အိမ်တွင်းအလှစိုက်အပင်များမှာ ကျရောက်တတ်တဲ့ အဖျက်ပိုးများ
အဖျက်ပိုးတွေဟာ ဟင်းသီးဟင်းရွက်နဲ့ သီးနှံစိုက်ခင်းများမှာသာမက အိမ်တွင်းအလှစိုက်တဲ့ ပန်းပင်တွေမှာတောင် ပိုး၊ ရောဂါတွေကျရောက် ဖျက်စီးလေ့ရှိပါတယ်။ အိမ်တွင်းအလှစိုက်တဲ့ အပင်တွေမှာကျရောက်တဲ့ အဖျက်ပိုးတွေဟာဆိုရင် များသောအားဖြင့် အပင်ရည်ကိုစုပ်ယူပြီး စားသောက်ဖျက်စီးတဲ့ ပိုးတွေဖြစ်ကြပါတယ်။ မိမိစိုက်ထားတဲ့ အပင်တွေမှာ ပိုးကျရောက်တာတွေ့ပြီဆိုတာနဲ့ ထပ်ပြီးမပျံ့ပွားနိုင်အောင် ကာကွယ်နှိမ်နင်းဖို့လိုအပ်ပါတယ်။ အိမ်တွင်းမှာ အလှစိုက်တဲ့အပင်တွေဖြစ်လို့ ကာကွယ်နှိမ်နင်းရာမှာ ဓာတုဆေးဝါးတွေထက် သဘာဝနည်းလမ်းတွေကိုပဲ အလေးထားပြီး အသုံးပြုသင့်ပါတယ်။ သို့ပေမယ့် ဒီဆောင်းပါးမှာတော့ စာဖတ်သူရွေးချယ်နိုင်အောင် သဘာဝနည်းရော ဓာတုနည်းအချို့ပါ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အိမ်တွင်းအလှစိုက်တဲ့ ပန်းပင်တွေမှာ အဓိကအားဖြင့် ကျရောက်တတ်တဲ့ အဖျက်ပိုးတွေအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ ပျပိုး (Aphids)
ပျပိုးဟာ သီးနှံစိုက်ခင်းတွေမှာပဲ တွေ့ရတတ်တဲ့ ပိုးလို့ထင်စရာရှိပေမယ့် အိမ်တွင်းအလှစိုက်တဲ့ အပင်တွေမှာလည်း ကျရောက်ဖျက်စီးပါတယ်။ ပျပိုးဟာ အပင်ရည်ကို စုပ်ယူစားသောက်တဲ့ အဖျက်ပိုးဖြစ်ပြီး အပင်ရဲ့ကြီးထွားရှင်သန်မှုကို တိုက်ခိုက်ပါတယ်။ ပျပိုးဟာ အတော်လေး သေးငယ်ပြီး အစိမ်းရောင်၊ အမဲရောင်နဲ့ မီးခိုးရောင် ဆိုပြီးရှိကြပါတယ်။ ပိုးကို အများအားဖြင့် အရွက်တွေရဲ့အောက်မျက်နှာပြင်နဲ့ အသစ်ထွက်လာတဲ့ အပွင့်တွေ အဖူးတွေမှာ ကျရောက်တာ တွေ့ရပါတယ်။ ပျပိုးဟာ အစုလိုက်အပြုံလိုက် ကျရောက်တတ်တာမို့ ၎င်းတို့ကိုရှာဖွေရတာလည်း လွယ်ကူပါတယ်။ ပျပိုးကနေ စေးကပ်တဲ့ အရည်တစ်မျိုးကိုလည်း ထုတ်လေ့ရှိပြီး အလွယ်တကူတွေ့နိုင်ပါတယ်။ ပိုးကျရောက်မှု ဆိုးရွားမယ်ဆိုရင်တော့ အရွက်တွေ၊ ပင်စည်တွေဟာ တဖြည်းဖြည်းနဲ့ အဝါရောင်ပြောင်းလာပြီး နောက်ဆုံးမှာ သေဆုံးသွားမှာ ဖြစ်ပါတယ်။
