အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အော်ဂဲနစ်လယ်ယာအတွက် ပျားမွေးမြူရေး (Beekeeping for Organic)

အော်ဂဲနစ်လယ်ယာအတွက် ပျားမွေးမြူရေး (Beekeeping for Organic)

Green Way
Green Way • Greenovator • 03/10/2018

Rudolf Steiner ဆိုသူက “သူတို့ရဲ့နေထိုင်ပုံနဲ့ဖန်တီးမှုများကို ထဲထဲဝင်ဝင်ပိုပြီးစုံစမ်းလေလေ၊ သူတို့ရဲ့ ကြီးကျယ်သော ဉာဏ်ရည်ဉာဏ်သွေးနဲ့ သူတို့ရဲ့အလုပ်ကို အောင်မြင်ပြီးဆုံးအောင် ဘယ်လိုလုပ်ကြတယ်ဆို တာကို မှတ်ချက်ပြုနိုင်လေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမှန်တကယ်ပါပဲ။ လုပ်သားပျားလေးတွေဟာ ပန်းဝတ်မှုန်ကိုရှာဖွေတွ့ရှိတဲ့အခါ သူတို့ရဲ့အပေါင်းဖော်လုပ်သားပျားတွေကို အင်္ဂလိပ်ဂဏန်း (8) ပုံစံ သင်္ကေတနဲ့ ယိမ်းထိုးကြကာ ဝမ်းပန်းတသာခေါ်ဆောင်သွားတာတွေ၊ သူတို့ရဲ့ အဆောက် အအုံ (Bee Hive)တွေကို ဗိသုကာပညာရှင်များကပင် လက်မှိုင်ချရတာတွေ၊ ရန်သူကို ကာကွယ်တိုက်ခိုက်တတ်တဲ့နေရာမှာ အသက်ကိုပင် စတေးခံကြတာတွေ အလွန်ကိုအံ့သြစရာကောင်းလှပါတယ်။ 

သူတို့ဟာ လူတွေရဲ့ ကျန်းမာရေးအကျိုးအတွက် ပျားရည်၊ ပျားသလက်၊ ပျားကော်၊ Royal Jelly အစရှိတဲ့ အဖိုးတန် ပစ္စည်းများကိုပေးတဲ့အပြင် လူတို့စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေရဲ့ အစေ့အဆံအောင်မြင်မှုရရှိဖို့ရာမှာ ဝတ်မှုန်ကူး ပေးကာ၊ သန္ဓေအာင်မြင်စေရန် လုပ်ဆောင်ပေးကြပါသေးတယ်။ သို့ပေမယ့် ပိုးသတ်ဆေးတွေ ပက်ဖျန်းအသုံးပြုနေတဲ့ သီးနှံစိုက်ခင်းတွေကြောင့် ပျားများသေဆုံးကြရတယ်။ သဘာဝပျားမျိုးတွေ အန္တရာယ်နဲ့ကြုံတွေ့နေကြရတယ်။ မိမိတို့ လူသားများအေပါ် အကျိုးပြုနေတဲ့ပျားလေးတွေကို အကာအကွယ်ပေးကြရပါမည်။

အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးမှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စနစ်ကိုအသုံးမပြုတဲ့အတွက် ပျားများကို အကာ အကွယ် ပေးရာရောက်တဲ့အပြင် သဘာဝပတ်ဝန်းကျင်မှာ ပျံ့နှံ့လာစေနိုင်ပါတယ်။ မိမိတို့ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်း မှာလည်း ပန်းဝတ်မှုန်ကူးပြီး အောင်မြင်မှုကြီးမားစွာရရှိအောင်ဆိုရင် အနည်းဆုံးပျားမွေးအိမ်လေးတွေလုပ်ပြီး ပျားမွေးမြူ ပေးသင့်ပါတယ်။

အခြေခံ အော်ဂဲနစ်လယ်ယာစာအုပ်မှ ကူးယူဖော်ပြပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။