အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,744
လွန်ခဲ့သော ၈ နှစ် က · မကွေး

မြန်မာဒေသနွားမျိုးရိုးရိုးပါ နွားသည်အဖေဖက်မျိုးရိုးအဓိကလိုက်သည်ဆိုတာဟုတ်ပါသလား အသားပြည့်သော...ထွားလွယ်သောနွား...

မြန်မာဒေသနွားမျိုးရိုးရိုးပါ နွားသည်အဖေဖက်မျိုးရိုးအဓိကလိုက်သည်ဆိုတာဟုတ်ပါသလား အသားပြည့်သော...ထွားလွယ်သောနွားပေါက်များရရန်အဖေဖက်ကဘယ်လောင်ရာခိုင်နှုန်းအရေးပါပါသလဲ ကျနော့်လယ်ထဲကမြက်...ကောက်ရိုး...ပြောင်းပင်စတာတွေကအစာကြမ်းအဖြစ်အမြဲပါပါတယ် ကုလားပဲအမှုန့်(ပဲအခွံ...တခါတရံမြေပဲဖက်ကျွေးပါတယ်)...နှမ်းဖက်...ဆန်ကွဲ...ဖွဲနုစတာတွေမှာဘယ်အစာကအထွားမြန်စေပါသလဲ ကုလားပဲမှုန့်...နှမ်းဖက်...မြေပဲဖက်ကဈေးကြီးလျှင်...သိ့ု...ဝယ်မရလျှင်ဆန်ကွဲပဲအမြဲကျွေားလိ့ုကောင်းပါသလား အဲဒီအစာတွေထဲကတစ်ခုအမြဲကျွေးပြီး...ကျန်အစာတွေကိုရံဖန်ရံခါပဲကျွေးမယ်ဆိုလျှင်...ဘယ်အစာကိုအမြဲမပြတ်ကျွေးသင့်ပါလဲ ဈေးနှုန်းမြင့်သောကြောင့်ပါ နွားပေါက်စရက်သားလေးကနေစပြီးအစာနုကျွေးလျှင်......သက်တမ်းရက်...လအလိုက်မည်သို့အဟာရပြည့်အောင်ကျွေးသင့်ပါသလဲ 6လပြည့်ပြီးနို့ဖြတ်ချိန်ကနေနောက်1နှစ်ခွဲ(2နှစ်သားပြည့်သည်အထိ)အဟာရအပြည့်ကျွေးပြီး...၂နှစ်ကျော်လျှင်မြက်အစို...အစာကြမ်းပိုကျွေးပြီး.....အစာနုအနည်းငယ်သာကျွေးလျှင်.....မည်သို့အကျိုးခံစားရပါမည်လဲ... နောက်တနည်း 6လမှာနို့ဖြတ်...နို့ဖြတ်ပြီးကနေနောက်6လအထိအစာနုမကျွေးသေးပဲ...တစ်နှစ်သားပြည့်ပြီးကနေ....၂နှစ်သားရောင်းတန်းဝင်အထိအစာနုအဟာရအပြည့်ကျွေးခြင်းမှာဘယ်ဟာကစီးပွားတွက်ကိုက်ပါသလဲ

အာဟာရဗေဒ နွား
6

ဖြေကြားချက် ၆ ခု

290 လွန်ခဲ့သော ၈ နှစ် က

အာလူးစိုက်လိုရင်တစ်ပင်နဲ့တစ်ပင်ခြောစက်လက်မကြားခံ၍စိုက်ခြင်းဖြင့်အမြစ်ဆုံများအားကောင်းကာဥများများဥနှိုင်ပါသည်

5,744 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးအရမ်းတင်ပါတယ်

5,744 လွန်ခဲ့သော ၈ နှစ် က

ကျေးဇူးအရမ်းတင်ပါတယ်

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အဖေဘက်က ဘယ်လောက်အရေးပါသလဲဆိုရင် အဲ့အဖေက သူ့ရဲ့ဘယ်လိုအဖေနဲ့အမေကဆင်းသက်လာလဲဆိုတာရောအရေးကြီးပါတယ်။ မျိုးချောင်းနဲ့မေထုံမဲ့သားစပ်တယ်ဆိုတာ ကိုယ်လိုချင်တဲ့ အပိုင်းကို ဦးစားပေးမျိုးမြှင့်ယူထားတဲ့ အထီးတွေနဲ့စပ်ပြီး ဆင့်ကဲမျိုးမြှင့်သွားတာပါ။ တစ်ကောင်တည်းဆီမှာ ကောင်းတဲ့အချက်မှန်သမျှအကုန်ပါချင်လို့မရပါဘူး။ ဒါကြောင့် ကိုယ်လိုချင်တာ အသားများဖို့လား ထွားဖို့လား နို့ထွက်ကောင်းဖို့လား ရွေးရပါမယ်။ တချို့ဒေသနွားမွေးတာ ခိုင်းလည်းခိုင်းတယ် နို့လည်းညှစ်ယူပြီး များများထွက်စေချင်တယ် ပြီးတော့ ထွားလည်းမထွားဘူးနဲ့ ပြောကြတယ် နွားက ဘယ်အပိုင်းကိုမှအပြည့်မပေးနိုင်တော့ဘူး။ ဒါကြောင့် ဖြစ်ချင်တဲ့အပိုင်းကိုပဲ ဦးစားပေးပြီး မျိုးရိုးကောင်းတဲ့နွားနဲ့ဆင့်ကဲဆင့်ကဲ မျိုးထိန်းပြီး မြှင့်သွားရမှာပါ။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

