ထိုင်းနိုင်ငံရောက် မြန်မာနဲ့ ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းသားတွေအတွက်..

20/09/2024 19:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ထိုင်းနိုင်ငံရောက် မြန်မာတွေအတွက် -

ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့လာပြီဖြစ်တဲ့ အပူပိုင်းမုန်တိုင်း TS-SOULIK ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း က WS ထိုင်ထားတဲ့ UDONTHANI ရောက်ဖို့ မိုင် ၁၀၀ လောက်လိုသေးတယ်။ ည ၇ နာရီလောက်တော့ သူ့အောက်တည့်တည့်က ဖြတ်လောက်ပါမယ်။

စက်တင်ဘာ ၂၁ ရက် - မနက်ဖန် ညနေ ၃ နာရီလောက်မှ မြန်မာ-ထိုင်းနယ်စပ်ကိုရောက်ပါမယ်။ ၂၁ ရက် ညပိုင်းက စ ပြီး ၂၂ - ၂၃ - ၂၄ ရက်တွေတော့ မိုးရွာပါမယ်။ များတဲ့နေရာများ နည်းတဲ့နေရာနည်းဖြစ်မှာပါပဲ။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းသားတွေအတွက် -

ရန်ကုန်၊ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ ထန်းတပင် နေသူများနဲ့ ဧရာဝတီတိုင်းသားတွေအတွက်တော့ မမေ့သင့်တာတခု ပြန်နွှေးပေးပါဦးမယ်။

ပထမ တစ်လုံး ယာဂိ  လေပွေလှိုင်းအကြွင်းအကျန်တွေတုန်းက အဲ့ဒီမြို့နယ်တွေ ခရိုင်တွေရဲ့ အပေါ်ဘက် အတော်ဝေးဝေး အလယ်ပိုင်းကို ဖြတ်တာ၊ အားကောင်းတဲ့ လေပွေလှိုင်းပေမဲ့ ဝေးတော့ အောက်ဘက်မှာသက်သာသွားတယ်။

အခု လေပွေလှိုင်းက အားတော့မကောင်းဘူး၊ ဒါပေမဲ့ - အောက်ဘက်နဲ့ ပိုနီးတယ်။ အကြွင်းအကျန်ပါလာသမျှတိမ်တွေမှာပါလာတဲ့ ရေခိုးရေငွေ့တွေ မိုးတွေကတော့ နီးတဲ့နေရာ များများရွာတတ်တာပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်