ပျပိုးကျရောက်နေမယ်ဆိုရင် ရေနဲ့ ပန်းကန်ဆေးဆပ်ပြာတို့ကို ဖျော်စပ်ပြီး အရွက်ရဲ့အောက်မျက်နှာပြင်ကို ဖျန်းပေးနိုင်ပါတယ်။ ဖျန်းပြီးရင်တော့ ၅ မိနစ်လောက်ထားပါ။ ပြီးတဲ့အခါ အပင်ကိုရေဖျန်းပေးပါ။ ဖော်ပြပါအတိုင်း ၂ ကြိမ်လောက်လုပ်ပေးတဲ့အခါ ပျပိုးတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ဖော်ပြပါနည်းလမ်းထက် အနည်းငယ်ပိုပြီး အာနိသင်ပြင်းတာမျိုး သုံးချင်ရင်တော့ ပိုင်ရီသရင် ပါဝင်တဲ့ ဓာတုဆေး (သို့မဟုတ်) တမာပိုးသတ်ဆေးတွေ အသုံးပြုနိုင်ပါတယ်။
၂။ ပိုးစေးနဲ (Mealybugs)
ပိုးစေးနဲဟာလည်း ပျပိုးလိုပဲ အပင်ရည်စုပ်ယူစားသုံးတဲ့ ပိုးဖြစ်ပါတယ်။ ပိုးစေးနဲဟာ သေးငယ်ပြီး အဖြူရောင်ရှိကာ အမွှေးအနည်းငယ်လည်းရှိပါတယ်။ ပိုးစေးနဲဟာလည်း အစုလိုက်အပြုံလိုက် ကျရောက်တတ်တာမို့ အလွယ်တကူတွေ့မြင်နိုင်ပါတယ်။ ပိုးကျနေတဲ့နေရာဟာ ရုတ်တရက်ကြည့်လိုက်ရင် အပင်ပေါ်မှာ သိုးမွေးချည်ရှိနေသကဲ့သို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပိုးကျနေတဲ့အရွက်တွေဟာ တဖြည်းဖြည်းနဲ့ အဝါရောင်ပြောင်းလာပြီး နောက်ဆုံးမှာ ကြွေကျသွားမှာ ဖြစ်ပါတယ်။
ပိုးစေးနဲတွေကို ရေဖျန်းပေးခြင်းဖြင့် အလွယ်တကူဖယ်ရှားနိုင်ပါတယ်။ ပိုးကျရောက်မှု အနည်းငယ်သာ ရှိသေးတယ်ဆိုရင် လက်အိတ်ဝတ်ပြီး ပိုးကျတဲ့နေရာကို ညင်သာစွာ ခြစ်ထုတ်နိုင်ပါတယ်။ ဒါမှမဟုတ် ပျပိုးမှာကဲ့သို့ ဆပ်ပြာဖျော်ရည် အသုံးပြုပြီး နှိမ်နင်းနိုင်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။
၃။ မွှားပင့်ကူနီ (Red Spider Mites)
မွှားပင့်ကူနီဟာ အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်ပြီး ကာကွယ်နှိမ်နင်းဖို့ ခက်ခဲပါတယ်။ ၎င်းတို့ဟာ အပင်တွေပေါ်မှာနေထိုင်ပြီး အရွက်ကနေတစ်ဆင့် အပင်ရည်ကို စုပ်ယူစားသောက်ကြပါတယ်။ မွှားပင့်ကူနီကျရောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ အရွက်တွေမှာ အညိုရောင် အစက်အပြောက်များနဲ့ ခြစ်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။
