ဟင်းခတ်အမွှေးအကြိုင် ကုဆိုင်
အင်္ဂလိပ်အမည် - Chive
ရုက္ခဗေဒအမည် - Allium schoenoprasum
ကုဆိုင်ဟာ ကြက်သွန်အမျိုးအနွယ်ထဲမှာ ပါဝင်ပြီး နှစ်ရှည်ပင်အမျိုးအစား ဖြစ်ပါတယ်။
အကြော်အလှော်တွေနဲ့ ပတ်သက်တဲ့ အစားအစာတွေထဲမှာ ကုဆိုင်ကို ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ အများသိတဲ့ထဲကဆိုရင်တော့ ကိုရီးယားဂင်မ်ချီတွေလုပ်ရင် ထည့်သွင်းအသုံးပြုရတဲ့ထဲမှာ ပါပါတယ်..။ ရနံ့ သင်းပြီး စားကောင်းတဲ့အတွက် စားသုံးတဲ့သူတွေလည်း နှစ်သက်ကြတဲ့ ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုး ဖြစ်ပါတယ်။
ကုဆိုင်ရဲ့ မူရင်းဒေသတွေကတော့ ဥရောပ၊ အာရှနဲ့ မြောက်အမေရိကဒေသတွေပဲ ဖြစ်ပါတယ်။ အရသာအားဖြင့် အနည်းငယ်စပ်တဲ့ အနေအထားရှိပြီး အထူးသဖြင့် ဥရောပနိုင်ငံတွေရဲ့ အစားအစာတွေမှာ ထည့်သွင်း စားသုံးလေ့ ရှိကြပါတယ်။
ကုဆိုင်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ စားရုံသာမက ဥယျာဉ်ခြံမြေတွေမှာဆိုရင် ပိုးမွှားကာကွယ် နှိမ်နင်းဖို့အတွက်လည်း အသုံးပြုကြလေ့ရှိပါတယ်။ ကုဆိုင်ဟာ အပင်အမြင့်အားဖြင့် ၁ ပေကနေ ၁.၆ ပေ လောက်အထိ ရှည်လျားနိုင်ပါတယ်။ ဘေးဘက်ကိုတော့ ၁ ပေကနေ ၂ ပေလောက်အထိ ဖြန့်ကျက်ကြီးထွား နိုင်ပါတယ်။ ကျောက်သားပေါများတဲ့ စားကျက်မြက်ခင်းတွေနဲ့ စိုစွတ်တဲ့ မြက်ခင်းပြင်တွေမှာ ပေါက်ရောက်လေ့ ရှိပါတယ်။
မြေဆီလွှာအနေနဲ့ဆိုရင် သမမျှတပြီး အက်စစ်ဓာတ်အနည်းငယ်ဆန်တဲ့ အနေအထားကို ကြိုက်နှစ်သက်ပါတယ်။ သူ့ရဲ့ ပန်းပွင့်အရောင်တွေကတော့ ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်နဲ့ အဖြူရောင်ဆိုပြီး ရှိကာ နွေရာသီမှာ ပန်းပွင့်လေ့ရှိပါတယ်။ ကုဆိုင်ပင်ရဲ့ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ လိပ်ပြာနဲ့ ငှက်တွေကို ဆွဲဆောင်နိုင် တာပဲ ဖြစ်ပါတယ်။
မျိုးစေ့ကနေစိုက်ပျိုးမယ်ဆိုရင် အညှောင်ပေါက်ဖို့ ရက်သတ္တပတ်အနည်းအထိ အချိန်ပေးရတတ်ပါတယ်။ မျိုးစေ့အညှောက်ပေါက်ပြီး အပင် ကြီးထွားရှင်သန်နိုင်ဖို့အတွက် မြေဆီလွှာရဲ့ အသင့်တော်ဆုံး အပူချိန်ကတော့ ၁၅ ဒီဂရီစင်တီဂရိတ် ကနေ ၂၁ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပါတယ်။ ကုဆိုင်ပင်ဟာ နေရောင်ခြည်ကောင်းစွာ ရရှိတဲ့နေရာကို ကြိုက်နှစ်သက်ပါတယ်။ အစိုဓာတ်ကောင်းကောင်းရှိပြီး မြေဆီကြွယ်ဝကာ ရေစိမ့်ဝင်မှုကောင်းတဲ့ မြေကိုနှစ်သက်ပါတယ်။
စိုက်ပျိုးမယ့်မြေနေရာ ရွေးချယ်ထားပြီးပြီဆိုရင် သဘာဝမြေဆွေးတွေကို မြေအနက် ၄ လက်မကနေ ၆ လက်မလောက်အထိ နှံ့စပ်သွားအောင် ရောပေးထားသင့်ပါတယ်။ မျိုးစေ့ကနေ စိုက်ပျိုးမယ်ဆိုရင် ၂ လက်မ အကွာအဝေးခြားကာ မြေအနက်အားဖြင့် ၁ လက်မရဲ့ ၄ ပုံ ၁ ပုံ အနက်လောက်မှာထားပြီး စိုက်သင့်ပါတယ်။ ပြီးရင်တော့ အပေါ်ယံကနေ မြေသားခပ်ပါးပါးပြန်ဖုံးပေးထားရပါမယ်။ ကုဆိုင်ဟာ ရေငတ်ဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိပြီး ပြုစုစောင့်ရှောက်ရမှုလည်းနည်းပါတယ်။ သို့ပေမယ့် အထွက်နှုန်းကောင်းကောင်း ရဖို့အတွက်ဆိုရင်တော့ စိုက်ပျိုးရာသီတစ်လျှောက်လုံး ရေကို တသမတ်တည်းလောင်းပေးဖို့ လိုအပ်ပါတယ်။
ရေလောင်းတဲ့အခါမှာလည်း မြေဆီလွှာကို ကောင်းစွာစိုစွတ်တဲ့အထိ လောင်းပေးသင့်ပါတယ်။ အပင်ငယ်စဥ်မှာတော့ ပေါင်းမြက်ကင်းဝေးစေဖို့ အပင်ခြေရင်းမှာ မြေဖုံးပေးထားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ မိမိစိုက်ပျိုးတဲ့မြေနေရာဟာ အာဟာရဓာတ်မကြွယ်ဝဘူးဆိုရင် နွေနှောင်းပိုင်း (သို့မဟုတ်) နွေရာသီအစောပိုင်းမှာ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝတဲ့ မြေဩဇာတွေကျွေးပေးသင့်ပါတယ်။
ကုဆိုင်ပင်တွေကို ရွှေ့ပြောင်းစိုက်ပြီး ရက် ၃၀ ခန့်မှာ အရွက်တွေကို ခူးဆွတ်ရိတ်သိမ်းနိုင်ပါတယ်။ အစေ့တိုက်ရိုက် စိုက်ပျိုးထားတယ်ဆိုရင်တော့ ချစိုက်ပြီး ရက်ပေါင်း ၆၀ ခန့်အကြာမှာ ရိတ်သိမ်းနိုင်ပါတယ်။ ရိတ်တဲ့အခါမှာ မြေပြင်ကနေ ၁ လက်မ (သို့မဟုတ်) ၂ လက်မ ခန့်ခွာပြီးရိတ်သိမ်းနိုင်ပါတယ်။ စိုက်ပျိုးတဲ့ ပထမနှစ်အတွင်းမှာဆိုရင် ၃ ကြိမ်မှ ၄ ကြိမ်အထိ ရိတ်နိုင်ပါတယ်။
ကုဆိုင်ပင်ရဲ့ပန်းပွင့်တွေကိုလည်း စားသုံးနိုင်ပြီး အရသာအားဖြင့်လည်း ကောင်းပါတယ်။ စီးပွားဖြစ်စိုက်ပျိုးပြီး သိုလှောင်မယ်ဆိုရင်တော့ လေအလုံပိတ်ထားပြီး အေးခဲနေတဲ့ အိတ်တွေ၊ အခန်းတွေထဲမှာ သိုလှောင်တာက ပိုပြီး သင့်တော်ပါတယ်။ ဘာလို့လဲဆိုတော့ ကုဆိုင်ကို အခြောက်ခံထားပြီးမှ သိုလှောင်မယ်ဆိုရင် သူ့ရဲ့ အနံ့အရသာ တွေကို လျော့နည်းသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။
ဇင်ထူးနိုင်
References
- http://www.picturethisai.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုဇော်နိင်
လွန်ခဲ့သော ၃ နှစ် ကကုဆိုင်ရဲ့ဆေးဖက်ဝင်ပုံသိချင်ပါတယ်ဆရာ
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026