အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(၃၂) စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း
‘ စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း’ ဟု ဆိုလိုက်လျှင် ကြားရတာ ဆန်းတော့ဆန်းနေလိမ့်မည်။ သို့သော် လျှော့တော့မတွက်စေချင်။ ခရီးသွားလုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေသဲ့ရနေသော ထိုင်းနိုင်ငံမှာ ဒါကိုပြပြီး လုပ်စားနေသည်။ ကျေးလက်တောင်သူတွေအတွက် ဝင်ငွေအခွင့်အလမ်းတစ်ရပ်ပင်။

ခရီးသွားလုပ်ငန်း အတတ်ပညာ (Tourism) လက်အောက်တွင်..
- ယဉ်ကျေးမှုဆိုင်ရာ ခရီးသွား လုပ်ငန်း (Cultural Tourism)၊
- အပန်းဖြေ ခရီးသွားလုပ်ငန်း (Leisure Tourism)၊
- စီးပွားရေးနှင့်ဆိုင်သော ခရီးသွားလုပ်ငန်း (Business Tourism)၊
- အားကစားဆိုင်ရာ ခရီးသွားလုပ်ငန်း (Sport Tourism)၊
- စွန့်စွန့်စားစား ခရီးသွားလုပ်ငန်း (Adventure Tourism)၊
- ပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Eco-Tourism) နှင့်
- စိုက်ပျိုးရေးခရီးသွားလုပ်ငန်း (Agro-Tourism) ဆိုပြီး ရှိနေခြင်းဖြစ်သည်။
အဲ့ဒီအထဲကမှ ကျွန်တော်တို့နှင့်ဆိုင်သော ‘ စိုက်ပျိုးရေးခရီးသွားလုပ်ငန်းအတတ်ပညာ' ဆိုသည့် ပညာရပ်မှာ ကျေးလက်ဒေသလူထုအတွက် စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းတစ်ရပ်ဖြစ်စေပြီး အပိုဝင်ငွေ ရှာပေးနိုင်သည့်ကဏ္ဍတစ်ခုဖြစ်သည်။
သူက ပင်လယ်ကမ်းခြေ (Beach) အပန်းဖြေခရီးထွက်တာမျိုး အလည်အပတ်ဆွဲဆောင်သည့် သမားရိုးကျ ခရီးသွားလုပ်ငန်းမျိုးမဟုတ်။ ကျေးလက်တောင်သူများ၏ ဒေသများမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေသော အလှတရားများဖြင့် ခရီးသွားများကို ဆွဲဆောင်ရသော လုပ်ငန်းမျိုး ဖြစ်သည်။
ဥပမာများအနေဖြင့်...
- အပျော်စီးရန် မြင်းလှည်း၊ နွားလှည်း၊ မြင်း၊ ကျွဲ၊ ဆင်၊ လှေ စသည်တို့ စီစဉ်ထားခြင်း၊
- သဘာဝအတိုင်း အပင်ကြီးများ၊ တောအုပ်များ၊ ရေကန်များ၊ မြစ်များ၊ ချောင်းများသို့ သွားလာလည်ပတ်စေနိုင်ခြင်း၊
- မြန်မာ့ရိုးရာနှင့်တိုင်းရင်းသား အစားအစာ၊ ကျေးလက်မုန့်များဖြင့် တည်ခင်းဧည့်ခံခြင်း၊ စနစ်တကျထုပ်ပိုး ပြုပြင်၍ ရောင်းချခြင်းလုပ်ငန်းဖြစ်သည့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Food Tourism) စသည်တို့ ပါဝင်သည်။
ကျွန်တော်တို့ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ မေဂျိုတက္ကသိုလ် (Maejo University) သို့လေ့လာရေးခရီး သွားရောက်ခဲ့စဉ်က နိုင်ငံခြားသား ခရီးသွားများအတွက် ကျွဲ၊ နွားများဖြင့် စပါးခင်းကို ထွန်ယက်နေသည့် သရုပ်ပြခင်းပြုလုပ်ပြီး ပြသခြင်း၊ ကျေးရွာများတွင်သုံးသည့် တံစဉ် (Sickle)၊ တောင်း၊ ဇကော၊ ဇကာ စသည်တို့ကိုပြသရှင်းလင်းခြင်း စတာမျိုးတွေပြုလုပ်ပြီး တက္ကသိုလ်ကပင် ဝင်ကြေးကောက်၊ နိုင်ငံခြားဝင်ငွေ ရှာနေသည်ကို ကြုံခဲ့ရသည်။ အရပ်စကားဖြင့်ပြောရလျှင် သူတို့ကောင်းကောင်းလုပ်စားတတ်သည်ဟု ဆိုရမလားပင် မသိတော့။
တကယ့်ကို လက်တွေ့ကျသည့် စိုက်ပျိုးရေးခရီးသွားလုပ်ငန်း အတတ်ပညာ (Agricultural Tourism) ကိုတွေ့ခဲ့ရခြင်း ဖြစ်သည်။
ပုံမှန်ဆိုပါက မြန်မာတစ်နိုင်ငံလုံး တနှစ် ကမ္ဘာလှည့်ခရီးသွားဦးရေ ၃-၄ သန်းရှိချိန်တွင် ကျွန်တော်တို့ အိမ်နီးနားချင်း ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား တနှစ် သန်း ၃၀-၄၀ အထိရှိနေသည်။ ဟောင်ကောင်တွင်ဆိုပါက ၂၀၁၁ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား သန်း ၆၀ ထိ ဝင်ရောက်သည်ဟု သိရှိရသည်။
