ချဉ်ဖတ်စုံ ပြုလုပ်နည်း
ငါးပိရည်ကြိုက်တဲ့သူတိုင်းအတွက်တော့ ချဉ်ဖတ်စုံဆိုတာနဲ့ ထမင်းစားကောင်းတော့မှာပဲဆိုပြီး ပြေးမြင်တတ်ကြ တာမျိုးပါ..။
အဲ့ဒီလို မြန်မာ့ထမင်းဝိုင်းတွေမှာ တို့စရာအနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားလေ့ရှိတဲ့ ခံတွင်းမြိန်စရာချဉ်ဖတ်ဟာ လုပ်ရတာလည်း လွယ်ကူသလို ကိုယ်တိုင်လုပ်တော့ သန့်သန့်လေးလည်း စားရနိုင်တာမို့ ချဉ်ဖတ်တည်နည်းလေးကို ပြောပြပေးပါမယ် ။
ချဉ်ဖတ်စုံမှာတော့ ပဲတီချဉ်၊ တမာချဉ်၊ကတက်ချဉ်၊ သရက်သီးချဉ်၊ မုန်လာဥပိုးတီချဉ် စသဖြင့် ပါဝင်ပါတယ်..။ သိပ်မကြာခင် ခံတက်ရွက်လေးတွေလည်း နုတော့မှာဆိုတော့ သူပါပါရင်တော့ ပိုကောင်းပေါ့..။
ချဉ်ဖတ်စိမ်မယ်ဆိုရင်တော့ ဆားရည်နဲ့ရိုးရိုးစိမ်တဲ့နည်းနဲ့ ဆန်ဆေးရည်ထည့်ပြီးစိမ်တဲ့နည်းဆိုပြီး နှစ်မျိုးရှိပါတယ်..။
၁။ဆားရည်ဖြင့် ချဉ်ဖတ်စုံစိမ်နည်း
ပါဝင်ပစ္စည်းတွေကတော့ အသီးအရွက်များ၊ ဆား၊ ရေကျက်အေး တို့ပါပဲ..။
ပြုလုပ်နည်းကတော့ -
(၁) ချဉ်ဖတ်စိမ်မယ့် ပဲတီ၊ တမာ၊ မုန်လာဥ စတဲ့ အသီးအရွက်တွေကို ရေသေချာဆေးပြီး လှီးဖြတ်ထားပါ။
(၂) ပြီးရင် ကျိုချက်ပြီးသား ရေကျက်အေးထဲကို ဆားလက်တစ်ဆုပ်ခန့်ထည့်ပြီး အရည်ပျော်အောင် မွှေပေးပါ။
(၃) မွှေပြီးရင်တော့ နှစ်သက်ရာ အသီးအရွက်များထည့်ပြီး ၃ ရက်လောက် စိမ်ထားပြီးရင် စားလို့ရပါပြီ။
၂။ ဆန်ဆေးရည်ဖြင့် ချဉ်ဖတ်စုံစိမ်နည်း
ပါဝင်ပစ္စည်းတွေကတော့ အသီးအရွက်များ၊ ဆန်ဆေးရည်၊ ဆား စတာတွေပါပဲ..။
ပြုလုပ်နည်းကတော့..
(၁) ဆန်ဆေးရည်အသန့်ကို ယူထားပြီး ဆားလက်တစ်ဆုပ်ခန့်ကို ဆန်ဆေးရည်ထဲထည့်ပြီး အရည်ပျော်အောင် မွှေပေးပါ။
(တချို့တွေကတော့ ဆားထမင်းစားဇွန်း ၁ဇွန်းစာခန့်နဲ့ နနွင်းအနည်းငယ်ကို ဆန်ဆေးရည်ထဲထည့်မွှေပြီး ချဉ်ဖတ်စုံ စိမ်လေ့ရှိပါတယ်။)
(၂) မွှေပြီးရင် နှစ်သက်ရာ အသီးအရွက်များထည့်ပြီး ၃ရက်လောက် စိမ်ထားပြီးရင် စားလို့ရပါပြီ။
နည်းနှစ်နည်းလုံးအတွက် သတိပြုရမှာကတော့ အဖုံးလုံအောင်ပိတ်ထားဖို့နဲ့ ချဉ်ဖတ်ရလို့ ဆယ်ယူ/ခပ်တဲ့အခါ ဇွန်းအသန့်နဲ့ ခပ်ဖို့ပါပဲရှင့်..။
ကဲ.. ကြိုက်နှစ်သက်ရာနည်းနဲ့ ချဉ်ဖတ်လေးတွေစိမ်၊ ငါးပိရည်လေးနဲ့မြှုပ်ပြီး ထမင်းစားမြိန်ကြပါစေနော်..။
ရေးသားသူ- နှင်းဖြူဖြူ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဆန်းလင်း
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကနေပူပြစရာမလိုပါဘူး။ဒီအတိုင်းစိမ်ပြီး ထမင်းစားပွဲမှာတင်ထားလည်း ရတယ်
ဦးဆန်းလင်း
လွန်ခဲ့သော ၄ နှစ် က၃ ရက်စိမ်ထားတဲ့အခါ၊ နေပူပြရသေးလား၊ အရိပ်ရအေးတဲ့နေရာထားရတာလား?
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကစဥ့်အိုးထဲ ချက်ဆားနဲ့ ထည့်စိမ်ပါ။
ထွန်းလင်း
လွန်ခဲ့သော ၄ နှစ် ကကြာကြာအထားခံအောင်ဘယ်လိုစိမ်ရမလဲခင်ဗျ
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026