မေလ ၁၁ - ၁၅ ရက်အတွင်း မိုးများနိုင်သည့်ဒေသများ

09/05/2025 17:10 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မုန်တိုင်းဖြစ်ပေါ်နိုင်ချေကို ကြိုတင်ခန့်မှန်းရာမှာ အခြေခံတဲ့ သင်္ချာပုံစံပြု model တွေကများပါတယ်၊ မုန်တိုင်း ၁ လုံး အစပျိုးပြီဆိုရင် -

အစပျိုးတဲ့နေရာ ကွဲလွဲချက်တွေက အသုံးပြုတဲ့ model မတူညီတာကြောင့် များနေပြီးအရေးမကြီးဘူးဆိုနိုင်ပေမဲ့ ... မြန်မာ့ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာအစပျိုးတယ်ဆိုရင်တော့ မိုးများနိုင်/လေပြင်းတိုက်ခတ်မှု ပြင်းထန်နိုင်တဲ့ အခြေအနေတွေဖြစ်ပေါ်စေနိုင်တာကြောင့် သတိပြုစောင့်ကြည့်ရပါမယ်။

====

အစပျိုးနိုင်တဲ့နေရာကြိုတင်ခန့်မှန်းချက်တွေမှာ 

🔸 ECMWF-AIFS model က ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

🔸 ICON model က မုတ္တမကွေ့

🔸 METEOBLUE NEMS model က ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

🔸 NOAA GFS model က ကပ္ပလီပင်လယ်မြောက်ပိုင်း ... စသည်ဖြင့်တည်နေရာအမျိုးမျိုးပြနေသော်ငြားလည်း -

🔸 ဆက်လက်ရွေ့လျားနိုင်မဲ့ ဦးတည်ရာနဲ့ ကုန်းတွင်းကိုဝင်နိုင်မဲ့ နေရာခန့်မှန်းချက်ကတော့ NOAA GFS ရော၊ ဥရော model ECMWF-AIFS မှာရော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၁၉-၂၀ ရက်နေ့တွေမှာ ချဉ်းကပ်ကျော်ဖြတ်နိုင်ကြောင်း တူညီတဲ့ရက်ဝေးခန့်မှန်းချက် ရှိနေကြပါတယ်။

🔸 ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေကတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဒီနေ့ ရရှိတဲ့ update အရ ၆၀% ရှိနေပါတယ်။

ဒီနေ့ မေလ ၉ ရက်နေ့အတွက် နောက်ဆုံးရရှိပြီးအချက်အလက်တွေအရ -

🔸 မေလ ၁၅ ရက်မှာ အစပျိုးလာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ တည်နေရာအလိုက် ဖြစ်ပေါ်နိုင်မဲ့ လေ/မိုး ပြင်းထန်ခြင်းတွေ ကွဲပြားနိုင်ပါတယ်။

မေလ ၁၁ ရက်နေ့မှ စတင်ပြီး မေလ ၁၅ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းအစပျိုးဖြစ်ပေါ်ချိန်အတွင်း ...

🔸 တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ နေပြည်တော်၊ မကွေးတိုင်းတောင်ပိုင်းနဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ နေပြည်တော် စတဲ့ဒေသအချို့ အထိ မိုးသက်လေပြင်းကျရောက်နိုင်၊ မိုးများနိုင်ပါမယ်။

မေလ ၁၅ ရက်နောက်ပိုင်း လေဖိအားနည်းရပ်ဝန်းမှ အား‌ကောင်းပြီးသိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ ကုန်းတွင်းဝင်ရောက်သည်အထိ -

🔸 ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးများရာမှ မိုးအလွန်များနိုင်ပါတယ်။

လေနှင့်ရေကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးများဖြစ်နိုင်ချေကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။

https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်