တရုတ်နဲ့ ဗီယက်နမ်ကို ဝင်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်း YAGI ရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ
စက်တင်ဘာလ ၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ရရှိသောဒေတာများအရ
🔸 တောင်တရုတ်ပင်လယ်အတွင်းမှာ စတုတ္ထမြောက် တိုင်ဖွန်းမုန်တိုင်း(YAGI - 12W) က အားအကောင်းဆုံးတိုင်ဖွန်းမုန်တိုင်း (CAT-3 - တနာရီ ၁၁၅ မိုင်နှုန်းအထိရှိလာနိုင်ပြီး၊ တရုတ်ပြည်-ဟိုင်နန်ကျွန်းမြောက်ဘက်အစွန်ကို ပထမဖြတ်ကျော်တိုက်ခတ်ပြီးတဲ့နောက် ဗီယက်နမ်မြောက်ပိုင်းကမ်းခြေကို ဒုတိယအကြိမ်မြောက်ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။
🔸 ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ လေတိုက်နှုန်း တနာရီ မိုင် ၉၀ အထက်အထိ တိုက်ခတ်နိုင်ပြီး မိုးအလွန်သည်းထန်နိုင်ကြောင်းကိုလည်း ကြိုတင်ခန့်မှန်းချက်ပုံမှာ တွေ့ရပါမယ်။
🔸 အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း YAGI က ဗီယက်နမ်နိုင်ငံကမ်းခြေကိုဖြတ်ကျော်တိုက်ခတ်ပြီးတဲ့နောက် လာအိုနိုင်ငံမြောက်ပိုင်း၊ ဗီယက်နမ်-လာအို-တရုတ်ပြည်မ နယ်စပ်အနီးရောက်သည်အထိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ ဆက်လက်ရွေ့လျားကာ စက်တင်ဘာလ ၉ ရက်နေ့မှာ ရွှေတြိဂံနယ်မြေ မြန်မာ-လာအို-ထိုင်းနယ်စပ်အနီးမှာ အားပျော့ပျက်ပျယ်သွားနိုင်မှာဖြစ်ကြောင်း ECMWF model ခန့်မှန်းချက်မှာ တွေ့ရပါတယ်။

မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ စက်တင်ဘာလ ၅ ရက်ညနေပိုင်းက စ ပြီးဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုတွေကြောင့် -
🔸 မြန်မာနိုင်ငံအရှေ့ဖျားမှ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေအထိရောက်နိုင်ပြီး စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးမှာ နေရာအနှံ့အပြားမိုးရွာနိုင်ကြောင်းတွေ့ရပါတယ်။
🔸 ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံနယ်မြေက တာချီလိတ်ဒေသမှာတော့ စက်တင်ဘာလ ၉ ရက်မှ ၁၂ ရက်အထိ မိုးအလွန်များနိုင်ပြီး မယ်ဆိုင်ချောင်းရေကြီးတာ တကျော့ပြန်ထပ်ဖြစ်နိုင်ဦးမဲ့ အခြေအနေမျိုး တွေ့ရပါတယ်။
🔸 ကျန်ပြည်နယ်တိုင်းများက မြို့များအတွက် မိုးလေဝသအခြေအနေတွေကိုတော့ MMWeather Knowledge Website မှာ တင်ပေးထားတဲ့ မိုးလေဝသကြိုတင်ခန့်မှန်းချက် Widget Page မှာ ကြည့်နိုင်ပါတယ်။
https://www.mmweather.org/divisional-cities-weather
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မတ်ပဲပင်အရင်ဆုံးထွက်တဲ့အရွက်နှစ်ရွက်ကတစ်ချို့ကျဝါပြီးကြွေသွားတယ်တစ်ချို့ကျအကောင်းတိုင်းရှိနေတယ်ဘာကြောင့်လဲဗျ
Sawsamson • ဖြေကြားချက် 0 ခု
စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ
Sawsamson • ဖြေကြားချက် 0 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 0 ခု
ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေးေကာင်တွေတွေ့လို့
Zaw Than Oo • ဖြေကြားချက် 0 ခု
ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026