ဆန်နီစပါးဆိုသည်မှာ အသန်မာဆုံးသော ပေါင်းပင်တစ်မျိုးဖြစ်သည်။
ဆန်နီစပါးဖြစ်ပေါ်လာပုံမှာ
စိုက်ပျိုးထားသော စပါးနှင့် စပါးရိုင်းတို့သဘာဝအလျှောက် မျိုးကူးစက်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။ သဘာဝအလျှောက် မျိုးကူးစပ်ပြီးပါက ရိုးရိုးစပါးသာရရှိသည်။ နောက်ရာသီတွင် ထိုစပါးစေ့ကိုစိုက်ပါက ဆန်နီများတွေ့ရှိနိုင်သည်။
စံချိန်စံညွှန်း၏ ဆန်နီပါဝင်မှု သတ်မှတ်ခွင့်ပြုချက် - မျိုးစေ့အဆင့် ၅၀၀ ဂရမ် ၌ ဆန်နီပါဝင်မှု (အများဆုံး)
မိဘမျိုးစေ့ - ၀
ဆင့်ပွားမျိုးစေ့ - ၁ စေ့
မျိုးသန့်မျိုးပွားမျိုးစေ့ - ၃ စေ့
စီးပွားဖြစ်မျိုးသန့်မျိုးစေ့ - ၅ စေ့
ဆန်နီစပါးစေ့၏လက္ခဏာများ
- ရင့်မည့်မှုစောခြင်း၊
- ပန်းပွင့်ပြီး ၂ ပါတ်အတွင်းစတင်ကြွေခြင်း၊ (ထိကြွေ၊ လေတိုက်ကြွေ)
- မျိုးစေ့ငုတ်ချိန်အမျိုးမျိုးရှိခြင်း၊(အများအားဖြင့် ၃ လခန့်ကြာမြင့်ခြင်း)
- ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း၊(ပင်ပိုင်းကြီးထွားမှုအဆင့်တွင် လျှင်မြန်စွာ ကြီးထွားခြင်း)
- သန်စွမ်းခြင်း (စွတ်စို/ခြောက်သွေ့မည့်သည့်အခြေအနေတွင်မဆို ကြီးထွားမှု အားကောင်းခြင်း)
ဆန်နီစပါးစေ့၏ ပုံသဏ္ဍာန်များ
- အမြီးပါခြင်း၊
- စပါးစေ့ပုံသဏ္ဍာန် အမျိုးမျိုးရှိခြင်း၊ (ပု၊ ရှည်၊ လုံးဝန်း)
- အစေ့ခွံမှာ ပုံမှန်စပါးထက် အရောင်ဖျော့ခြင်း၊ မီးခိုးဖြူရောင် အခွံကြမ်းခြင်း၊
- ဆန်သားအနီရောင်ဖြစ်ခြင်း
ဆန်နီစပါးပင်မှ ဖြစ်ပေါ်လာသော ပြဿနာ
- စပါးမျိုးစေ့၏ အရည်အသွေးနှင့်အထွက်နူန်းလျော့ကျစေခြင်း၊
- ဆန်အရည်အသွေးညံ့ဖျင်းခြင်း၊
- စိုက်ခင်းတွင် ဆန်နီပင်ပါဝင်သွားပါက မျိုးကူးစပ်လွယ်၍ နှိမ်နင်းရန် ခက်ခဲခြင်း
ကာကွယ်နှိမ်နင်းနည်းစနစ်များ
မျိုးသုံးစွဲခြင်း
ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဓာတ်ခွဲခန်းစစ်ဆေးခြင်းတို့၏ သတ်မှတ်စံချိန်စံညွှန်းပြည့်မီသော မျိုးစေ့အဆင့်များကိုသာ သုံးရန်။
မြေပြုပြင်ခြင်း
- ကြွေကျသော ဆန်နီစပါးစေ့များအတွက် ထယ်မထိုးဘဲ ငှက်များကောက်စားစေခြင်း၊
- ရိုးပြတ်မီးရှို့ခြင်း၊
- စိုက်ခင်းထဲကြွေသော အစေ့များကို အပင်ပေါက်ရန် အားပေးခြင်း (ရေသွင်းခြင်း)
- အပင်ပေါက်ကလေးများကို ထပ်မံထွန်မွှေ၍ ဖျက်ဆီးခြင်းဖြင့် ကောက်လေများပျက်ဆီးစေခြင်း၊
ဆန်နီပါဝင်သော အပင်ဖယ်ရှားနည်း
- စပါးရင့်မည့်ချိန် နံနက်စောစော စပါးခင်းတွင်ဝင်၍ အနှံများကို နေရောင်တွင် ကြည့်ပါ။ အနီရောင်ဖြစ်နေသော ဆန်နီစေ့ပါဝင်သည့် အနှံ/အပင်ကို နှုတ်ပါ။
- အနှံခက်လိုက် ပျိုးထောင်ပါက ရေစိမ်၍ အနီရောင်အစေ့ပါသော အနှံများကို ထင်ရှားစွာမြင်တွေ့ပါက ၎င်းအနှံများဖယ်ရှားပါ။
စိုက်ပျိုးခြင်း
- ရွေ့ပြောင်းစိုက်ပျိုးခြင်းသည် ကြဲပက်ခြင်းထက် ဆန်နီဖြစ်ပေါ်မှု လျော့နည်းစေခြင်း၊
- လမိုင်းရှိက တစ်ပင်ချင်း အမြစ်မှနှုတ်ရန်။
- မျိုးကွဲနှုတ်ချိန် လက်ပေါင်းနှုတ်ရန်၊ (စိုက်ချိန် ၂ ပါတ်၊ ၄ ပါတ်)
- သီးနှံအလှည့်ကျစိုက်ခြင်း (စပါးအပြီး ပဲစိုက်ခြင်းဖြင့် ကောက်လေဖြစ်မှု နည်းခြင်း)
- ရေသွင်းမြောင်း၊ ကန်သင်းသန့်ရှင်းခြင်း (ဝတ်မှုံကူးမှု ကာကွယ်ခြင်း)
- ရွေးချယ်ပေါင်းသတ်ဆေး သုံးခြင်းဖြင့် မြက်မျိုးရင်းဝင်အပင်များ ကာကွယ်နှိမ်နင်းနိုင်ခြင်း၊
- တလင်းနှင့် လယ်ယာသုံးစက်ကရိယာများ သန့်ရှင်းခြင်း၊ (ရိတ်ချွေသန့်စင်စက်)
- ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ခြင်း၊ (စပါးရိုင်းတစ်ပင်မှ ဝတ်မှုံများစွာထွက်နိုင်ပြီး စပါးပင်များစွာသို့ ဝတ်မှုံကူးနိုင်သောကြောင့် စိုက်ခင်းအားလုံး တစ်ပင်တွေ့ တစ်ပင်နှုတ်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်။
စိုက်ပျိုးရေးဦးစီးဌာန
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်