တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်
တိုကျိုစံရော်ဘာဟာ တနင်္လာနေ့မှာ တစ်ပတ်အတွင်း အနိမ့်ဆုံးသို့ ကျသွားပါတယ်။ ရှန်ဟိုင်း အကျမှာ တစ်ခါတည်း ဆွဲချသွားတာပါ။ ပြီးတော့ အဝယ်များတဲ့ ဖေါက်သည်နိုင်ငံကြီးတွေ (ဆိုလိုတာက တရုတ်နဲ့ ဂျပန်) မှာ အရန်ရော်ဘာတွေ သိုလှောင်ရုံတွေမှာ ပြည့်နေတာကြောင့် လည်း အဝယ်မလိုက်ပဲ ဈေးကျသွားတာလည်းဖြစ်တယ်။ ကိုယ့်ဆီမှာ ဝယ်ထားတဲ့ ပစ္စည်းတွေ တအားများနေလျှင် နောက်ထပ်ဝယ်ဘို့ လက်တွန့်ပါတယ်။ ဒီတော့ ဝယ်လိုအားနည်းပါတယ်။ အကျိုးဆက်က ဈေးကျပါတယ်။
အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အဆုံးအဖြတ်ပြုတဲ့ တိုကျိုရဲ့ TOCOM ဈေးကွက်ဟာ ဂျပန်မှာ ၃ နှစ် ကျော်ကာလအတွင်း အရန်ရော်ဘာတွေစုပုံမှု stockpile အမြင့်ဆုံးကို ရောက်နေ တော့ ဒီဖိအားကို ဈေးကွက်က ခံနေရတယ်။ ဒါတောင် ကမ္ဘာ့ရော်ဘာ ကြီး ၃ ကြီး(ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား) က အိတ်စပို့ လျှော့ချထားလို့သာပါပဲ။
ရှန်ဟိုင်းရဲ့ဈေးကွက် SHFE ကစောင့်ကြည့်တဲ့ တရုတ်ရဲ့ အရန်ရော်ဘာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ကစတွက်လျှင် အမြင့်ဆုံးအနေအထား ရောက်နေတယ်။ ပြီးခဲ့တဲ့အပတ်မှာ ၀.၁% တိုးလာကာ ကုန်လှောင်ရုံတွေမှာ ၄၃၈၂၄၈ တန် ရှိနေတယ်။ ဒါကဈေးကျရခြင်း အချက်တစ်ခုပါ။ အဓိက ဈေးကွက်ကြီး ၂ ခုလုံးမှာ ရော်ဘာစတော့တွေ စုပုံနေတာကြောင့် ကုန်သည်တွေရဲ့ ရောင်းဝယ်လို စိတ်ကို နည်းစေတာပါပဲ။
နောက်တစ်ခုက ကမ္ဘာ့အကြီးမားဆုံး စားသုံးသူဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်မှာ မော်တော်ယာဉ် ရောင်းအားကျနေတာကြောင့်လည်း ရော်ဘာဈေးကျရတာပါ။ ကျနော်တို့ထုတ်လုပ်လိုက်တဲ့ သဘာဝရော်ဘာရဲ့ ထက်ဝက်ကျော် ( ၅၀% ကျော်) ဟာ တိုင်ယာဖြစ်သွားကြတယ်။ မော်တော် ကားရောင်းအားကျလျှင် တိုင်ယာလည်းရောင်းအားကျမယ်။ တိုင်ယာအတွက် လိုအပ်တဲ့ ရော်ဘာလည်း ရောင်းအားကျမယ်။ ဒါဆို ဈေးကျမှာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က လူဦးရေ အများဆုံးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယမှာ စီးပွားရေးကောင်းလာတော့ လူတိုင်းလိုလို ကား တွေ မော်တော်ဆိုင်ကယ်တွေ ဝယ်စီးလာကြတော့တယ်။ ကားရောင်းအား အလွန်အမင်း တက်ခဲ့ တယ်။ ဒီတော့ တိုင်ယာအတွက် ရော်ဘာလိုအပ်မှု မြင့်မားလာတယ်။ အဲဒီမှာ ရော်ဘာဈေး ထောင်တက်သွားခဲ့တာပါပဲ။ ရော်ဘာသမားတွေ မှတ်မိပါဦးမယ်။ အဲဒီဈေးကိုလည်း ခုထိ မျှော် တလင့်လင့်နဲ့ ရှိကြသူတွေအများကြီးပါ။
တိုကျိုရဲ့စံရော်ဘာဟာ အင်္ဂါနေ့မှာ တစ်လဆိုတဲ့ကာလအတွင်း အနိမ့်ဆုံးကိုကျသွားပါတယ်။ သောကြာနေ့ကတည်းက ကျလာတာ တတိယနေ့အဖြစ် ဆက်လက်ကျဆင်းခြင်းပါ။ ရှန်ဟိုင်း ဈေး အားနည်းပြီး ဂျပန်စတော့တွေ ထုတ်ရောင်းကြလို့ ကျရတာပါတဲ့။ နောက်ပြီး ရော်ဘာ ကြီး ၃ ကြီးရဲ့ တန်ချိန် ၃၅၀၀၀၀ ကို ၃ လကြာ အိတ်စပို့လျှော့ချနေတဲ့ အစီအစဉ်ကလည်း ဒီလ အကုန်မှာ ပြီးဆုံးတော့မှာဆိုတော့ ဒါရဲ့ ဖိအားကလည်းရှိနေတယ်။ ဆက်လက်လျှော့ချတင်ပို့ဘို့ အစီအစဉ်မရှိတော့လျှင် ဈေးကွက်အတွင်း ရော်ဘာတွေလျှံလာတော့မယ်။ ဒါလည်း ဈေးကျမည့် လက္ခဏာပါပဲ။
အနိမ့်ဆုံးကိုကျရာမှာ ယန်း ၁၈၀ အဆင့်ကိုရောက်သွားတာ တွေ့ရတယ်။ တချို့က ယူအက်စ်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးတင်းမာမှုဂယက်ကြောင့်လို့ သုံးသပ်တယ်။
ဗုဒ္ဓဟူးနေ့ကတော့ ဂျပန်အမျိုးသားအလုပ်ပိတ်ရက်ဆိုတော့ TOCOM ဈေးကွက်လည်း ပိတ်ပါ တယ်။ Vernal Equinox Day လို့ခေါ်တဲ့ နွေဦးရာသီစတင်တဲ့နေ့ပါ။
ကြာသပတေးနေ့မှာတော့ တိုကျိုရဲ့ TOCOM ဈေးကွက်မှာ ရော်ဘာဈေးဟာ ၁ လအတွင်း အနိမ့်ဆုံးကို ရောက်သွားတော့တယ်။ ယန်းငွေဈေးအတက်နဲ့ ရှန်ဟိုင်းရော်ဘာဈေးအကျမှာ တခါတည်း ဆွဲချသွားတာပါ။ နောက်တစ်ချက်က TOCOM ရဲ့အရန်ရော်ဘာတွေဟာ ၃ နှစ် ကျော်ကာလအတွင်း အများဆုံးအနေအထားမှာ စုပုံနေတယ်။ စောစောကပြောခဲ့သလို ဒီအချက် ကြောင့် ဝယ်လိုအားနည်းကာ ဈေးကျပါတယ်။ ဒါတောင် ကြီး ၃ ကြီးက ရော်ဘာတင်ပို့မှု လျှော့ချနေတဲ့ ကာလပေမို့ပဲ။ အခု စုပုံနေတဲ့ ရော်ဘာတွေထဲမှာ အရည်အသွေးထိပ်တန်း ရော် ဘာတွေက အများစုဖြစ်နေတော့ ရော်ဘာဈေးကို ဒီအချက်က ပိုပြီးဝန်ပိစေတယ်လို့ ဂျပန်စက်မှု သတင်းရင်းမြစ်က သိရတယ်။
ဒီနေ့သောကြာနေ့မှာတော့ ရော်ဘာဈေးဟာ အတော်နိမ့်နိမ့်ကိုဆင်းပြီး ဈေးပိတ်သွားတယ်။ TOCOM မှာက ၁၂.၈ ယန်းကျပြီး ၁၇၄.၅ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်တယ်ဆိုတော့ ယန်း ၁၇၀ အဆင့်ကိုရောက်သွားပြီလေ။ SHFE မှာက ယွမ် ၈၅၅ ကျကာ ၁၁၃၀၅ ယွမ်/တန်ဈေးနဲ့ ပိတ်တော့ယွန် ၁၁၀၀၀ အဆင့်မှာပေါ့။ ဒီလိုဖြစ်ရတာကို အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ် ရေးတင်းမာမှုကို စိုးရိမ်နေကြတာကြောင့်လို့ သုံးသပ်ကြတယ်။ သူတို့နှစ်နိုင်ငံကြား ကုန်သွယ် ရေးစစ်ပွဲ ဖြစ်လာနိုင်တယ်။ ဖြစ်လျှင် ကမ္ဘာ့စီးပွားရေးကို ထိခိုက်ပြီလေ။
Nyi Thway
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်ကြိမ် ဝင်ထားပါတယ်ဆရာ လက်ထဲမှာ အစီတာ + လန်ဘဒါ / အဘာမက်တင် / အိမာမက်တင်ဘန်ဇို + လန်ဘဒန် / ဆိုင်ပါသရင် အဲ့ဆေးတွေရှိပါသေးတယ်ဆရာ
U Yan • ဖြေကြားချက် 0 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 2 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 0 ခု
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
SiThu • ဖြေကြားချက် 2 ခု
ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ
pius • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Nyi Thway
အားလုံး