တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၂၀.၉.၂၀၂၁ ) မှ (၂၄.၉.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်လယ်ယာထွက်ကုန်သီးနှံများ
ဆန်၊စပါး
ဆန်တွေကတော့ ရန်ကုန်စျေးကွက်မှာ ဒီတစ်ပတ် စျေးအနည်းငယ်ငြိမ်နေပါတယ်။ နယ်စျေးကွက်တွေမှာလည်း အဟောင်းတွေကမရှိတော့တဲ့အတွက် စျေးပြန်ငြိမ်သွားပြီး အချို့ မြို့နယ်တွေမှာတေ့ာ အဝယ်လိုက်နေတဲ့အတွက် စျေးတွေတက်ပါတယ်။
ပုသိမ်စျေးကွက် မြောင်းမြစျေးကွက်တို့မှာ စပါးလက်ကျန်မရှိတော့အတွက် အခြားမြို့နယ်က စပါးနဲ့ ဆန်တွေက အဝယ်လိုက်ပြီး စျေးတက်လာပါတယ်။
ဒေးဒရဲစျေးကွက်မှာ ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၇၂၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၆၀၀၀၀ ကျပ် စျေးတက်လာပြီး ဆန်ကလည်း တစ်အိတ်ကို ၂၀၀၀ ကျပ်စျေးတက်လာကာ ၄၇၀၀၀ ကျပ်ပေါက်စျေးရှိနေပါတယ်။
ဒေးဒရဲဧည့်မထ (မိုး)စပါးကလည်း တင်း ၁၀၀ ကို ရ၂၆၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၅၅၀၀၀ ကျပ်စျေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ နဲ့ ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဒေးဒရဲဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၆၆၂၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ် စျေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၆၀၀၀ ရှိကာ ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။
ဖျာပုံစျေးကွက်မှာတော့ ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၈၁၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၅၃၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၇၀၀၀ ပေါက်စျေးရှိပြီး ၂၀၀၀ကျပ်စျေးတက်လာပါတယ်။
ဖျာပုံဧည့်မထ (မိုး)ကတော့ တင်း ၁၀၀ ကို ရ၂၆၀၀၀ ကျော်ပေါက်စျေးရှိပြီး တစ်အိတ်ကို ၅၅၀၀၀ ကျပ်စျေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၉၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၆၆၂၀၀၀ ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်စျေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ရှိပြီး ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။
ပေါင်းတည်စျေးကွက်မှာတော့ ရတနာတိုးစပါးက တင်း ၁၀၀ ကို ၆၀၀၀၀၀ ပေါက်စျေးရှိပြီး ရ၀၀၀၀ ကျပ်စျေးတက်လာပါတယ်။ လက်ရှိမှာတော့ ကြိုဝယ်တွေများတဲ့အတွက်ကြောင့်ဈေးတွေက တက်နေပြီး ငွေကြေးကျဆင်းမှုကြောင့် စျေးတွေက ထပ်ပြီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
မတ်ပဲ
မတ်ပဲကတော့ဒီတစ်ပတ်မှာ စျေးကထပ်ပြီး တက်လာပါတယ်။ တစ်တန်ကို ငွေကျပ် ၁၆ သိန်းထိ စျေးတက်လာပါတယ်။ ပြည်တွင်းစျေးကွက်မှာသာ စျေးတွေတက်နေခဲ့ပေမယ့် အိန္ဒိယမှာတော့ မတ်ပဲ အသစ်တွေ စျေးကွက်ထဲကို၀င်လာတဲ့အတွက် စျေးတွေက အနည်းငယ် ကျဆင်းသွားပါတယ်။
ဒီဇင်ဘာလကုန်အထိ တင်သွင်းခွင့်ကာလတိုးခဲ့တဲ့အတွက် မတ်ပဲကစျေးတွေ ဆက်ပြီးတက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၆ သောင်း ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၁ သိန်းကျော် စျေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၆၃၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျော် စျေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၅၀၀၀ ကနေ ၅၆၀၀၀ ပါက်ဈေးရှိပြီး ၆၀၀၀ ကျပ်၊ အောင်လံ ဈေးကွက်မှာတော့ အောင်လံမှာတော့ ၅၃၀၀၀ ရှိပြီး ၂၀၀၀ ကျပ် စျေးတက်လာပါတယ်။
ပေါင်းတည်မှာတော့ တစ်တင်းကို ၅၄၀၀၀ ပေါက်စျေးရှိပြီး ၄၀၀၀ ကျပ်စျေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်အတွင်း စျေးက ၁၄ သိန်းအောက် ပြန်ရောက်သွားပေမယ့် သောကြာနေ့မှာတော့ စျေးကပြန်တက်လာပါတယ်။ ပြည်တွင်းမှာတော့ လွန်ခဲ့တဲ့ ၂ နှစ် က ပဲတွေသာ အရောင်းအဝယ်ရှိနေပြီး ၂၀၂၁ ပဲတွေကတော့ လုံးဝ လက်ကျန်မရှိတော့ဘူး လို့သိရပါတယ်။
