ယနေ့ နံနက်ကစပြီး အားကောင်းလာတဲ့ အရှေ့မြောက်မုတ်သုန်လေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေများ
နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် ရရှိသည့် မိုးလေဝသဒေတာများအရ
**ကပ္ပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်လာနိုင်သည့်အခြေအနေ**
ECMWF Model မှ ရရှိသည့် အချက်အလက်များမှာ ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းဟာ ထိုင်းပင်လယ်ကွေ့မှာ နိုဝင်ဘာ ၁၂ ရက် နံနက် ၂ နာရီခန့်က စတင်ဖြစ်ပေါ်ပြီး အနောက်ဘက်ကိုဆက်လက်ရွေ့လျားကာ ဖူးခက်မြို့ပေါ်မှဖြတ်၍ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကို နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းမှာ စတင်ဝင်ရောက်လာမှာဖြစ်ကြောင်း၊ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးတဲ့နောက် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှာရောက်ရှိလာပြီးတဲ့နောက် အားပိုကောင်းလာပြီး အနောက်-အနောက်မြောက်ကိုဆက်လက်ရွေ့လျားနိုင်ကြောင်း ကနဦးလမ်းကြောင်းခန့်မှန်းချက်များမှာတွေ့ရပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်းရောက်ရှိပြီးတဲ့နောက် လေဖိအားနည်းရပ်ဝန်းအနေနဲ့ဆက်ရှိမလား၊ အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်အထိရောက်လာနိုင်မလားဆိုတာကိုတော့ဆက်ပြီး စောင့်ကြည့်ရပါမယ်။

**ဖြစ်ပေါ်ခဲ့သည့်မိုးလေဝသအခြေအနေနှင့် ဖြစ်လာနိုင်သည့် မိုးလေဝသအခြေအနေများ**
ထိုင်းပင်လယ်ကွေ့မှာလေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်တဲ့ နိုဝင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းကစပြီး အရှေ့-အရှေ့မြောက်လေစီးကြောင်း(အရှေ့မြောက်မုတ်သုံလေ)အားကောင်းလာကာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်းမှာ မိုးသက်လေပြင်းကျပြီး မိုးထစ်ချုန်းရွာခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။
**အရှေ့မြောက်မုတ်သုံ(ဆောင်းမုတ်သုံ)အားကောင်းနေမည့်အခြေအနေ**
လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားပင်လယ်အော်ဘက်ကိုဆက်လက်ရွေ့လျားစဉ်ကာလအတွင်း(ခန့်မှန်း နိုဝင်ဘာ ၁၈ ရက်အထိ) အရှေ့မြောက်လေအားကောင်းနေမှာဖြစ်တာကြောင့် မြန်မာနိုင်ငံတောင်ပိုင်း၊ အရှေ့ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းများကျပြီး မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာတွေဟာ မွန်းလွဲ/ညနေပိုင်းအချိန်တွေမှာ ဖြစ်လာနိုင်ပါတယ်။
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျောက်မှာတော့ ၁၄ ရက် ၁၇ ရက် နဲ့ ၁၈ ရက်နေ့တွေမှာ အရှေ့ဘက်က လေပြင်းများတိုက်ပြီး မိုးသက်လေပြင်းကျနိုင်ပါတယ်။ မိုးသက်လေပြင်းကျချိန်မှာ လေတိုက်နှုန်း(GUST)က တနာရီ ၃၅ မိုင်ခန့်အထိရှိနိုင်ပါမယ်၊ လှိုင်းအမြင့်က ၅ ပေခန့်ရှိနိုင်ပါတယ်။
လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းကို ဆက်လက်ရွေ့လျားနိုင်မဲ့ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး နေရာအလိုက် မိုးများတာတွေဖြစ်နိုင်ပါတယ်။ လေဖိအားနည်းရပ်ဝန်းလမ်းကြောင်းနဲ့ အင်အားအခြေအနေကိုဆက်လက်စောင့်ကြည့်တင်ပြပေးနေပါမယ်။
Photo - ဦးဝင်းနိုင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ko Myo
လွန်ခဲ့သော ၂ နှစ် ကအထူး အထူးကျေးဇူးတင်ပါတယ် ဆရာ
အမည်မသိ
လွန်ခဲ့သော ၂ နှစ် ကthank you
Htet Wai Yan
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ ဓနုဖြူအရှေ့ဖက်ကမ်း အခုမိုးကောင်းနေပါတယ်
U Soe kyaw moe
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
မအိမွန်ဖြူ
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ် ဆရာ
ဆက်စပ်ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
ဆက်စပ်မေးခွန်းများ
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 0 ခု
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ
ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from ဦးဝင်းနိုင်
အားလုံး
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်
02/09/2026