တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

30/07/2018 10:36 AM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီအပတ်တော့ မြန်မာ့ရော်ဘာသတင်းတပုဒ်ကို ကိုပြောပြချင်တယ်။ သတင်းခေါင်းစဉ်က  "ရော်ဘာအိတ်စပို့ တက်လာပေမယ့် အထွက်က အားရစရာမရှိသေး" တဲ့ ။ ဒီဘဏ္ဍာရေးနှစ်မှာ မြန်မာအနေနဲ့ ရော်ဘာတန်ချိန် ၁၅၀၀၀၀ တင်ပို့ဘို့ရှိနေတယ်တဲ့။ မနှစ်က တင်ပို့လိုက်တာက တန် ၁၄၀၀၀၀ ဆိုတော့ များလာတာအသေအချာပေါ့။ ဒါပေမယ့် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အင်္ဂလိပ်လိုတော့ Myanmar Rubber Planters and Producers Association အတိုကောက် MRPPA ရဲ့ အတွင်းရေးမှူး ဦးခိုင်မြင့် ပြောတာက မြန်မာ့ရော်ဘာထုတ်လုပ်မှုဟာ ဖြစ်သင့်တာထက်နည်းနေတယ်တဲ့။ 

ဦးခိုင်မြင့်ပြောတာက စိုက်ဧကနဲ့ပဲတွက်တွက်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပဲ နှိုင်းယှဉ်ယှဉ် မြန်မာ့ရော်ဘာအထွက်က နည်းနေတယ်တဲ့။ ရော်ဘာအထွက်ကို တစ်နှစ်ကို တစ်ဧကမှာ ဘယ်နှပေါင်ထွက်တယ်လို့ပြောရင် မြန်မာနိုင်ငံကပျမ်းမျှ ပေါင် ၇၀၀ ခန့်သာထွက်တယ်။ ၇၀၀ ပေါင်/ဧက/နှစ်ပေါ့။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ပေါင် ၁၆၀၀ နဲ့ အိန္ဒိယမှာ ပေါင် ၁၈၀၀ ထွက်တယ်။ သူတို့ရဲ့ ပျမ်းမျှအထွက် ပေါင် ၁၀၀၀ နဲ့ယှဉ်ကြည့်လိုက်ရင် အတော်နည်းနေတာတွေ့ရတယ်။ 

" ဆိုတော့ မြန်မာ့ ရော်ဘာအထွက်နှုန်းအဆင့်ဟာ အခြားရော်ဘာထွက် တိုင်းပြည်တွေရဲ့ တစ်ဝက်မျှသာရှိနေတယ်။ ဒါကဘာကိုပြလဲဆိုတော့ မြန်မာတွေက မျိုးအမှားကို သုံးနေကြလို့ပဲ" လို့ ဦးခိုင်မြင့်က ပြောပါတယ်။ မြန်မာတွေသုံးနေတဲ့မျိုးက အထွက်နည်းတဲ့ မျိုးဖြစ်နေလို့ပဲ။ တစ်ဧကကို တစ်နှစ် ပေါင် ၅၀၀ ကနေ ပေါင် ၁၀၀၀ အထိထွက်တဲ့မျိုးကိုသာ သုံးနေကြတော့ ပျမ်းမျှအထွက်က ပေါင် ၇၀၀ လို့ဆိုတာပါပဲ။ ခုလောလောဆယ် ရော်ဘာစိုက်ဧက ၇၅၀၀၀၀ ရှိတယ်ဆိုတော့ မြန်မာ့ရော်ဘာအထွက်ကို မှန်းကြည့်လို့ရပါတယ်။ 

ရော်ဘာက နှစ်ရှည်ပင်။ ခြစ်ရဘို့ ၇ နှစ်စောင့်ရတယ်။ မျိုးညံ့ကိုသုံးမိရင် ရင်းရတဲ့ အချိန်၊ ငွေအား၊ လူအားစတာတွေတွက်လိုက်ရင် အတော်နစ်နာတယ်။ ညံ့မညံ့ဆိုတာ ထွက်လာမှသိရင်လည်း။ ရုတ်တရက် အစားထိုးပြန်စိုက်ဘို့ဆိုတာကလည်း မလွယ်တော့ဘူး။ စိုက်မယ်ကြံရင် မျိုးသေချာရွေးကြပါလို့။ 