အကျယ်အဝန်းအားဖြင့် ရှမ်းပြည်နယ်လောက်သာရှိသည့် ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် (Chiang Mai Province) တစ်ခုတည်းလျှင်ပင် ကမ္ဘာလှည့်ခရီးသွား ၁၀ သန်းရှိနေသည်ဆိုတော့ သူ့တစ်နေရာတည်းခရီးသွားကပင် မြန်မာတစ်နိုင်ငံလုံး၏သုံးဆခန့်ရှိနေသည်။
ချင်းမိုင်အပြည်ပြည်ဆိုင်ရာ လေဆိပ် (Chaing Mai International Airport) သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ထက် သေးငယ်သော်လည်း လေယာဉ် အဝင်အထွက် ၃-၄ ဆ ပိုနေသည်ကို ၂၀၁၉ ခုနှစ် ကျွန်တော်တို့အဖွဲ့ သုတေသနဆွေးနွေးပွဲသွားရောက်ခဲ့စဉ်က သတိထားမိခဲ့သည်။
ချင်းမိုင်ရှိ တက္ကသိုလ် ၂ ခုသာဖြစ်သည့် ချင်းမိုင်တက္ကသိုလ် (Chiang Mai University) လက်အောက် လူမှုရေးမဟာဌာန (Faculty of Humanities)၊ ခရီးသွားလုပ်ငန်းဌာန (Department of Tourism) နှင့် မေဂျိုတက္ကသိုလ် (Maejo University) လက်အောက် ခရီးသွားလုပ်ငန်းပညာအဆင့်မြင့်ကျောင်း (School of Tourism Development) တို့တွင်ပင် ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုပညာဘွဲ့ရသူများမှာ မြန်မာနိုင်ငံထက်ပိုများနေသည်။
ထိုင်းနိုင်ငံတက္ကသိုလ် အားလုံးနီးပါးတွင် ခရီးသွားလုပ်ငန်းဌာန (သို့မဟုတ်) မဟာဌာန (Department of Tourism or faculty of Tourism) များ ရှိနေသည်ဆိုတော့ ဒီပညာရပ်နှင့်ပတ်သက်ပြီး ပညာရှင်ဘယ် လောက်များနေမည်ဆိုသည်ကို တွေးကြည့်ကြပါကုန်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အမြန်ဆုံး၊ ဝင်ငွေအကောင်းဆုံး မီးခိုးမထွက်စီးပွားရေးလုပ်ငန်း ဖြစ်သည်။ စိုက်ပျိုးရေးအခြေပြုခရီးသွားလုပ်ငန်းဆိုသည်က မြန်မာနိုင်ငံ၏အခြေခံလူတန်းစားဖြစ်သည့် ကျေးလက်ကို အခြေခံထားခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် ပြည်တွင်းမြို့ပြနေလူတန်းစားအများစုသည်ပင် မြို့ပြ၏မွန်းကျပ်မှုဒဏ်ကနေ ခဏတဖြုတ်ရုန်းထွက်ဖို့ ကျေးလက်သဘာဝခရီးသွားလာခြင်းကို အတော်လေးစိတ်ဝင်စားမှုပိုလာသည်ကို တွေ့နေရပြီ။
ဆိုတော့ ကျေးလက်သဘာဝစစ်စစ်များကို ဆွဲဆောင်မှုအနေဖြင့် အသုံးချပြီး စိုက်ပျိုးရေးခရီးသွားလုပ်ငန်းကို စနစ်တကျလုပ်နိုင်မည်ဆိုပါက တောင်သူများအတွက်လည်း အခွင့်အလမ်းများပိုရလာနိုင်မည်မှာ အသေအချာပင်။
ထို့အပြင် နိုင်ငံခြားခရီးသွားများကိုပါ ဆွဲဆောင်နိုင်မည်ဆိုပါက မြန်မာ့ကျေးလက်သဘာဝစစ်စစ်များကို အခြေခံပြီး ယဉ်ကျေးမှုကိုချပြနိုင်မည်ဖြစ်သလို နိုင်ငံခြားဝင်ငွေပါတိုးလာနိုင်စေသည့်အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် စီးပွားရေးဖြစ်၍ လေးလေးနက်နက် အကောင်အထည်ဖော်သင့်သည့် ခရီးသွားစီးပွားရေးလုပ်ငန်းတစ်ခုဟု ဆိုချင်ပါသည်။
ယခုအနေအထားများအရ ကိုဗစ်နှင့်အတူ ပုံစံအသစ်နှင့်ခရီးသွားကဏ္ဍကို လုပ်ရမည့်အချိန်တွင် ‘ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ခရီးသွားလုပ်ငန်းအတတ်ပညာ' ( Agrotourism or Agricultural Tourism) ဖြင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်မိပါသည်။
အကောင်အထည်ပေါ်လာမည်ဆိုပါက စိုက်ပျိုးရေးသိပ္ပံပညာကို အသုံးချ၍ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု (Economic Development) နှင့်အလုပ်အကိုင်ရရှိရေး (Employability) အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည့် ပညာရပ်ခွဲတစ်ခုဖြစ်လာမည်ဖြစ်ပေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ohnmar Aung
လွန်ခဲ့သော ၄ နှစ် ကဆရာကြီးပြောသလိုပါ ပဲ Agrotourism ကို ချင်းမိုင်မှာ လေ့လာခဲ့ရပါတယ်ရှင့်။ မြန်မာနိုင်ငံမှာလည်း Agrotourism ရဲ့ sector ကို အကောင်ထည်ဖော်လို့ရတဲ့နေရာတွေအများကြီးရှိတာကို လေ့လာရပါတယ်ဆရာ ပူးပေါင်းမှု့ အားနည်းနေတာကိုတွေ့ရပါတယ်ဆရာ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး