အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်ပဲတွင်ကျရောက်တတ်သော သီးလုံးဖောက်ပိုးအန္တရာယ်

မတ်ပဲတွင်ကျရောက်တတ်သော သီးလုံးဖောက်ပိုးအန္တရာယ်

မတ်ပဲကို အောက်တိုဘာတတိယအပတ်မှစတင်၍ နိုဝင်ဘာတတိယပတ်အတွင်း စိုက်ပျိုးကြပါသည်။ ၂၀၂၁ အတွင်း ပိုးမွှားရောဂါကျမှုများတာကိုတွေ့ရပါသည်။ သီးနှံပင်များတွင် အသီးအပွင့်ဝင်သည့်အချိန်တွင် ပိုးမွှားရောဂါကျရောက်မှုကြောင့် အထွက်နှုန်းကိုများစွာထိခိုက်စေပါသည်။ မတ်ပဲပင်တွင် ပန်းပွင့်များသည် အပင်အောက်ခြေအရွက်အောက်ဘက်တွင် သီးပွင့်ကြသောကြောင့် ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုးများကျရောက်မှုကို သတိပြုမှုလျော့နည်းတတ်သည်။ ဆိုးရွာစွာကျရောက်တတ်သော သီးလုံးဖောက်ပိုးများအကြောင်းကို ဒီနေ့တွင်ပြောပြသွားပါမည်။

ဖျက်ဆီးမှုလက္ခဏာ

မတ်ပဲသီးလုံးဖောက်ပိုးသည် ပန်းပွင့်စတင်ဝင်ရောက်သည့်အချိန်တွင် ကျရောက်လေ့ရှိသည်။ ပန်းပွင့်ဝင်သည့်အချိန်တွင် ပိုးဖလံမသည် ပန်းပွင့်၊ အဖူးနှင့် အရွက်အောက်မျက်နှာပြင်များပေါ်တွင် ဥဥချခဲ့ပါသည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် မတ်ပဲပင် အရွက်၊ အဖူး၊ အပွင့်၊ သီးကင်းများကို ကိုက်ဖြတ်စားသောက်ပါသည်။ အဖူးအပွင့်များတွင်းသို့ဝင်ရောက်ကာ အပွင့်အောက်ခြေများကို ကိုက်ဖြတ်သောကြောင့် အသီးမသီးနိုင်တော့ပဲ အထွက်နှုန်းကို ထိခိုက်ရခြင်းပဲဖြစ်ပါသည်။ စားသောက်ဖျက်ဆီးနေစဉ်အတွင်း ပိုးလောက်ကောင်သည် သီးတောင့်ထဲသို့ ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ဝက်ဝင်ရောက်ကာ စားသောက်ဖျက်ဆီးပြီး ခန္ဓာကိုယ်အောက်ပိုင်းက သီးလုံးအပြင်ဘက်တွင် ကျန်ခဲ့ပါသည်။ သီးလုံးဖောက်ပိုးကျရောက်မှုတွင် အဓိကလက္ခဏာအနေဖြင့် သီးတောင့်များတွင် အပေါက်များရှိနေတတ်ပါသည်။ သီးလုံးဖောက်ပိုးတစ်ကောင်သည် သီးတောင့် ၃၀ မှ၄၀ အထိ ဖျက်ဆီးနိုင်သည်။ 

 ကာကွယ်နှိမ်နင်းနည်း

ထယ်ရေးနက်နက် ထွန်ယက်စိုက်ပျိုးခြင်းသည် ပိုးရုပ်ဖုံးအဆင့်ကို နှိမ်နင်းပြီးသားဖြစ်ပါသည်။ ပိုးမွှားများခိုအောင်းရာဖြစ်သော ပေါင်းမြက်များကိုလည်း ရှင်းလင်းပေးဖို့လိုပါသည်။ ဥမြုံများ၊ ပိုးရုပ်ဖုံးများကိုလည်း ကောက်ယူဖျက်ဆီးခြင်းများ ပြုလုပ်ပေးပါ။ မီးထောင်ချောက်၊ pheromone ဟော်မုန်းထောင်ချောက် (ဖလံအဖိုများကိုဆွဲဆောင်သောထောင်ချောက်) စသည်တို့ကို ထားပေး၍ အကောင်ကြီးအဆင့် သီးလုံးဖောက်ပိုးဖလံများကို ကာကွယ်နှိမ်နင်းပေးနိုင်ပါသည်။ 

ဓာတုဆေးအနေဖြင့် အင်ဒိုဇာကပ် (Indoxarcab)၊ ပရိုဖီနိုဖော့ (Profenofos)၊ အစီဖိတ် (acephate)၊ သိုင်ရာမီသောက်ဇင် (thiamethoxam) နှင့် အီမာမက်တင် ဘန်ဇိုရိတ် (Emamectin benzorate) စသည်တို့ကို အညွှန်းအတိုင်း သေချာစွာအသုံးပြုပေးနိုင်ပါသည်။ 

ကိုးကား- https://www.thehindu.com/sci-tech/science/managing-pod-borer-in-blackgram/article5919015.ece

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)

5
Lynn

Lynn

လွန်ခဲ့သော ၁ နှစ် က

ဆရာ ဥကန်းစေတာက သိုင်အိုဒိကပ် (လယ်ပယ် )ရှိပါတယ်

KO chit

KO chit

လွန်ခဲ့သော ၃ နှစ် က

ပွင့်ထွေးတို့လေးပိုးတို့ကြရင်ဘယ်လို့လုပ်ရမလဲ ဆရာ ဖြေပြေပါဦးနော်

Thar Po

Thar Po

လွန်ခဲ့သော ၄ နှစ် က

အဖူးဝင်စဥ် မဥကန်း​စေ​သော​ဆေးအုပ်စု(profenofos +lambda)ကြိုတင်ဖျန်းပါ။ ပွင့်ထွေးပိုးကျ​ရောက် မှုကို၊ ပိုးစကျကျချင်း သိပြီ ဆိုပါက... (Emamectin + thiamethoxam)ဆေးကိုဖျန်း​ပေးပါ။ ဥပမာ(အီသာပလပ်) ပွင့်​ထွေရော/လှေးပါ. ရှင်းပါလိမ်မယ်။

Aung Thet Oo.

Aung Thet Oo.

လွန်ခဲ့သော ၄ နှစ် က

သီးလုံးဖောက်ပိုးတွေကိုဘာဆေးဖြန်ရင်သေနိုင်လဲ

သြရ

သြရ

လွန်ခဲ့သော ၄ နှစ် က

ဘယ်လိုလုပ်ရပါ့မလဲဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။