တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

12/10/2018 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

9-10-2018 အင်္ဂါနေ့မှာ TOCOM - Tokyo Commodity Exchange ကသဘာဝရော်ဘာ ဒုတိယတမျိုးကို စာရင်းသွင်း အရောင်းအဝယ်စလုပ်ပါတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှဘက်က ကုန်သည်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဘို့ပါပဲ။ အစင်းပါ မှိုင်းတင်ရော်ဘာပြား RSS Ribbed Smoked Sheet ကတော့ TOCOM ဈေးကွက်မှာ ရွှေ၊ ရေနံစိမ်း၊ နဲ့ ပလက်တီနမ်တို့ပြီးရင် စတုတ္ထမြောက် အရောင်းအဝယ်အဖြစ်ဆုံး ဖြစ်နေတာပါ။ ၂၀၁၇ မှာ အရောင်းအဝယ်လုပ်ခဲ့တဲ့ ကုန်စည်တွေထဲမှာ ၉% ကလက်လုပ်ရော်ဘာပြား RSS ပါ။ အခုဆိုရင် TOCOM ကစက်ရုံနဲ့ထုတ်တဲ့ Technically Specified Rubber -TSR ကို သူတို့စာရင်းထဲထည့် အရောင်းအဝယ်စလုပ်ပါပြီး။ စက်နဲ့ထုတ်တဲ့ ဒီရော်ဘာကုန်စည်က RSS ထက် ဈေးသက်သာပြီး၊ အရည်အသွေးကပိုမြင့်မားပါတယ်။ 

RSS အပြင် TSR ကိုပါထည့်လိုက်ခြင်းဖြင့်  ရော်ဘာ ၂ မျိုးလုံးကို အရောင်းအဝယ်လုပ်နေတဲ့ စင်္ကာပူအိတ်ချိန်း SICOM ကို အမှီလိုက်နိုင်မယ်လို့  TOCOM  ကမျှော်လင့်နေတယ်။ TOCOM က ကမ္ဘာ့သဘာဝရော်ဘာ အများဆုံးထုတ်လုပ်သူ ထိုင်းနိုင်ငံကို RSS ကုန်သွယ်မှုထဲဆွဲထည့်ဘို့ မျှော်လင့်သလို၊ ကမ္ဘာ့ရော်ဘာအသုံးဆုံး တရုတ်ကြီးကိုလည်း ဆွဲဆောင်ဖို့ မျှော်လင့်ထားကြတယ်။

TOCOM တို့ ShFE တို့ SICOM တို့လို သဘာဝရော်ဘာ ကြိုရောင်း/ဝယ်ဈေးကွက် future markets တွေကို အသုံးချနေတာက ကုန်စည်တွေရဲ့ ဈေးမတည်ငြိမ်မှုကို ကာဆီးနိုင်ဘို့ပါ။ Hedge လုပ်ဘို့ပါ။ သူတို့အရောင်းအဝယ်လုပ်ကြတာ ကုန်စည်တစ်ခုတည်းမှမဟုတ်ဘဲ။ ကုန်သည်တစ်ယောက်ဟာ သူရင်းနှီးထားတဲ့ ကုန်တစ်ခု ရှုံးဖို့ မြင်နေရင် အမြတ်ရနိုင်တဲ့ အခြားကုန်စည်တခုနဲ့ ပြန်ရံထားလို့ရတယ်။ အခုတလော RSS က အရောင်းအဝယ်နည်းလာတော့ ဒီလို Hedge လုပ်ဘို့ ကုန်စည်တစ်ခုလိုလာတယ်။ အဲဒီမှာ TOCOM က TSR ကို ထည့်လိုက်တာပါပဲ။ 

ဂျပန်ရဲ့ TSR တင်သွင်းမှုဟာ ၂၀၀၂ မှာ RSS ကိုကျော်လွန်သွားပါတယ်။ ၂၀၁၇ မှာတော့ TSR ဟာ ဂျပန်က သဘာဝရော်ဘာတင်သွင်းမှုရဲ့ ၈၀% ဖြစ်သွားပါပြီ။ အဲဒီလို TSR က အရောင်းအဝယ်ကောင်းနေတာပါ။

" တရုတ်ကုန်သည်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေက TOCOM ရဲ့ TSR future ဈေးကွက်ကို စိတ်ဝင်စားဟန်ပြနေပြီ" လို့ တိုကျိုက Sunward Trading မှ ဟီဒဲရှိ မက်စုနင ကပြောပါတယ်။

