေးရမည် ဖြစ်ပါသည်။ သက်ရှိအစာပေါက်ဖွားနှုန်း လုံလောက်ခြင်း ရှိ/မရှိကို ရေကြည်နှုန်းတိုင်းကိရိယာဖြင့် တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါသည်။

ရေကြည်နှုန်း ၃၀-၄၀ စင်တီမီတာအတွင်းရှိလျှင်အကောင်းဆုံးဖြစ်ပါသည်။ လိုအပ်ပါကရေသြဇာအတွက် မြေသြဇာဓာတ်များအား ထည့်သွင်းပေးနိုင်ပါသည်။ မြေသြဇာထည့်သွင်းနှုန်း တစ်ဧကကန်အတွက် သဘာဝမြေသြဇာ (နွားချေး/ဝက်ချေး-၃၀ ပိဿာ) သို့မဟုတ် ဓာတုမြေသြဇာ(ယူးရီးယား၊ တီစူပါ-၁၅ ပိဿာ)အား ထည့်သွင်းပေးနိုင်ပါသည်။ ကန်၏ရေကြည်နှုန်းသည် ၃၀ စင်တီမီတာခန့်ရှိပြီး ရေ၏အရောင်သည် စိမ်း-ဝါ-ညို ရောင် ဖြစ်နေပါက သားပေါက်များထည့်သွင်းရန် အသင့်တော်ဆုံး အခြေအနေသို့ရောက်ရှိနေပြီ ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်