မတ်ပဲ၊ ကုလားပဲ..နေရာတိုင်းစိုက်မရဘူး။ မြေကျင့်ဖို့လိုတယ်ဆိုတာ တကယ်လား..?

02/11/2023 13:00 PM တွင် U Thet Lwin U Thet Lwin မှ ရေးသား

မတ်ပဲက နေရာတိုင်းမှာ စိုက်လို့ မရဘူး။ စိုက်မယ်ဆိုလျှင် အဲဒီ့မြေကို (၂/၃)နှစ် ကျင့်ပြီးမှ စိုက်လို့ရတယ်လို့ အစဉ်အဆက် ပြောနေကြသော စကားရှိနေလေတော့ လူအများက "ဟုတ်မှာပါလေ သူတို့က အစဉ်အဆက် နှစ်ပေါင်းများစွာ စိုက်ပျိုးလာကြတဲ့ လူတွေကိုး"လို့ ဆိုပြီး လက်ခံနေကြပါတယ်။

ထိုအတွေးအခေါ်ကို လက်မခံတဲ့ အတွေးသစ်၊ အမြင်သစ်ရှိ၍ မဖြစ်နိုင်ဘူးလို့ ပြောလာလျှင်တော့ ထိုလူသည် ကမ္ဘာ့အပြင်ဘက်က ရောက်လာသူလိုလို စိုက်ပျိုးရေးအကြောင်း ဘာမှမသိလို့ ဒီအတွေးအခေါ် အပြောအဆို ပြောတယ်လို့ ရှုမြင် သုးသပ်ပြောဆိုနေကြတာကို မျက်မြင် လက်တွေ့ ကြုံခဲ့ရဖူးပါတယ်။

မတ်ပဲပဲလား။ မဟုတ်ပါဘူး။ ကုလားပဲလည်း ပါဝင်နေပါသေးတယ်။

မိမိတို့ လူငယ်ဘဝကလည်း ကုလားပဲအား ဒီအတိုင်း စိုက်လို့မရဘူး။ စိုက်ချင်လျှင် ကုလားပဲ စိုက်ထားသော အကွက်မှ မြေအား တူးစွယူငင်၊ ကြဲပက်ပြီးမှ စိုက်လို့ရတယ်တဲ့။

ဒီတော့ မတ်ပဲစိုက်လျှင် ကျင့်ပြီးစိုက်ရတာ၊ ကုလားပဲစိုက်လျှင် စိုက်ထားသောအခင်းမှ မြေကြီးအား ကြဲပက်ပြီးမှ စိုက်လို့ရတယ်လို့ ပြောတာတွေဟာ သူတို့အနေဖြင့် ရိုင်ဇိုဘီယမ်( Rhizobian) လို့ခေါ်တဲ့ ပဲမြစ်ဖုဘက်တီးရီးယားများ မြေကြီးအတွင်းမှာ မရှိသေးတော့ စိုက်မရဘူးလို့ ယူဆ ပြောဆိုကြတယ်လို့ မိမိအနေဖြင့် သုံးသပ်ပါတယ်။

မိမိအတွေ့အကြုံအရ ရိုင်ဇိုဘီယမ်( Rhizobian) နဲ့ ပတ်သက်ပြီး စောဒက တက်ရလျှင်

ရိုင်ဇိုဘီယမ်( Rhizobian) သည် ပဲပင်သက်တမ်းတလျှောက် နိုက်ထရိုဂျင်ဓာတ် ထုတ်ပေးနိုင်အောင် ရှင်သန်နေနိုင်ရဲ့လား? 

ဆိုလျှင် မရှင်သန်နိုင်ပါဘူး။ 

စိုက်ပျိုးမြေအား ရေသွင်းလျှင်၊ ရေနစ်လျှင် ရိုင်ဇိုဘီယမ်( Rhizobian) များ သေဆုံးသွားတယ် ဆိုတာပါဘဲ။ မြင်ဖူးကြမှာပါ၊ 

စိုက်ပျိုးထားသော ပဲစိုက်ခင်းများတွင် အစကနဦး အမြစ်များတွင် ပဲမြစ်ဖုများဖြင့် ရှင်သန်ကြီးထွားနေတာ တွေ့နေရသော်လည်း ရေဝပ်ခြင်း၊ ရေသွင်းခြင်းမျိုးများ ဆောင်ရွက်မိလျှင် ပဲမြစ်ဖုများ မရှိတော့ပါ။

ဒီတော့ မတ်ပဲ၊ ကုလားပဲဆိုတာ ရိုင်ဇိုဘီယမ်( Rhizobian) မရှိလျှင် မကြီးထွားနိုင်ဘူး၊ မဖြစ်ထွန်းနိုင်ဘူးဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

ယခုခေတ်တွင် မတ်ပဲ၊ ကုလားပဲ မစိုက်ဘူးသော မြေတွေမှာ အောင်မြင်စွာ စိုက်ပျိုးနေကြတယ်။ ဖြစ်ထွန်းအောင်မြင်နေတယ်ဆိုလျှင် သင်တို့ လက်ခံနိုင်ပါမည်လား။

မတ်ပဲနှင့် ကုလားပဲအား မြေအာဟာရဖွံ့ဖြိုးသောနေရာ၊ မြေအာဟာရ မဖွံ့ဖြိုးသော်လည်း လိုအပ်သော အာဟာရ ဖြည့်စည်း၍ စိုက်ပျိုးခဲ့ခြင်းကြောင့် မတ်ပဲတွင် ရေဆင်း-၄၊ ရေဆင်း-၄(မျိုးထွန်း)၊ ရေဆင်း-၇ တို့အား မတ်ပဲကြော်သာစားပြီး မတ်ပဲမစိုက်ဖူးကြသော အညာဒေသ မြေကြီးများတွင် နွေသီးနှံအဖြစ် အောင်မြင်စွာ စိုက်ပျိုးနေကြတာတွေကို သိစေလိုပါတယ်။

ကုလားပဲကရော ရေဆင်း-၃(ICCV.2) ခေတ်တွင် အညာဒေသ အောက်တော(မြစ်ရေဝင်ကွင်း) ကြီးတော(မိုးကောင်းစိုက်) တို့တွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့တာတွေက သက်သေပြနေပါတယ်။

ထိုအတူ တစ်ခုမှမစိုက်ဘူးသော မြစ်ရေဝင်ကွင်များတွင် ရေဆင်းထုတ် ကုလားပဲ အဖြူ ၊ အနီ များအား အထွက်နှုန်း ၃၀/၃၅ တင်း အထိ စိုက်ပျိုးထုတ်လုပ်၍နေကြတယ်ဆိုတာကို သိစေချင်ပါတယ်။

လက်ရှိ ကုလားပဲ စိုက်ပျိုးနေကြသူ အများစုသည် ရိုင်ဇိုဘီယမ်( Rhizobian) ခေါ် ပဲမြစ်ဖု ဘက်တီးရီးယားအားအသုံးပြု စိုက်ပျိုးနေကြသူ အလွန်နည်းပါး နေသေးတာကိုတော့ တွေ့နေရပါသေးတယ်။

ဒီတော့ မြေအာဟာရ ဖွံ့ဖြိုးမှုရှိနေသော မြေများတွင် မတ်ပဲစိုက်လို့ရပါတယ်။ ကုလားပဲ စိုက်လို့ရပါတယ်။  မြေကျင့်ရန်မလို၊ မြေကြီး တူးဆွကြဲပက်ရန် မလိုအပ်ပါဟု  ပြောပါရစေ။

လက်ရှိပဲတီစိမ်း၊ ကုလားပဲ၊ စိုက်ပျိုးနေသောမြေများတွင် မတ်ပဲကြိုက်နှစ်သက်သော ရာသီဥတုနှင့် သဲနုန်းမြေ၊ နုန်းမြေ၊ စနယ်မြေစေး တို့ကဲ့သို့သော မြေဖြစ်ပါက စိုက်၍ရပါတယ်။ ခရမ်း၊ သုံးခွကဲ့သို့သော ဒေသများတွင်လည်း စိုက်၍ရပါတယ်။

ထိုအတူ အခြားသီးနှံ စိုက်ပျိုးနေသောမြေများတွင် ကုလားပဲ ကြိုက်နှစ်သက်သော ရာသီဥတုဖြစ်သော်လည်း သဲနုန်းမြေ၊ နုန်းသမမြေ၊ စနယ်မြေစေး၊ ရွှံ့စေးနုန်းမြေတို့တွင် စိုက်ပျိုးနိုင်သော်လည်း သဲမြေတွင်မဖြစ်ထွန်းပါဘူး။

