နေရာ။ ။ စိန်ရတုခန်းမ၊ ရန်ကုန်တက္ကသိုလ်
အချိန်။ ။ စက်တင်ဘာလ (၁၈)ရက်နေ့၊ ၂၀၁၈၊
ခင်မင်ရပါသော ဝါးလုပ်ငန်းရှင်များ၊ ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရှိ ဝါးနှင့် စပ်လျဉ်း၍ လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များအားလုံးကို တတိယအကြိမ်မြောက် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့တွင် မိမိလုပ်ငန်းနှင့် ဆက်စပ်သော ဝါးထုတ်ကုန်များကို လာရောက်ပြသခြင်းအားဖြင့် ပူးပေါင်းပါဝင်နိုင်ရန် ကျွန်မတို့ မြန်မာနိုင်ငံ ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့ ကျင်းပခြင်း အမူဆောင်အဖွဲ့မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ယခုနှစ်တွင် ကမ္ဘာ့ဝါး အထိမ်းအမှတ်ပွဲကို စိန်ရတုခန်းမ၊ ရန်ကုန်တက္ကသိုလ်၌ မြန်မာနိုင်ငံကြိမ်ဝါးအသင်းနှင့် မိတ်ဖက်အသင်းအဖွဲ့များမှ ဦးစီးကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ယခုနှစ်တွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံအဝန်းမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၈၀၀)ခန့် နီးပါး တက်ရောက်မည်ဟု ခန့်မှန်းရပါသည်။ ဝါးပြခန်းပေါင်း (၂၅) ခန်း ပြင်ဆင်ထားပါသည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့များတွင် မြန်မာနိုင်ငံအဝန်းမှ တက်ရောက်သူစုစုပေါင်း ၅၀၀ ကျော်ရှိပြီး ပြည်တွင်း၊ ပြည်ပဝါးလုပ်ငန်းရှင်များမှ ဝါးနှင့် သက်ဆိုင်သော ထုတ်ကုန်များ၊ ဝန်ဆောင်မူများ၊ စက်ပစ္စည်းများ လာရောက်ပြသခဲ့ကြပါသည်။
၂၀၁၈ ခုနှစ် တတိယအကြိမ်မြောက် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့တွင် လူကြီးမင်းတို့၏ ဝါးနှင့်သက်ဆိုင်သော ထုတ်ကုန်များ၊ ဝန်ဆောင်မူများ၊ စက်ပစ္စည်းများအား လာရောက်ပြသရန် စိတ်ဝင်စားပါက အောက်ပါ လိပ်စာများကို ဆက်သွယ်၍ ပြခန်းများကို စတင်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ပွဲနှင့် ပတ်သက်ပြီး ထပ်မံ အသေးစိတ် သိရှိလိုပါကလည်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။
အီးမေးလ်။ ။ [email protected]
Htwe Htwe Aung +959420061288 (Myanmar)
Hay Marn Thaung +959764315479 (Myanmar/English)
ပြခန်းနှင့် ပက်သက်သော အသေးစိတ်အချက်အလက်များ စျေးနူန်းများကို ပူးတွဲဖိုင်တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့နှစ်စဉ် ကျင်းပနိုင်ရန်အတွက် အားလုံးကို မိမိတက်နိုင်သည့်ဘက်မှ ပါဝင်ပူးပေါင်းကြပါရန် ဖိတ်ခေါ်ရင်း အားလုံးကို ကျေးဇူးတင်ရှိပါသည်။
World Bamboo Day(WBD) - Myanmar Organising Team
Save the Date: Tuesday 18 September 2018, Yangon
Venue: Diamond Jubilee, Yangon University(map)
Event participation: Attendance at the event is free of charge; participants will bear the cost of their accommodation and transpotation. Please register your attendance by friday 31 August.
Catering: Refreshments, Lunch and snacks will be provided.
Exhibition Fee:
Category | Cost |
Commercial/ for-profit exhibitors | 200,000 MMK |
Not-for-profit exhibitors | 100,000 MMK |
Booth Facilities Include:
- 3 square meters of floor space
- Back and side walls
- One table (1m x 0.5 m) and two chairs
- Electrical outlets (4 ft light tube plus 2 pin plug)
To request a booth, register as a participant or to let us know about any special requirements please contact [email protected] or Htwe Htwe Aung +959420061288
Dates to remember:
Deadline for exhibition booth reservations: Friday 24 August 2018
Deadline to register as a participant: Friday 31 August
Booth preparation: Monday 17 September 2018 (1:00 pm to 6:00 pm)
Booth removal: Tuesday 18 September 2018 (4:00 pm to 6:00 pm)
World Bamboo Day-Myanmar Organising Team
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်