ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း အခြေအနေ UPDATE

22/10/2024 11:04 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အောက်တိုဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ရရှိသည့်ဒေတာများအရ

🔸 တင်ပြပြီးသည့်လေဖိအားနည်းရပ်ဝန်းအခြေအနေများ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းတွင် မုန်တိုင်းငယ်(DEEP DEPRESSION-DD)အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၃  ရက် နံနက်အစောပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(CYCLONIC STORM-CS)"DANA" အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM - SCS)အဖြစ်သို့လည်းကောင်းရောက်ရှိလာနိုင်ကြောင်း တွေ့ရပါသည်။

အိန္ဒိယမိုးလေဝသဋ္ဌာနနှင့် WINDY - ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်များအရ မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်မဟုတ်ကြောင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီသို့သာ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၄ ရက် ညပိုင်းမှ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအချိန်အတွင်း ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။

🔸 ဆက်လက်ရရှိသည့် UPDATED အချက်အလက်များ

အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်း ရရှိတဲ့ အချက်အလက်များအရ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း 98B သည် -

🔸 ပုသိမ်မြို့အနောက်-အနောက်တောင်ဘက် ၁၈၅ မိုင်ခန့်၊ စစ်တွေမြို့တောင်ဘက် ၃၄၈ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်ကို တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားနေကြောင်း တွေ့ရပါသည်။

🔸 အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှနှင့် မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်း၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် ပိုမိုအားကောင်းလာနိုင်မည့် အခြေအနေဆက်လက်ဖြစ်ပေါ်နိုင်မည့်အတွက်ကြောင့် ယနေ့ -အောက်တိုဘာ ၂၂ ရက် မှ အောက်တိုဘာ ၂၅ ရက် အိန္ဒိယကမ်းခြေကို မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ပြီးချိန်အထိ 

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးများနိုင်(၂၄ နာရီအတွင်း ၂ လက်မ မှ ၃ လက်မခန့်အထိ မိုးရွာနိုင်)ပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဒေသအချို့တို့တွင်လည်း နေရာကွက်၍မိုးများနိုင်မည့်အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်