ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ရေထွက်ကုန်ပြည်ပ တင်ပို့မှုကနေရရှိတဲ့ ဝင်ငွေဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း စံချိန်တင် အများဆုံးရရှိတဲ့ နှုန်းထားဖြစ်ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက “ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ရေထွက်ကုန်တင်ပို့ပြီး စာရင်းပြုစုတာက ၉၇-၉၈ ဘဏ္ဍာ နှစ်ကစတာပေါ့၊ အဲဒီတော့ နှစ်ပေါင်း ၂၁ နှစ်အတွင်းမှာတော့ အများဆုံးဝင်ငွေရရှိမှုပဲ” လို့ပြောပါ တယ်။
မကြာသေးခင်ကကုန်ဆုံးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ရေထွက်ကုန်တင်ပို့မှုဟာ တန်ချိန် ၅၈၀,ဝဝဝ ကျော် တင်ပို့ခဲ့ပြီး ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာသန်း ၇၂၀ ကျော်ရရှိခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၅၆၀,ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအနေနဲ့ ဒေါ်လာသန်း ၇၁၀ ကျော်ရရှိခဲ့ပါတယ်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator