ကမ္ဘာ့စားနပ်ရိက္ခာနေ့

16/10/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
ဒီနေ့မှာတော့ ကျွန်တော်တို့ စားသောက်နေတဲ့ အစားအစာတွေတွေအတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို သတိတရ ကျေးဇူးတင်ကြရအောင်ပါ။ ❤️ အကြောင်းကတော့ ဒီနေ့က ကမ္ဘာ့စားနပ်ရိက္ခာနေ့ပဲဖြစ်ပါတယ်။
ရောဂါအခြေအနေဆိုးတွေကြားထဲမှာ
💗စိုက်ခင်းထဲကနေ ထမင်းစားပွဲပေါ်ရောက်လာဖို့ 
💗အာဟာရရှိတဲ့ အစားအစာတွေဖြစ်ဖို့ ၊ 
💗ကျွန်တော်တို့စီ အစားအစာတွေအလုံအလောက်ရရှိနိုင်ဖို့ လုပ်ဆောင်ပေးနေကြတဲ့ သူရဲကောင်းများစွာကို ဒီနေ့မှာ သတိတရ အားပေးကြရအောင်ပါ။
တောင်သူဦးကြီးများ၊ အစားအစာထုတ်လုပ်မှုလုပ်ငန်းထဲက မိတ်ဆွေများ၊သယ်ယူပို့ဆောင်မှုလုပ်ငန်းထဲက မိတ်ဆွေအားလုံးတို့အတွက် "ကမ္ဘာ့စားနပ်ရိက္ခာနေ့"မှာ ဒီပို့စ်လေးကို မျှဝေရင်း ဂုဏ်ပြုလိုက်ရပါတယ်။
 
အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲ

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်