မြေအာဟာရ ဖွံဖြိုးမှုရှိသော၊ ရေစီးရေလာ ကောင်းမွန်သော မြေဖြစ်လျှင် ကုလားပဲ စိုက်၍ ရပါတယ်လို့ ဆိုပါရစေ။

 ဒီတော့ မတ်ပဲစိုက်ပျိုးသူ အချို့ပြောဆိုနေကြသော မတ်ပဲဖြစ်ထွန်းရန် မြေကွက်အား ၂ နှစ်/၃ နှစ် မြေကျင့်ပြီး စိုက်ရတယ်ဆိုတဲ့ အတွေးအခေါ်အယူအဆ၊ အပြုအမူ လုပ်ရပ်များအား စွန့်လွတ်သင့်ပြီလို့ ဆိုပါရစေ။

မိမိတွေ့မြင်ခဲ့မိတာကတော့

မတ်ပဲဖြစ်ထွန်းရန် မြေကွက်အား ၂နှစ်/၃နှစ် မြေကျင့်ပြီး စိုက်ရတယ်ဆိုပြီး ပြောဆိုနေကြသူများသည်  မြေကွက်တွင် မတ်ပဲမျိုးအား ကြဲပက်ပြီး လိုအပ်သော ပြုစုထိမ်းသိမ်းပြီးမှုများ အပြည့်အ၀ မလုပ်ဆောင်ကြဘဲ သာမန်ပြုစု ထိမ်းသိမ်းမှုကိုသာ လုပ်ဆောင်နေကြခြင်းနှင့် အချို့မှာ မတ်ပဲမျိုးကြဲပက်ခြင်း၊ ထွန်ယက်ခြင်းပြုပြီး မည်သည့် ပြုစုထိမ်းသိမ်းမှုမှ မလုပ်ကြတော့ဘဲ ပစ်ထားကြလိုခြင်းကြောင့် ဖြစ်ပါတယ်။

ထိုသို့လုပ်နေမှတော့ သီးနှံထွက်နိုင်ပါဦးမလား၊ မျိုးပြန်ရလျှင်ပင် ကံကောင်းလေ။

မတ်ပဲနှင့် ကုလားပဲတို့၏ အဓိကလိုအပ်သော အာဟာရမှာ N (နိုက်ထရိုဂျင်) ဖြစ်သည်ကို သတိပြုရန်လိုအပ်ပြီး အပင်အတွက် လိုအပ်သော အာဟာရအား အချိန်ကိုက် ထည့်သွင်းပေးရန်လိုအပ်ပါတယ်။ 

ပဲများအတွက် လိုအပ်သော ရိုင်ဇိုဘီယမ် ပေါက်ပွားအောင် ဆောင်ရွက်ပေးနိုင်လျှင် အောင်မြင်ဖြစ်ထွန်းပြီး တစ်ကြိမ်တစ်ခါမှ မတ်ပဲမစိုက်ဘူးသော အရပ်ဒေသများတွင် ဆောင်းမတ်ပဲ၊ နွေမတ်ပဲများအား အထွက်နှုန်းမြင့်မားစွာဖြင့် အောင်မြင်စွာ စိုက်ပျိုးနေကြခြင်းက အဖြေလို့ ဆိုပါရစေ။

စိုက်ပျိုးရေးလုပ်ဆောင်သူများအနေဖြင့် ရှေးရိုးစွဲအယူအဆများ၊ ငါတို့ လယ်လုပ်ခဲ့တာ ကြာလှပြီ၊ ငါ့အယူအဆ အတွေ့အကြုံသည်သာ အမှန်ဆိုသော အတွေးအခေါ်များအား လက်ကိုင်ပြုနေလျှင် Update မဖြစ်တော့သော စိုက်ပျိုးနည်းစနစ်များကိုသာ အသုံးပြုနေလျှင်တော့ အောင်မြင်မှုနှင့် အလှမ်းဝေးသထက် ဝေးနေဦးမှာပါ။ ဒါကြောင့် စိုက်ပျိုးသူများအနေဖြင့် လေ့လာပါ၊ တတ်သိနားလည်သူများနှင့် တိုင်ပင်နှီးနှော အကြံဥာဏ်ရယူပါလို့ အကြံပြုရင်း..။

ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်