မွှားပင့်ကူနီဟာ ရေနဲ့ စိုထိုင်းဆများတာကို မကြိုက်တဲ့အတွက် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်းရေမလောင်းရင်တောင်မှ စိုထိုင်းဆရှိနေဖို့အတွက် ရေဖျန်းတဲ့ဗူး (ညှစ်တဲ့ဗူး) နဲ့ အပင်နဲ့ အပင်ပတ်ဝန်းကျင်ကို နေ့တိုင်းဖျန်းပေးသင့်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပိုးစေးနဲမှာ မျှဝေခဲ့သလိုပဲ သဘာဝဖက်တီးအက်စစ် (natural fatty acid) (သို့မဟုတ်) ဆာဖက်တန့် (surfactant) ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။
၄။ အကြေးပိုး (Scale Insects)
အကြေးပိုးဟာလည်း ကာကွယ်နှိမ်နင်းဖို့ အနည်းငယ် ခက်ခဲပါတယ်။ ဒီပိုးတွေဟာ ရုတ်တရက်ကြည့်လိုက်ရင် အင်းဆက်ပိုးလို့ကို မထင်ရပါဘူး။ ဒီပိုးတွေမှာ အလွန်မာကြောတဲ့ အပြင်ဘက်အခွံရှိပြီး အရွက်နဲ့ ပင်စည်တွေမှာ တွယ်ကပ်ပြီး ကျရောက်တာ ဖြစ်ပါတယ်။ ပိုးကျရောက်တဲ့ အစပိုင်းမှာဆိုရင် အရွက်နဲ့ ပင်စည်တွေပေါ်မှာ အညိုရောင် အဖုငယ်လေးများနဲ့တော်တော်လေး ဆင်တူပါတယ်။ အကြေးပိုးဟာလည်း စေးကပ်တဲ့ အရည်တစ်မျိုးကိုထုတ်လေ့ရှိပြီး ၎င်းတို့ဟာ နောက်ဆုံးမှာ အမဲရောင်ပြောင်းသွားပြီး မှိုတက်တဲ့ ပုံစံမျိုး တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ပိုးကျရောက်မှု နည်းနေမယ်ဆိုရင်တော့ လက်နဲ့ အလွယ်တကူဖယ်ရှားနိုင်ပါတယ်။ ပိုးတွေဟာ ရွေ့လျားသွားလာတတ်တာကြောင့် ပိုးအရေအတွက်များစွာ ကျရောက်နေမယ်ဆိုရင်တော့ လက်နဲ့ဖယ်ရှားဖို့ ခက်ခဲနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ဂွမ်းစ (သို့မဟုတ်) အဝတ်ကို ရေစွတ်ပြီးတော့ ပွတ်တိုက်ဖယ်ရှားနိုင်ပါတယ်။ ဆပ်ပြာဖျော်ရည်လည်း အသုံးပြုနိုင်ပါတယ်။ ဓာတုနည်းနဲ့ဆိုရင်တော့ ပါမီသရင် (သို့မဟုတ်) မာလာသီအွန် ပါဝင်တဲ့ ဆေးတွေအသုံးပြုနိုင်ပါတယ်။
ဇင်ထူးနိုင်
Source
How to control the Houseplant pests (http://www.picturethisai.com/)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကွမ်းပင်မှိုကပ်လို့ ခုပြတဲ့ဆေးတွေသုံးလို့ရလားဗျ ရမရနဲ့ ဆေးကောင်းကျိုးဆိုးလေးပြောပြပေးပါအုန်းဗျား ကျေးဇူးတင်ပါတယ်
Kyaw Aye • ဖြေကြားချက် 3 ခု
ပိုးသတ်ဆေးတစ်ဖြုတ်ဖြုတ်ဖြန်းထားတာ1ပတ်လောက်ရှိပြီ/ပိုးကောင်လေးတွေပြန်တွေ့လာလို့စိုးရိမ်ရလား/15ပတ်လည်လည်းကျွေးထားတာ5ရက်လောက်ရှိပါပြီဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ချောင်းသာပေါ်ဆန်း ပျိုးပင်၅၅ရက်သား ရွက်ဖျားခြောက်နေလို့စိုက်ခင်းပြောင်းစိုက်ရန်ဖြစ်နိုင်ပါ့မလား ဆေးသုံးရင်လဲဘယ်လိုဆေးသင့်မလဲပြောပေးစေလိုပါတယ်ဓါတ်ပုံပို့ပေပါတယ်
U Myint Naing • ဖြေကြားချက် 7 ခု
ဆရာတို့ခင်ဗျာ ကွမ်းပင်တွေက အစိမ်းအတိုင်းညှိုးပြီးသေလို့ပါ အပင်ကို 3 ရက်နေ့က စစ်ဆေးကြည့်တော့ အပင်ခြေကမဲနေပါတယ်(ပုံတော့မရိုက်ဖြစ်ပါဘူး) ဖြစ်ပြီး ရေထဲထည့်ကြည့်တော့ ဘက်တီးရီးယားစိမ့်ထွက်ရည်ထွက်လို့ ပင်ခြေကို Copper Oxychloride -45%+Kasugamysin2%ကို ရေ၂၀လီတာကို ၅၀ဂရမ်နှုန်းနဲ့ ဖျော်ပြီး တိုင်၁၀၀၀ ကို ဆေးရည် ၁၀လီတာနှုန်းဖျန်းပါတယ်ပင်ခြေကိုဘဲ တစ်ပေလောက်ကနေဖျန်းပါတယ် အဲ့နေ့က ဆေးမဖျန်းခင်လိုဘဲ ဆက်သေပါတယ် မနေ့က မိုးရွာနေတော့ လက္ခဏာပြတာကိုမသိရပါဘူး ဒီနေ့ကနေပူတော့ ပြန်သေပါတယ် အရင်ဆေးမဖျန်းခင်က တိုင်၁၀၀၀ကို တစ်နေ့၅ပင်နှုန်းသေပါတယ် ကွမ်းရွက်ခူးပြီး ဆေးဖျန်းတော့ အဲ့နေ့3ရက်နေ့မှာလည်း ၅ပင်နှုန်းဆက်သေပါတယ် မနေ့က4ရက်နေ့မှာ မိုးရွာလို့ မစစ်ဆေးတတ်ပေမဲ့ ဒီနေ့ 5ရက်နေ့မှာ စစ်ဆေးတော့ အရင်လိုဘဲ ၅ပင်နှုန်းသေပါတယ်ဆရာ မေးခွန်း1. ဒီ5ပင်က မနေ့ကနေ့ဒီနေ့ 2ရက်စာ5ပင်ေသတာ သက်သာတယ်လို့ယူဆလို့ရမလား ဒါမှမဟုတ် ဒီနေ့ 5ပင်ဆိုတော့ မသက်သာဘူးလို့ ယူဆနိုင်မလား မေးခွန်း2.အထက်ဖော်ပြပါဆေးက ဘယ်နှစ်ရက်ကြာမှာအာနိသင်ပြတာလဲဆရာ ပုံ1,နဲ့2က ဆရာအပင်ခြေမှာ အရင်လိုမဲမနေတော့ဘဲ အမြစ်မဲပြီး အရိုးမှာ အဖုလေးတွေရှိပါတယ် ပုံ3က ပင်စည်ကိုဖျက်ကြည့်တော့ ရေကြောစည်းမှာ မဲနေပါတယ်ဆရာ ရေထဲထည့်ကြညိ့တော့ ဘက်တီးရီးယားစိမ့်ထွက်ရည် ထွက်နေပါသေးတယ် မေးခွန်း3.အထက်ပါဆေးက ဘယ်နှစ်ရက်ထိ အာနိသင်ရှိတာလဲဆရာ အာနိသင်ပြမှုထပ်မြင့်နိုင်သေးလား လျှော့ကျမယ့် အချိန်ရောက်ပြီလားဆရာ ဒီတစ်ခါဖျန်းရင်ရော ဆေးပြောင်းသင့်လား ။ မေးခွန်းလေး များသွားတာသီးခံပေးပါဆရာတို့ခင်ဗျာ။
Thurain Htun • ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ ဘယ်လိုမျိုး ကုသနိုင်မလဲ ဘယ်လိုဆေးမျိုးတွေ သုံးသင့်ပါသလဲခင်ဗျာ
U San • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026