မျိုးရိုးကောင်းမကောင်းကြည့်တဲ့အခါ အဖေနဲ့အမေ ၂မျိုးစလုံးကိုကြည့်ရပါတယ်။ အဖေနဲ့အမေစပ်လိုက်တဲ့အခါ မျိုးရိုးလက်ခံမှု တစ်ဝက်စီရလာပေမယ့်ဗီဇလွှမ်းမိုးနိုင်မှုတွေကမတူညီကြပါဘူး။ အားသာရာတွေကို ဖော်ပြသွားမှာပါ။ ဒါကြောင့် မွေးမြူသူတွေအနေနဲ့ ကိုယ်က ဘယ်အချက်ကိုအသားပေးလိုချင်တာလဲ စဉ်းစားရပါမယ်။ ဥပမာ - နို့ထွက်နှုန်းကောင်းတဲ့ အဖေနဲ့အမေကနေပေါက်လာတဲ့ နို့ထွက်နှုန်းကောင်းတဲ့နွားထီးတစ်ကောင်(ဖရီရှန်ထားပါတော့) ဖရီရှန်အထီးနဲ့ ဒေသနွားအမကို နို့ထွက်နှုန်းတိုးဖို့ရည်ရွယ်ပြီး စပ်တယ်။ ဒါဆို မွေးလာတဲ့နွားမလေးက အမေထက်နို့ထွက်နှုန်းတိုးလာမယ်။ ဒီနွားမလေးကို အစောကလို နို့ထွက်နှုန်းမျိုးရိုးကောင်းတဲ့ နွားထီးနဲ့ ထက်စပ်ရင် မြင့်သွားမှာပါ။ အဲ့လိုမဟုတ်ဘဲ ဒေသနွားနဲ့ပြန်စပ်မယ်ဆို ပြန်ကျသွားမှာပါ။ အသားတိုးထွားလွယ်ဖို့ရည်ရွယ်ရင်လည်း အဲ့လိုပါပဲ။ အသားတိုးထွားလွယ်တဲ့ မျိုးရိုးကဆင်းလာတဲ့ အဖေနဲ့စပ်ရမှာပါ။ နို့ထွက်နှုန်းကောင်းပြီး နို့အရည်အသွေးလည်းကောင်းချင်တယ်ဆိုရင် နို့ထွက်နှုန်းကောင်းတဲ့ ဖရီရှန်နဲ့ နို့အရည်အသွေးကောင်းတဲ့ ဂျာစီနဲ့စပ်ပြီး ကျလာတဲ့ နွားကလေး (ကီဝီလို့ခေါ်တဲ့မျိုး) ဟာ ကောင်းတာ ၂ခုမျှပါလာတဲ့မျိုးပါ။ အဲ့လို မွေးလာတဲ့ ကီဝီမျိုး နွားထီးကို နို့စားနွားမတွေမှာသုံးပါတယ်။

6,326 လွန်ခဲ့သော ၈ နှစ် က

နွားကလေးများကြီးထွားနှုန်းကောင်းစေရန် အင်အားဓာတ်နှင့်အသားဓာတ်မျှတစွားကျွေးသင့်ပါသည်။ ပဲဖတ်၊နှမ်းဖတ်တို့သည် အင်အားဓာတ်ရော အသားဓာတ်ပါပြည့်ဝစွာပါဝင်သော်လည်း ဆန်ကွဲ၊ဖွဲတို့နှင့်နှိုင်းစာလျှင် ဈေးနှုန်းကြီးမြင့်ပါသည်။ ဆန်ကွဲကို အင်အားဓာတ်ရရှိရန် အဓိကထား၍ကျွေးပါသည်။ အစာနုဈေးကြီးပါက အင်အားဓာတ်နှင့်အသားဓာတ်ပြည့်ဝစွာပါဝင်သော အစာကြမ်းကိုလည်းကျွေးနိုင်သည်။ ဥပမာ၊ နှံစားပြောင်း (နှံစားပြောင်းကို အရင့်မခံဘဲ အပင်သက် ၂ လခန့်တွင်ရိတ်ကျွေးနိုင်ပါက အာဟာရပြည့်ဝပြီး၊ ရင့်သည်အထိအခြောက်ခံထားပါက အာဟာရအလွန်လျှော့နည်းသွားမည်ဖြစ်ပါသည်။) ကောက်ရိုးသည် နွားစာအဖြစ်အသုံးပြုကျွေးမွေးရန် သင့်တော်သည့်အာဟာရဓာတ်ပါဝင်မှုမရှိသည့်အပြင် အစာချေဖျက်နိုင်မှုနည်းပါးသည်ကိုလည်းသတိချပ်ရပါမည်။ မျိုးရိုးသည် အမိဘက်ရော အဘဘက်ပါအရေးကြီးပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။