ဒါပေမယ့် ဂျပန်တိုင်ယာထုတ်လုပ်သူ အတော်များများဟာ သူတို့ရဲ့ သဘာဝရော်ဘာ အရင်းအမြစ်ကို စိုက်ပျိုးထုတ်လုပ်သူတွေဆီကနေ ကာလရှည် စာချုပ်ချုပ်ပြီးတော့ ရယူနေကြတာပါ။ 

" ဆူမီတိုမို ရော်ဘာလုပ်ငန်းကတော့ သူတို့ဟာ future ဈေးကွက်မှာ ဝယ်ရောင်းဖို့ အစီအစဉ်မရှိဘူး" တဲ့။ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ရဲ့ အပြောပါ။

တကယ်တမ်းသဘာဝရော်ဘာကိုအသုံးပြုပြီး တိုင်ယာလိုကုန်ထုတ်သူတွေက ရော်ဘာထွက်ရာအရင်းအမြစ်အထိလိုက်ပြီး သူတို့အလိုရှိတဲ့ အရည်အသွ​ေးကိုမှာပြီးဝယ်သုံးကြတာများတယ်။ 

TOCOM အနေနဲ့ TSR အပေါ် မျှော်လင့်ချက်ကြီးကြီးထားသော်လည်း TSR ရဲ့ future trading ဟာ ဘယ်လောက်ထိ ကျယ်ပြန့်လာနိုင်မလဲဆိုတာကတော့ မရှင်းမလင်းပါလို့ ဆတိုးရု ယိုးရှိဒကပြောပါတယ်။ သူကတော့ ရကုတန်း စတော့အရောင်းအဝယ်မှ စီးပွာ​း​ရေးသုတေသနအဖွဲ့ကပါ။

" ရော်ဘာအမျိုးအစား ၂ မျိုးနဲ့ဆိုရင်၊ ဈေးကွက်ထဲ ကစားသူတွေဟာ  ပြန့်ကျဲသွားပြီး ကုန်သွယ်မှုပမာဏ နည်းသွားသွားနိုင်တဲ့ ရလဒ်ရလာနိုင်တယ်" လို့ စုတိုမု ကိုစုဂဲ ကပြောပါတယ်။ 

ခုလောလောဆယ်တော့၊ TOCOM ရဲ့ ဥက္ကဋ္ဌ တကမိချိ ဟာမဒ က လက်ပြောင်းလက်လွှဲရောင်းတဲ့အရောင်းအဝယ်ပုံစံကို မြှင့်တင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို အားထားနေတယ်။  TSR ရဲ့ လည်ပတ်မှုပမာဏဟာ RSS ထက် ၄ ဆ နီးပါးမြင့်တက်လာပြီလို့ သူက ပြောတယ်။ 

" သဘာဝရော်ဘာက TOCOM မှာ ကာလအရှည်ကြာဆုံးအရောင်းအဝယ်လုပ်နေတဲ့ ကုန်စည်ပဲ" တဲ့ သူက။ "ပြီးတော့ ကျနော်တို့က ရော်ဘာစက်မှုလုပ်ငန်းရဲ့ အခြေခံအဆ​ောက်အဦကို ဆက်ပြီး ထောက်ပံ့သွားမယ်လေ"

ဒီလိုပဲလုပ်ကြရတာကိုး။ ရော်ဘာစက်မှုလုပ်ငန်းအားကောင်းမှ ရော်ဘာကုန်ကြမ်း အဝယ်လိုက်လာမှာကိုး။ 

SGX စင်္ကာပူအိတ်ချိန်းမှာ စာရင်းပေါက်တဲ့ TSR က အင်ဒိုနီးရှား TSR ကိုစံထားတယ်။ " ထိုင်းရော်ဘာထုတ်လုပ်သူတွေ၊ တင်ပို့သူတွေက ကျနော်တို့ရဲ့ TSR ဈေးနှုန်းကို စံထားပြီး သုံးကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်" ဟာမဒ ကပြောတာပါ။ " စင်္ကာပူနဲ့ ရှန်ဟိုင်း ဈေးကွက် ၂ ခုရဲ့ ဈေးအကွာအဟကို အသုံးချပြီး လက်ပြောင်းလက်လွှဲလုပ်ကြမယ်လို့လဲ ကျနော်တို့မျှော်လင့်နိုင်တယ်" 

ခုလည်း TOCOM ရဲ့ RSS ဈေးနှုန်းဟာ ကျနော်တို့ အရှေ့တောင်အာရှ ရော်ဘာဈေးကွက်အတွက် စံဖြစ်နေသလို၊ TSR ဈေးနှုန်းကိုလည်း အဲလိုမျိုး TOCOM ကဖြစ်စေချင်နေတာပါ။ 

