ယနေ့ အောက်တိုဘာ ၂ ရက်နေ့တွင် မိုးများ၊ မိုးနည်းနိုင်သော ဒေသများ

02/10/2024 09:30 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းကစပြီး - ထိုင်ဝမ်ကျွန်းကိုဝင်မဲ့ တိုင်ဖွန်း KRATHON က ထိုင်ဝမ်ကျွန်းကို ဝင်တိုက်ပြီးရင် အဲ့ဒီနားမှာပဲ အားပျော့ သွားနိုင်တော့မှာဖြစ်ကြောင်း တွေ့ရပါတယ်။

ဒါကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်၊ တောင်တရုတ်ပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာတာမရှိတော့ရင် မိုးနှောင်ကာလအဆုံး(အောက်တိုဘာ ၇ ရက်နေ့ခန့်)မှ စပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာသာ နေရာကျဲကျဲ မိုးများနိုင်တဲ့ အခြေအနေသာလျှင်ရှိပါတော့မယ်။

ကျန်ပြည်နယ်တိုင်းတွေမှာ တဖြည်းဖြည်းမိုးနည်းသွားပြီး သီတင်းကျွတ်ပွဲတော်ကာလအတွင်း ခြောက်ခြောက်သွေ့သွေ့နဲ့ ဆင်နွဲနိုင်ကာ မိုးလွန်ကာလအတွင်းမှာလဲ အခါလွန်မိုး/ဖျက်မိုးရွာနိုင်မဲ့ ရန်က လွတ်သွားနိုင်ပါမယ်။

ယနေ့အောက်တိုဘာ ၂ ရက်နေ့မှာ မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ မတ္တရာ၊ မန္တလေး၊ မြင်းခြံနဲ့ မြစ်ငယ် မြို့တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၈၀ မီလီမီတာခန့်(၃ လက်မနှင့် အထက်) မိုးရွာနိုင် မိုးများနိုင်ပါဦးမယ်။ မန္တလေးတိုင်းအတွင်းက ကျန်မြို့တွေမှာတော့ ၅၀ မီလီမီတာအောက် - ၂ လက်မ ခန့်သာ ရွာနိုင်ပြီး စစ်ကိုင်းတိုင်းထဲက ခမ်းပတ်(တမူး)၊ စစ်ကိုင်း၊ ပခန်းကြီး၊ ဘုတလင်၊ မြင်းမူ၊ မြောင် နဲ့ မုံရွာမြို့တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၆၀ မီလီမီတာအထက် ၈၀ မီလီမီတာခန့်(၂.၃၆ လက်မ မှ ၃ လက်မ အထက်) မိုးရွာနိုင် မိုးများနိုင်ပါဦးမယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျန်မြို့တွေမှာတော့ ၃၀ မီလီမီတာနှင့် ၄၀ မီလီမီတာအောက် - အများဆုံး ၁ လက်မခွဲခန့်သာ ရွာနိုင်မယ်လို့ ECMWF model forecast မှာ တွေ့ရပါတယ်။ 

ကျန်ပြည်နယ်တိုင်းတွေအတွက် 60mm to 80mm အထက်(အများဆုံး ၃ လက်မ ဝန်းကျင်)အထိ မိုးရွာနိုင်မဲ့မြို့တွေရှိပါတယ်။ 

 

အဲ့ဒါတွေကိုတော့ MMWeather Knowledge Site ပေါ်မှာ တင်ပေးထားတဲ့ ပြည်နယ်တိုင်းအလိုက် မြို့များရဲ့ နောက် ၄ ရက် ကြိုတင်ခန့်မှန်းတွေမှာ VPN သုံးစရာ မလိုပဲကြည့်ပေးကြပါ။ 

ပြည်နယ်တိုင်းများတွင် နောက်လာမည့် ၄ ရက်အတွင်း ဖြစ်နိုင်ချေရှိသော မိုးလေဝသအခြေအနေများကြည့်ရန် -

(Weather Widget ကြည့်သည့်အခါ နားလည်နိုင်ရန် နမူနာပုံကိုပူးတွဲတင်ပေးထားပါတယ်)

တနင်္သာရီတိုင်း - 

https://www.mmweather.org/divisional.../tanintharyi-div

ကရင်ပြည်နယ် - 

https://www.mmweather.org/divisional-cities.../kayin-div

မွန်ပြည်နယ် - 

https://www.mmweather.org/divisional-cities.../mon-state

ဧရာဝတီတိုင်း - 

https://www.mmweather.org/divisional-cities.../ayarwaddy-div

ပဲခူးတိုင်း - 

https://www.mmweather.org/divisional-cities-weather/bago-div

ရန်ကုန်တိုင်း - 

https://www.mmweather.org/divisional-cities.../yangon-div

ချင်းပြည်နယ် - 

https://www.mmweather.org/divisional-cities.../chin-state

ရခိုင်ပြည်နယ် - 

https://www.mmweather.org/divisional-cities.../rakhine-state

နေပြည်တော် - 

https://www.mmweather.org/divisional-cities.../naypyitaw-div

မကွေးတိုင်း - 

https://www.mmweather.org/divisional-cities.../magway-div

မန္တလေးတိုင်း - 

https://www.mmweather.org/divisional-cities.../mandalay-div

စစ်ကိုင်းတိုင်း - 

https://www.mmweather.org/divisional-cities.../sagaing-div

ကယားပြည်နယ် - 

https://www.mmweather.org/divisional-cities.../kayah-state

ရှမ်းပြည်နယ် - 

https://www.mmweather.org/divisional-cities.../shan-state

ကချင်ပြည်နယ် - 

https://www.mmweather.org/divisional-cities.../kachin-state

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်