ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း အခြေအနေ UPDATE

22/10/2024 11:04 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အောက်တိုဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ရရှိသည့်ဒေတာများအရ

🔸 တင်ပြပြီးသည့်လေဖိအားနည်းရပ်ဝန်းအခြေအနေများ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းတွင် မုန်တိုင်းငယ်(DEEP DEPRESSION-DD)အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၃  ရက် နံနက်အစောပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(CYCLONIC STORM-CS)"DANA" အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM - SCS)အဖြစ်သို့လည်းကောင်းရောက်ရှိလာနိုင်ကြောင်း တွေ့ရပါသည်။

အိန္ဒိယမိုးလေဝသဋ္ဌာနနှင့် WINDY - ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်များအရ မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်မဟုတ်ကြောင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီသို့သာ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၄ ရက် ညပိုင်းမှ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအချိန်အတွင်း ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။

🔸 ဆက်လက်ရရှိသည့် UPDATED အချက်အလက်များ

အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်း ရရှိတဲ့ အချက်အလက်များအရ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း 98B သည် -

🔸 ပုသိမ်မြို့အနောက်-အနောက်တောင်ဘက် ၁၈၅ မိုင်ခန့်၊ စစ်တွေမြို့တောင်ဘက် ၃၄၈ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်ကို တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားနေကြောင်း တွေ့ရပါသည်။

🔸 အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှနှင့် မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်း၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း စသည်ဖြင့် ပိုမိုအားကောင်းလာနိုင်မည့် အခြေအနေဆက်လက်ဖြစ်ပေါ်နိုင်မည့်အတွက်ကြောင့် ယနေ့ -အောက်တိုဘာ ၂၂ ရက် မှ အောက်တိုဘာ ၂၅ ရက် အိန္ဒိယကမ်းခြေကို မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ပြီးချိန်အထိ 

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးများနိုင်(၂၄ နာရီအတွင်း ၂ လက်မ မှ ၃ လက်မခန့်အထိ မိုးရွာနိုင်)ပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဒေသအချို့တို့တွင်လည်း နေရာကွက်၍မိုးများနိုင်မည့်အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်