နေ့စဉ်မိုးလေဝသသတင်း

16/05/2018 10:26 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၀၁၈ ခုနှစ်၊ မေလ (၁၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယား ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

ကိုးကား - မိုးဇလ


Natural Cure Co.,Ltd ကြော်ငြာ

ရာသီဥတုဒဏ်၊ ပိုးမွှားက ဖျက်တဲ့ဒဏ်ကိုခံနေရတဲ့ စိုက်ခင်းထဲကသီးနှံများ” တောင်သူဦးကြီးများရဲ့ စိုက်ခင်းထဲက ရတနာလေးလိုတန်ဖိုးထားအဖိုးတန်သော သီးနှံတွေဟာ ရာသီဥတုဒဏ်၊ ပိုးမွှားများဒဏ်ခံနေရပြီဆိုပါက NPK ကိုအချိုးကျကျပေါင်းစပ်ထားသော NC ကွန်ပေါင်းဓာတ်မြေသြဇာ 15:15:15 က တောင်သူကြီးတို့ရဲ့ သီးနှံများကိုရောဂါကင်းပြီး ရွှေလိုဝင်းစေမှာပါ အပင်တွေကြီးထွားဖို့အတွက် လိုအပ်တဲ့ ပရိုတင်း နှင့် အင်(မ်)ဇိုင်းဓာတ်တွေကို အပြည့်အဝ အထောက်အကူပြုပေးတဲ့ နိုက်ထရိုဂျင် ( N ) အသီးအပင်တွေကို အာဟာရကြွယ်ဝစေပြီး၊ မြေဆီလွှာဆဲလ်တွေ ပျက်စီး မှုကို ထိန်းသိမ်းပေးတဲ့ ဖော့စ်ဖရပ် (P2 O5) အရည်ဓာတ်ကို ပြည့်ဝစေပြီး အသီးအပင်တွေကို သန်မာလာစေတဲ့ ပိုတက်ဆီယမ် ( K2 O ) အပင်တွေကို ကြီးထွားဖို့ရန်အတွက် လိုအပ်တဲ့ ပရိုတင်း ၊ အင်(မ်)ဇိုင်း ၊ ဗီတာမင် နဲ့ အစိမ်းရောင် အပင်တွေအတွက် များစွာအကျိုးပြုတဲ့ ဓာတ်တွေများစွာပါဝင်သော ဆာလဖာ ( S ) တို့ကို အချိုးကျကျပေါင်းစပ်ထားလို့ တောင်သူဦးကြီးတို့ရဲ့ ပြဿနာများကို ဖြေရှင်းပေးဖို့ NC(အန်စီ) ကွန်ပေါင်း ဓာတ်မြေသြဇာ 15:15:15 ‌ရောက်ရှိလို့ လာပါပြီ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းများကို အမြို့မြို့အနယ်နယ်ရှိ သက်ဆိုင်ရာ ကိုယ်စားလှယ်ကြီးများထံတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။ ထုတ်ကုန်များအကြောင်းအသေးစိတ်သိရှိလိုပါက 09 255 361 088 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်