အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အဝါရောင် ကဒ်ပြားပေါ် ကော်သုတ်ထားသော ပိုးထောင်ချောက်

အဝါရောင် ကဒ်ပြားပေါ် ကော်သုတ်ထားသော ပိုးထောင်ချောက်

Khant Zaw Htet
Khant Zaw Htet • Greenovator • 04/10/2019

အဝါရောင် ကဒ်ပြားပေါ် ကော်သုတ်ထားသော ပိုးထောင်ချောက်

ပိုးကျရင် ပိုးသတ်ဆေးဖျန်းမယ်။ မှိုကျရင် မှိုသတ်ဆေးဖျနိးမယ်။ ဆိုတာ စိုက်ပျိုးသူတိုင်း လက်ကိုင်ထားတဲ့ အရာပါ။ ပိုးကျတာမဖြစ်အောင် ဆေးမဖျန်းပဲ ကာကွယ်မယ်ဗျာ။ လုပ်ကြည့်ပေါ့ တကယ် လက်တွေ့မှာ ဖြစ်နိုင် မဖြစ်နိုင် စမ်းကြည့်ပေါ့ဗျာ။ IPM ခေါ် Integrated Pest Management ဘက်စုံပိုးမွှားကာကွယ်ရေးက ပိုးကာကွယ်နည်းပေါ့ဗျာ။ ပိုးကို ၁၀၀%မကာကွယ်ပေမယ့် ဆေးဖျန်းပုံးအရေအတွက် လျော့ကျပြီး ပိုးကျတိုင်း ဆေးဖျန်းမယ့်အစား ပိုးမကျခင် အခုလို ပိုးထောင်ချောက်တွေ ဆင်ခဲ့ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ငွေကုန်လဲ သက်သာပါလိမ့်မယ်။

ပထမ နည်း

လိုအပ်သော ပစ္စည်းများ

(၁) အဝါရောင် ပလတ်စတစ် ကဒ်ပြား - ၁.၅ ပေ x ၁ ပေ
(၂) ကြာရှည်ခံသော ကော်
(၃) တိုင်
(၄) ကြိုး

ပြုလုပ်ပုံ ။ ။ အဝါရောင် ပလတ်စတစ် ကဒ်ပြားပေါ်တွင် ကော်သုတ် ကဒ်ပြားကို တိုင်မှာ ချည် တောင် မြောက် ဦးစားပေး ထောင်ထားလိုက်ပါ။
ယင်ဖြူ ပျ ရွက်ထွင်းပိုးများ လာရောက်ကပ်နေပါလိမ့်မယ်။ တဧကတွင် ကဒ်ပြား ၆-၁၅ခု ထောင်ပေးပါက ဆေးဖျန်းမှုလျော့ချနိုင်ပါလိမ့်မယ်။ ဝါ၊ မုန်ညင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဟင်းသီးဟင်းရွက်နှင့် ပန်းခင်းများတွင် အသုံးပြုနိုင်ပါတယ်။

ဒုတိယနည်း

လိုအပ်သော ပစ္စည်းများ

(၁) အဝါရောင် ပုံး သို့မဟုတ် ဗူးခွံ ၂လီတာဆန့်
(၂) ကြာရှည်ခံသော ကော်
(၃) တိုင်
(၄) ကြိုး

ပြုလုပ်ပုံ ။ ။ဗူးပေါ်တွင်ကော်သုတ် ကဒ်ပြားကို တိုင်မှာ ချည် တောင် မြောက် ဦးစားပေး ထောင်ထားလိုက်ပါ။
ယင်ဖြူ ပျ ရွက်ထွင်းပိုးများ လာရောက်ကပ်နေပါလိမ့်မယ်။တဧကတွင် အဝါရောင်ဗူး ၆-၁၅ခု ထောင်ပေးပါက ဆေးဖျန်းမှုလျော့ချနိုင်ပါလိမ့်မယ်။ဝါ မုန်ညင်း မတ်ပဲ ပဲတီစိမ်း ဟင်းသီးဟင်းရွက်နှင့် ပန်းခင်းများတွင် အသုံးပြုနိုင်ပါတယ်။

ကဒ်ပြား ဗူးခွံကို ရေနွေးတွင် စိမ်ပြီး သန့်ရှင်းကာ အကြိမ်ဖန်များစွာ အသုံးပြုနိုင်ပါတယ်။

Khant Zaw Htet

 

 

Zaw Naing Soe

Zaw Naing Soe

လွန်ခဲ့သော ၁ နှစ် က

ကော်က ဘယ်လိုကော်အမျိုးအစားလဲ သိပါရစေဗျ

ခင်မြင့်ရီ

ခင်မြင့်ရီ

လွန်ခဲ့သော ၄ နှစ် က

ဘယ်လို ကော်မျိူး သုံးကြလဲ ကြွက်ကပ်ကော် သုံးတာ အဆင်မပြေလို့ပါ ကော်သုတ်ရတာ ခက်တယ် နှစ်ရက်လောက်ပဲ ဆေးက အလုပ်လုပ်တယ် ကြာရင် မကပ်တော့ဘူး

ဦးအောင်

ဦးအောင်

လွန်ခဲ့သော ၄ နှစ် က

ဘယ်လိုကော်အမျိုးစားကကြာရှည်ခံလည်း

တောင်သူဦးကြီး

တောင်သူဦးကြီး

လွန်ခဲ့သော ၅ နှစ် က

ကော်အမျိုးအစားနာမည်လေးပြောပြပေးစေချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။