" လက်ပြောင်းလက်လွှဲအရောင်းအဝယ် ကောင်းလာရင် တိုကွမ်ရဲ့ နိုင်ငံတကာပြုမှုကိုလည်း မြှင့်တင်ပေးရာကျပါမယ်။ ပြီးတော့ ဝယ်လိုအားကောင်းနေတာကို လိုက်မီစေဘို့ ကျနော်တို့ off-floor အရောင်းအဝယ်လုပ်ရာမှာ ဒေါ်လာနဲ့ ရော်ဘာဈေးကို သတ်မှတ်ဘို့ရှိတယ်။ ကျနော်တို့ဖောက်သည်တွေက ဒီဝန်ဆောင်မှုကို တဖြေးဖြေးလက်ခံလာမယ်လို့ ထင်တယ်" လို့ ဥက္ကဋ္ဌ ဟာမဒက ပြောပါတယ်။ (Off-floor ဆိုတာ အိတ်ချိန်းရဲ့ floor ကတဆင့်မဟုတ်ပဲ electronic သို့မဟုတ် Online ကနေ အရောင်းအဝယ်လုပ်တာကိုပြောတာပါ။ TOCOM မှာက ယန်းနဲ့ပဲသတ်မှတ်ရောင်းဝယ်နေကြတယ်။ ယန်းနဲ့ သတိမှတ်တာက သူတို့ဆီမှာအဓိက ဂျပန်ကုန်သည်တွေပဲ အဖွဲ့ဝင်တွေများတာကိုး။ Online နဲ့ အရောင်းအဝယ်လုပ်ရာမှာတော့ နိုင်ငံတကာကုန်သည်တွေပါလာမှာမို့ ဒေါ်လာနဲ့ဈေးနှုန်းသတ်မှတ်တာပိုကောင်းမယ်ပေါ့။)

အခုဈေးကွက်အခြအေနေဘက်ကို လှည့်ကြည့်ရအောင်။ တိုကျိုမှာ ကြိုရောင်း/ဝယ် စံရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့မှာ တပတ်အတွင်း အမြင့်ဆုံးကို ရောက်သွားပါတယ်။ ကုန်သည်တွေက ဈေးအနိမ့်မှာ လိုက်ဝယ်ကြလို့ပါပဲ။ (အဝယ်လိုက်လာတော့လည်း ပစ္စည်းကမနေဘူး ဈေးတက်ရတယ်။) ဒါပေမယ့် ဈေးကွက်ထဲမြင်နေရတာက သိပ်လှုပ်လှုပ်ရှားရှားမဖြစ်ဘူး။ အားလုံးရဲ့ အာရုံက အသစ်ဝင်ရောက်လာတဲ့ TSR ပေါ်ရောက်နေကြတာကိုးလို့ ကုန်သည်တွေက ပြောပါတယ်။ 

ဈေးကွက်နဲ့ ပတ်သက်သူတွေက၊ အထူးသဖြင့် ထိုင်းထုတ်လုပ်သူတွေပေါ့၊ အခု TSR အရောင်းအဝယ်အသစ်ကိုပိုပြီး စိတ်ဝင်စားနေကြတယ်" ယုတက ရှိုးဂျိက Jiong Gu ကပြောပါတယ်။ 

ဗုဒ္ဓဟူးနေ့ မွန်းလွဲချိန် စောစောပိုင်းမှာ၊ (ဒီအချိန်ကို ကြာသပတေးန​ေ့အရောင်းအဝယ်ရဲ့ တစိတ်တပိုင်းအဖြစ် စဉ်းစားလို့ရပါတယ်၊ ) TSR ရဲ့ အရောင်းအဝယ်ပမာဏဟာ RSS ရဲ့ ၂ ဆ ဖြစ်သွားတယ်။ 

TOCOM ရဲ့ မတ်လကန်ထရိုက်ရော်ဘာဈေးဟာ ၀.၇ ယန်းတက်ကာ ၁၇၂.၇ ယန်း($၁.၅၃)/kg နဲ့ ဈေးပိတ်သွားပါတယ်။ စောစောပိုင်းမှာ အောက်တိုဘာ ၂ ရက်နေ့ကစတွက်ရင် အမြင့်ဆုံးဆိုတဲ့ ၁၇၃.၃ ယန်းဈေးကို ရောက်ပြီးမှ အနည်းငယ်ပြန်ကျပြီး ပိတ်သွားတာပါ။

