တစ်ပိုင်တစ်နိုင်အနေနဲ့ စိုက်သင့်သော မိုးရာသီသီးပင်စားပင်များ
သီးပင်စားပင်လေးတွေ စိုက်ပျိုးတော့မယ်ဆိုရင် မိုးရာသီက သိပ်ကိုစိုက်ပျိုးလို့ကောင်းတဲ့ ရာသီဥတုဆိုတော့ အိမ်နောက်ဖေးမြေနေရာအလွတ်လေးမှာဖြစ်ဖြစ် ခြံမြေနေရာအလွတ်လေးမှာ ဘာသီးနှံစိုက်ပျိုးရင်ကောင်းမလဲလို့ စဉ်းစားနေတဲ့ဦးကြီးတို့အတွက် စဉ်းစားရှာဖွေမိသလောက်လေး ဖော်ပြပေးလိုက်ရပါတယ်။
(၁) ဟင်းနုနွယ်
ပထမဦးဆုံးတစ်ခုအနေနဲ့ ဗီတာမင် အေ၊ စီ၊ ကေတို့အပြင် မဂ္ဂနီစီယမ်နဲ့ အိုင်းရွန်းဓာတ်များ စွာပါဝင်တဲ့ ဟင်းနုနွယ်ရွက်ကိုညွှန်းပါရစေ။ ဟင်းနုနွယ်ရွက်က အစေ့ကနေရိတ်သိမ်းချိန်အထိ ၆ ပတ်ဘဲကြာမြင့်ပြီး အပူချိန်နိမ့်ကျနေတဲ့ မိုးရာသီအချိန်မှာ အောင်မြင်စွာဖြစ်ထွန်းနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဘဲဖြစ်ပါတယ်။
(၂) ရုံးပတီသီး
စိုစွတ်တဲ့ရာသီဥတုက ရုံးပတီကြိုက်တဲ့ရာသီဥတုဖြစ်တဲ့အတွက် မျိုးညှောင့်ပေါက်ရန်လည်း ၅ ရက်မှ ၆ ရက်သာကြာပါတယ်။ ၅၅ ရက်ကနေ ၆၅ ရက်သို့ရောက်တဲ့အခါ ခူးလို့ရတဲ့ အသင့်အနေအထားတစ်ခုဖြစ်နေပါပြီ။
(၃) သခွားသီး
မြေဩဇာကောင်းမွန်ပြီး နေရောင်ခြည်နဲ့ အစိုဓာတ်သာ လုံလုံလောက်လောက်ရမယ်ဆိုရင် အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အပင်ပဲဖြစ်ပါတယ်။ စိုက်ပျိုးချိန်ကနေ အသီးတင်တဲ့အချိန်ကလည်း ၅၅ ရက်ကနေ ရက် ၇၀ ပဲကြာမြင့်အတွက် စိုက်ပျိုးဖို့သင့်တော်တဲ့အသီးပါ။
(၄) ခရမ်းမျိုးနွယ်ဝင်များ
ခရမ်းမျိုးနွယ်ဝင်ထဲမှာတော့ ခရမ်းခေါင်းသီး၊ ခရမ်းချဉ်သီးနဲ့ ငရုတ် စတာတွေပါဝင်ပါတယ်။ ကြီးထွားဖို့ မြေနေရာအတော်အသင့်လိုတယ်ဆိုပေမဲ့ အိုးကြီးကြီးရှိရင် လသာဆောင်မှာထားပြီး အလွယ်တကူစိုက်ပျိုးနိုင်တဲ့သီးနှံပါ။ နေရောင်ခြည်ကောင်းကောင်းရပြီး ရေမှန်မှန်သာလောင်းရင် ၂ ပတ်ကနေ ၃ ပတ်အတွင်း အပင်ပေါက်ပါတယ်။
(၅) မုန်လာဥ
နေရောင်ခြည်နဲ့ အတော်အသင့်အေးသောရာသီဥတုရှိမယ်ဆိုရင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင် တဲ့ သီးနှံပါ။ ဩဂုတ်လအတွင်းမှာ စိုက်ပျိုးခြင်းကိုလုပ်ဆောင်နိုင်ပြီး မျိုးညှောင့်ပေါက်ချိန် ၃ ပတ်အထိကြာနိုင်တဲ့အတွက် စိတ်ရှည်ဖို့တော့လိုအပ်ပါတယ်။
(၆) ဘူး၊ ဖရုံ၊ သခွား
မြေနေရာအလုံအလောက်နဲ့ ရေလုံလုံလောက်လောက်ပေးနိုင်မယ်ဆိုရင်တော့ စိုက်ပျိုးသင့်တဲ့အပင်တွေပါ။ မြေချဉ်ငံဓာတ်ကိန်း ၆.၅ ကနေ ၇.၅ လိုအပ်ပြီး ထယ်ရေး ၆ ခါ ၇ ခါလောက်ပြင်သင့်ပါတယ်။
(၇) ပဲအမျိုးမျိုး
စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း၊ ရိတ်သိမ်းခြင်းတို့ကို အလွယ်တကူပဲပြုလုပ်နိုင်တဲ့အတွက်စိုက်ပျိုးသင့်တယ်လို့ဆိုရပေမယ်။ ပဲကို မိုးရာသီရဲ့ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာ စိုက်ပျိုးနိုင်ပါတယ်။
အထက်ပါသီးနှံများအားလုံးကို ပျိုးထုပ်ဖြင့်လည်းစိုက်ပျိုးနိုင်သလို အကောင်းဆုံးနဲ့အသက်အသာဆုံးနည်းလမ်းကတော့ မျိုးစေ့ကြဲစိုက်ပျိုးခြင်းပါ။
Reference:
https://www.thebetterindia.com/187260/lifestyle-grow-organic-vegetables-home-indoor-farming-monsoon-india/amp/
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဆုမြတ်နိုး
အားလုံး