လက်ရှိမှာ ပဲစင်းငုံနီက အိန္ဒိယမှာ အသစ်တွေထွက်ရှိလာပြီဖြစ်လို့ မြန်မာ့ပဲစင်းငုံနီကို ထိန်း၀ယ်ယူမှုတွေရှိပြီး စျေးတွေ အေးသွားတာလို့လည်း သိရပါတယ်။ ထွက်ရှိလာတဲ့ပဲတွေသာ မိုးကြောင့် ပျက်စီးမှုရှိရင်တော့ မြန်မာ့ပဲစင်းငုံနီစျေးက ယခုထက် တက်နိုင်ဦးမယ်လို့လည်း သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း ၂ သောင်းနီးပါး ပေါက်စျေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ပါက အနည်းငယ်ထပ်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက စျေးမဖွင့်ပါဘူး။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄၀၀၀ ကြားပေါက်စျေးရှိပြီး တစ်ပတ်အတွင်းအပြောင်းအလဲက သိပ်မရှိပါဘူး။
အောင်လံမှာတော့ တစ်တင်းကို ၄၄၅၀၀ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပေါင်းတည်မှာ တစ်တင်းကို ၄၂၀၀၀ ကနေ ၄၃၀၀၀ ကြားပေါက်စျေးရှိပြီး ၂၀၀၀ လောက်စျေးတက်လာပေမယ့် အရောင်းအဝယ်ကတော့ မရှိဘူးလို့သိရပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာ စျေးငြိမ်နေတဲ့အနေအထားဖြစ်ပြီးတော့ ပဲခြမ်းတွေကတော့ စျေး အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပဲလက်ကျန်တွေလည်း မရှိတော့တဲ့အတွက်အပြင် ပဲခွဲစက်တွေကလည်း ၀ယ်ယူမှုလျော့နည်းသွားပါတယ်။
ရန်ကုန်စျေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂၀၈၀ ကနေ ၂၁၇၀ ပေါက်စျေးရှိပြီး စျေးငြိမ်နေပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂၂၅၀ ကနေ ၂၃၀၀ ပေါက်စျေးရှိပြီး ၃၅ ကျပ်စျေးကျဆင်းသွားပါတယ်။ ကုလားခြမ်းတော့ တစ်ပိဿာကို ၂၇၀၀ ကနေ ၂၉၀၀ ပေါက်စျေးရှိ ပြီး ၁၀၀ ကျပ် စျေးကျဆင်းသွားပါတယ်။
မန္တလေးစျေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၁၇၀၀၀ ကနေ ၁၁၈၀၀၀ ကျပ်၊ ကုလားပဲ(929) က တစ်အိတ်ကို ၁၂၁၀၀၀ ကနေ ၁၂၂၀၀၀ပေါက်စျေး၊၊ ကုလားပဲ(V2) က တစ်အိတ်ကို ၁၃၀၀၀၀ ပေါက်စျေးနဲ့ စျေးငြိမ်နေပါတယ်။ ကုလားပဲ (v7)က တော့ တစ်အိတ်ကို ၁၂၉၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀ ကျပ် စျေးတက်လာပါတယ်။
အောင်လံစျေးကွက်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၄၂၀၀၀ ပေါက်စျေးရှိပြီး ၅၀၀ ကျပ်စျေးတက်လာပါတယ်။ ကုလားပဲ(မြကြေးမုံ)ကတော့တစ်အိတ်ကို ၄၀၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်ပါတယ်။
ပေါင်းတည်စျေးကွက်မှာတော့ ကုလားပဲ(HL) က တစ်တင်းကို ၄၂၀၀၀၊ ကုလားပဲ(929) က တစ်တင်းကို ၄၃၀၀၀ ကျပ်ရှိပြီး စျေးငြိမ်ပါတယ်။ ကုလားပဲ(V2) က တစ်တင်းကို ၄၃၀၀၀ ကနေ ၄၄၀၀၀ ပေါက်စျေးရှိပြီး ၁၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
ပြည်စျေးကွက်မှာတော့ ကုလားပဲ(HL)က တစ်တင်းကို ၄၂၅၀၀ ကနေ ၄၃၅၀၀ ပေါက်စျေးရှိပြီး ၅၀၀ ကျပ် စျေးတက်လာပါတယ်။
ပဲပုပ်
ပဲပုပ်ကတော့ ပြီးခဲ့တဲ့လကအထိ ရန်ကုန်စျေးကွက်မှာ ဆက်တိုက်စျေးတက်ခဲ့ပေမယ့် လက်ရှိမှာ စျေးငြိမ်သွားပါတယ်။ နယ်စျေးကွက်တွေမှာတော့ အဝင်များလို့ စျေးတွေက ကျဆင်းသွားပါတယ်။
ရန်ကုန်စျေးကွက်မှာတော့ ပဲပုပ်(အထွက်တိုး) က တစ်ပိဿာကို ၂၀၀၀ ကနေ၂၂၅၀ ပေါက်စျေးရှိပါတယ်။
မန္တလေးစျေးကွက်မှာတော့ ပဲပုပ်(ရှမ်း)က သုံးတင်းဝင် တစ်အိတ်ကို ၈၀၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။ ပဲပုတ်(ဗမာ) ကလည်း တစ်အိတ်ကို ၁၄၀၀၀၀ ကနေ ၁၄၅၀၀၀ ပေါက်စျေးရှိပြီး ၃၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 1 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 1 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 0 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026