ကုလားပဲ ပင်ညှိုးရောဂါ (Wilt)

10/01/2018 17:25 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

ရောဂါလက္ခဏာမှာ အပင်ငယ်စဉ်တွင် ရောဂါရ အပင်သည် အရွက်များအောက်သို့ ငိုက်ကျခြင်း၊ အစိမ်းရောင်ဖျော့ခြင်း၊ မြေကြီးပေါ်သို့ လဲကျနေခြင်းများ တွေ့ရှိနိုင်သည်။ လဲကျနေသော ပင်စည်သည် သိမ်ပြီး ရှုံ့နေသည်။ အမြစ်ပိုင်း၏ ပြင်ပ လက္ခဏာသည် ထူးခြား ပြောင်းလဲမှု မရှိပါ။ အမြစ်၏ အတွင်းသား ခွဲကြည့်လျှင် အညိုရောင် ပြောင်းလဲနေသည်ကို တွေ့ရပါသည်။

ဓာတ်ပုံ- ရောဂါရ ပင်စည်၏ အတွင်းပိုင်းတွင် အနက်ရောင် ဖြစ်နေပုံ

အပင်ကြီးအဆင့်တွင် အသီးသီးချိန်အထိ ပင်ညှိုးခြင်းကို တွေ့နိုင်သည်။ ပထမ အညွန့်အရွက်များ ငိုက်ကျလာပြီး (၂-၃) ရက်အတွင်း တစ်ပင်လုံး ညှိုးလာသည်ကို တွေ့နိုင်ပါသည်။ ဤအပင်များသည် တဖြည်းဖြည်း အစိမ်းရောင် ဖျော့လာပြီးနောက် ကောက်ရိုးရောင်သို့ ပြောင်းလာသည်။ ပင်စည်ကို ခွဲကြည့်လျှင် အူတိုင်သည် အနက်ရောင်သို့ ပြောင်းလဲနေသည်ကို တွေ့နိုင်ပါသည်။ တစ်ခါတစ်ရံ တစ်ပင်လုံး ညှိုးခြင်း မရှိပဲ ပင်ကိုင်းတစ်ခု သို့မဟုတ် အချို့သာ ညှိုးနေသည်ကို တွေ့နိုင်သည်။

ဓာတ်ပုံ- ရောဂါကျစတွင် အရွက် အချို့ ညှိုးပြီး ခြောက်နေပုံ

ရောဂါခံနိုင်ရည်နည်းသော မျိုးများတွင် စိုက်ပြီး (၂၅) ရက် အကြာ၌ ရောဂါစတွေ့နိုင်သည်။ အပင်ငယ်စဉ်တွင် ပင်ညှိုး ပင်သေတို့အား အခြားမြစ်ပုပ်၊ မြစ်ဆွေးရောဂါများနှင့် ရောနိုင်၍် သေချာစွာ စစေ်ဆးကြည့်ရန် လိုအပ်ပါသည်။ ရောဂါဖြစ်စေသက်ရှိမှာ Fusarium oxysporum f.sp.ciceri ဖြစ်သည်။

ရောဂါသံသရာ

ဤပင်ညှိုးရောဂါသည် အေးသော ရာသီဥတု (၂၀-၂၅) ဒီဂရီ စင်တီဂရိတ်ကို ကြိုက်နှစ်သက်ပါသည်။ ရောဂါဖြစ်စေသော မှိုသည် ရောဂါရ ပင်ကြွင်း ပင်ကျန်များ မျိုးစေ့များတွင် ခိုအောင်းနေနိုင်ပါသည်။

ယင်းရောဂါရ အပင်အစိတ်အပိုင်းများ မျိုးစေ့များသည် အခြားရောဂါကင်းသော မြေတွင် ကျရောက် သွားပါက ထိုမြေတွင် နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်ပါသည်။ ဤရောဂါ ဖြစ်စေသော မှိုသည် မြေစေးမြေများတွင် ကြာရှည်စွာ တည်ရှိနေနိုင်ပါသည်။ ဤနည်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ရောဂါ ကူးစက်မှု အဓိက ဖြစ်စေပါသည်။ ထို့အပြင် ပဲရာဇာ၊ ပဲစင်းငုံနှင့် အခြား ပဲမျိုး အချို့တို့သည် ရောဂါဖြစ်မှိုကို လက္ခဏာမဲ့ သယ်ဆောင်နိုင်စွမ်း ရှိကြသည်။

ကာကွယ် နှိမ်နင်းနည်းများ

  • အမျိုးအစားကောင်းသော ရောဂါကင်း မျိုးစေ့ကို သုံးပါ။ မျိုးစေ့ဆောင်ရောဂါများအတွက် ဘီနိုမိုင်း (Benomyl) ၂ ကျပ်သားကို မျိုးစေ့ (၁) တင်းနှုန်းဖြင့် လူးနယ် စိုက်နိုင်ပါသည။်
  • သီးလှည့် စနစ်ဖြင့် အနည်းဆုံး (၆) နှစ် ခြား၍ စိုက်ပါ။
  • Tebuconazole (တက်ဗျူကိုနာဇိုး)၊ Hexaconazloe (ဟက်ဇာကိုနာဇိုး)၊ Iprodione (အစ်ပရိုဒီအုန်း)၊ Carbendazim (ကာဗစ်ဒါဇင်)၊ Validamycin (ဗလစ်ဒါ မိုက်စင်) စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်သည်။
  • မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် (www.doa.gov.mm) နည်းပညာများ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

     


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်