ကမ္ဘာ့ရော်ဘာဈေးကိုကြည့်ရင် တိုကျိုရဲ့ စံထားတဲ့ ကန်ထရိုက်ရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်တက်လာပါတယ်။ ၄ ရက်ဆက်တိုက်ကျခဲ့ကာ ပြီးခဲ့တဲ့နေ့က ၂၂ လအတွင်းအနိမ့်ဆုံးဈေးကိုရောက်ခဲ့ရာမှ ပြန်တက်လာတာပါ။ ရှန်ဟိုင်းရော်ဘာဈေးပြန်ရလာတာနဲ့ ကုန်သည်တွေက ဈေးအကျမှာ လိုက်ဝယ်ကြလို့ပါပဲ။ အဝယ်လိုက်တော့ ဈေးပါလိုက်လာပါတယ်။

ဈေးကွက်မှာ ရောင်းတာက မတရားများနေပြီးဆိုတော့ ပြန်ဝယ်ကြတာပေါ့လေ။၊ ရှန်ဟိုင်းဈေးပြန်ရလာတာလည်း ဈေးတက်ဘို့ အထောက်အပံ့ဖြစ်တယ်။

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အရိပ်ထိုးတဲ့ TOCOM ရော်ဘာဈေးဟာ အင်္ဂါနေ့မှာ ၂၀၁၆ ခု အောက်တိုဘာ ၅ ရက်ကစတွက်ရင် အနိမ့်ဆုံးဈေးကိုရောက်သွားတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးကတောက်ကဆတ်ဖြစ်မှု မြင့်တက်လာတော့ စိုးရိမ်ပြီး ဈေးကိုဆွဲချသွားတာပါ။ 

TOCOM ရဲ့ ဒီဇင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ ၂.၁ ယန်း သို့မဟုတ် ၁.၃% တက်ကာ ၁၆၈.၄ ယန်း($၁.၅၂)/ ကီလိုဂရမ်နဲ့ ဈေးပိတ်သွားတယ်။

လာအိုရေကြီးတဲ့သတင်းကလည်း မဲခေါင်ဒေသတွင်း ရော်ဘာအထွက်လျော့မှာ စိုးရိမ်စရာဖြစ်နေပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံအစွန်အဖျားမှာ ဆည်ကျိုးပြီးနောက် လူ ၁၉ ဦး သေဆုံးပြီး ၃၀၀၀ ကျော်ကို ကယ်ဆယ်ဘို့လိုအပ်နေတယ်လို့ လာအိုသတင်းဌာနတွေက ဗုဒ္ဓဟူးနေ့တုန်းက ပြောထားတယ်။

ကြာသပတေးနေ့မှာ တိုကျိုရဲ့စံထားရော်ဘာဟာ ဈေးကျသွားတယ်။ ကမ္ဘာ့အကြီးဆုံးဝယ်လက်ဖြစ်တဲ့ တရုတ်ရဲ့ ဝယ်လိုအား နည်းသွားမှာကို စိုးရိမ်လို့ပါ။ ဒါကလည်း ကုန်သွယ်ရေးအခြေအနေတင်းမာမှုက မြင့်တက်လာတာကိုး။ ဘေကျင်းက အမေရိကန်သံရုံးရှေ့မှာ ပေါက်ကွဲမှုတခုဖြစ်ခြင်းက နိုင်ငံရေးအခြေအနေတည်ငြိမ်မှုကို ခြိမ်းခြောက်လာပြီလေ။ 

" ရင်းနှီးမြှုပ်နှံသူတွေက တရုတ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေနှစ်ခုလုံးအပေါ် စိုးရိမ်ပူပန်မှုတွေဖြစ်လာတယ်။ ယူအက်စ်နဲ့ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲက ဆက်ဖြစ်နေတယ်မဟုတ်လား။" လို့ သူက ပြောပါတယ်။ 

မိုးသည်းထန်မှုကြောင့် ယူနန်ပြည်နယ်ရဲ့ ရော်ဘာအထွက်ကို ထိခိုက်မှုအချို့ ရှိတယ်လို့လည်းကြားတယ်။ ထိခိုက်လို့ရော်ဘာအထွက်နည်းရင် ထုံးစံအတိုင်း ဈေးပိုပေးဝယ်ရမှာဖြစ်ပေမယ့် ခုအချိန်က တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် စိုးရိမ်နေတော့ ဈေးကတော့ ဖိအားရှိနေဆဲပါ။ ဒီနေ့သောကြာ ဈေးပိတ်ချိန်မှာတော့ ရှန်ဟိုင်းက အကျနဲ့ ပိတ်ကာ (၁၀ ယွမ်) တိုကျိုက အနည်းငယ်အတက်နဲ့(ဝ.၉ ယန်း) ပိတ်ပါတယ်ခင်ဗျ။

ညီသွေး

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်