TOCOM ရဲ့ ကန်ထရိုက်ရော်ဘာဈေးအသစ် TSR ကန်ထရိုက်ဟာ ဧပြီလဈေးဟာ ၀.၈% ကျပြီး ၁၅၈.၈ ယန်း/kg ဈေးနဲ့ ပိတ်သွားတယ်။ TSR က ကန်ထရိုက်ပေါင်း ၂၀၇၃  Volume နဲ့ အရောင်းအဝယ်ဖြစ်ပြီး၊ ရိုးရာဖြစ်နေတဲ့ RSS က Volume ပေါင်း ၃၀၃၅ နဲ့ အရောင်းအဝယ်ဖြစ်ကြတယ်။ ရှန်ဟိုင်းဈေးအကျက TSR ဈေးကိုပါ ဆွဲချသွားတယ်။

ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး ဇန်နာဝါရီကန်ထရိုက်ဈေးဟာ ၃၅ ယွမ်ကျပြီး ၁၂၅၈၅ ယွမ်($၁၈၁၈)/တန်နဲ့ ဈေးပိတ်သွားတယ်။

ကြာသပတေးနေ့မှာတော့ တိုကျိုစံရော်ဘာဈေးဟာ ၂ ပတ်အတွင်း အနိမ့်ဆုံးကို ထိုးဆင်းသွားပြန်တယ်။ ကမ္ဘာ့စတော့ဈေးကွက်တွေအကျနဲ့ ရေနံဈေးအားအပျော့မှာ ဆွဲချခံလိုက်ရတဲ့ ရှန်ဟိုင်းဈေးအကျနောက် TOCOM ပါ လိုက်ပါကျသွားတာ။ ကမ္ဘာ့စတော့ဈေးကွက်တွေ ခွက်ခွက်လန်အောင်ရံှုးကြပြီးနောက် ရေနံက အရင်နေ့တွေကနေဆက်ကျလာလိုက်တာ၊ ကြာသပတေးနေ့မှာတော့ ရေနံက ၂ ပတ်အတွင်းအနိမ့်ဆုံးကိုကျသွားတယ်။ အမေရိကန်ရဲ့ အရန်ရေနံက မျှော်လင့်ထားတာထက် များတက်လာတယ်ဆိုတဲ့ စက်မှုလုပ်ငန်းအစီရင်ခံစာက ရေနံဈေးကို လာရိုက်ခတ်တာပါပဲ။ 

" ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်တွေ ကျတော့ ကုန်သည်တွေ စုပြုံထုတ်ရောင်းကြတော့တယ်" ဟီရိုယုကိ ကိကုကဝ ကပြောတာပါ။ သူကတော့ နစ်ဆန်းစတော့ရှယ်ယာအရောင်းအဝယ်ကုမ္ပဏီမှ အထွေထွေမန်နေဂျာပါ။ အရောင်းများတော့ ဈေးထိုးကျတယ်လေ။

TOCOM ရဲ့ မတ်လကန်ထရိုက်ရော်ဘာဈေးဟာ ၃.၅ ယန်း သို့မဟုတ် ၂.၀% ကျကာ ၁၆၉.၂ ယန်း($၁.၅)/kg ဈေးနဲ့ ဈေးပိတ်သွားတယ်။ အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ထင်ဟပ်တဲ့ TOCOM ရဲ့ ရော်ဘာဈေးဟာ စက်တင်ဘာ ၂၈ ရက်နေ့ကတည်းကစရင် အနိမ့်ဆုံးကို ထိုးဆင်းသွားတယ်။ 

TOCOM ရဲ့ အသစ်တင်သွင်းထားတဲ့ TSR ရဲ့ ဧပြီလကန်ထရိုက်ဈေးဟာလည်း ၃.၇ ယန်းကျကာ ၁၅၃.၀ ယန်းဈေးနဲ့ ပိတ်သွားတယ်။

ရှန်ဟိုင်းရဲ့ အနုတ်အသိမ်းအများဆုံး ဇန်နာဝါရီကန်ထရိုက်ဈေးဟာ ယွမ် ၄၅၀ ကျပြီး ၁၂၁၆၀ ယွမ်($၁၇၅၅)/တန်ဈေးနဲ့ပိတ်တယ်။ စောစောပိုင်းကဆို ၃ ပတ်အတွင်းအနိမ့်ဆုံးခန့်ကို ဆင်းသွားသေးတယ်။

" ကမ္ဘာ့ စတော့ဈေးကွက်တွေဆက်ကျနေမယ်ဆိုရင် ရော်ဘာဈေးကလည်းပဲ နောက်ထပ် ဖိအားတွေရလာပါ့မယ်" တဲ့ ကိကုကဝ ကပြောသွားကြောင်းပါ။

ညီသွေး

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်