2025 က အပူသိပ်မပြင်းတဲ့ နွေရာသီဖြစ်လာနိုင်

27/02/2025 11:13 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဖေဖော်ဝါရီ ၂၆ ရက် - ည ၁၀ နာရီ ၁၅ မိနစ်အချိန် ရရှိသည့်ဒေတာများအရ

MMWeather Knowledge Site မှ တင်ပေးထားသော ပြည်နယ်တိုင်းမြို့များ၏ နောက်လာမည့် ၄ ရက်အတွက်ကြိုတင်ခန့်မှန်းချက် weather widget မျာအရ မတ်လ လဆန်းရက် များမှစတင်၍ ပြည်နယ်/တိုင်းများအတွင်း အမြင့်ဆုံးနေ့အပူချိန်များ အောက်ပါအတိုင်း ရှိလာနိုင်ပါမယ်။

ဧရာဝတီတိုင်း ၃၇°C ၊ ကချင်ပြည်နယ် ၃၁°C ၊ ကယားပြည်နယ် ၃၆°C ၊ ကရင်ပြည်နယ် ၃၈°C ၊ ချင်းပြည်နယ် ၂၅°C ၊ စစ်ကိုင်းတိုင်း ၃၅°C ၊ ပဲခူးတိုင်း ၃၈°C ၊ မကွေးတိုင်း ၃၇°C ၊ မန္တလေးတိုင်း ၃၆°C ၊ မွန်ပြည်နယ် ၃၅°C ၊ တနင်္သာရီတိုင်း ၃၃ °C ၊ နေပြည်တော် ၃၇°C ၊ ရန်ကုန်တိုင်း ၃၇°C ၊ ရခိုင်ပြည်နယ် ၃၄°C ၊ ရှမ်းပြည်နယ် ၃၄°C ။

မိုးရွာသွန်းနိုင်ချေနှင့် တိမ်ဖြစ်ပေါ်နိုင်သည့် အခြေအနေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နန်းယွန်း၊ ပန်ဆောင်းတောင်ကြား၊ လဟယ်မြို့တွေနဲ့ ကချင်ပြည်နယ်အတွင်းက ပူတာအို၊ နောင်မွန်း၊ မချမ်းဘော၊ ချီဖွေ၊ ဆွန်ပရာဘုမ် စတဲ့ မြို့တွေမှာ မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းမှအပ ကျန်ပြည်နယ်တိုင်းများမှာ များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပါမယ်။

✏️ နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေများလေ့လာကြည့်ရှုနိုင်ရန် Weather Widget များကို တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။


ဆွေးနွေးချက်များ

ဆွေးနွေးရန်