ကျွဲ၊ နွားတွေက အရေးကြီးကုန်စည်လား (၁)
မွေးမြူရေးထုတ်ကုန်များအနက် လတ်တလောအနေဖြင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် အလားအလာအရှိဆုံးမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ် များပင် ဖြစ်ပါသည်။ အထူးသဖြင့် ကျွဲ၊ နွားများသည် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လိုအားမြင့်မားသည့် ထုတ်ကုန်များဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ကျွဲ၊ နွား များသည် အကြမ်းခံပြီး ကျေးလက်နေပြည်သူများ အလွယ် တကူ မွေးမြူနိုင်သည့်တိရစ္ဆာန်များဖြစ်နေသည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များမှာ စားမြုံ့ပြန်သတ္တဝါများဖြစ်ရာ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို အစာအဖြစ်အသုံးချ၍ မွေးမြူနိုင်သည့် အခွင့်အလမ်းလည်း ရှိနေပြန်သည်။ ကျွဲ၊ နွားများ မွေးမြူထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း၏ သွင်းအားစုတစ်ရပ်ဖြစ်သော သဘာဝမြေသြဇာထုတ်လုပ်မှုအတွက် များစွာ အထောက်အကူပြုနိုင်သည်။
မွေးမြူရေးထုတ်ကုန် ကျွဲ၊ နွားများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့မှု အခြေအနေ
- ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် သိုး၊ ဆိတ် တင်ပို့ရောင်းချခြင်းမှ အမေရိကန် ဒေါ်လာ ၁.၄၁၈ သန်းသာ ရရှိခဲ့ပါသည်။
- ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ် အောက်တို ဘာ ၉ ရက်မှ စတင်၍ ကျွဲ၊ နွား အရှင်များအား တရားဝင် တင်ပို့ခွင့်ပြုခဲ့ပြီး၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းတွင်တော့ သိုး၊ ဆိတ်၊ ကျွဲ၊ နွား တင်ပို့ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၃၆.၆၆၄ သန်းထိ ရှိလာခဲ့သည်။
- ဆက်လက်ပြီး ၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ မတ်လထိ ၆ လအတွင်းတွင်တော့ အမေရိကန်ဒေါ်လာ ၂၆၅.၂၃ သန်းအထိ ရရှိခဲ့ပြီး ယင်းအထဲမှ ၂၃၆ သန်းသည် ကျွဲ၊ နွား တင်ပို့ခြင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်မှ စတင်၍ ၂၀၁၉ စက်တင်ဘာလအထိ ကျွဲ၊ နွား အရှင်များအား တရားဝင်တင်ပို့ခွင့်ပြုခဲ့ရာတွင် သက်ဆိုင်ရာမှ တင်ပို့ရန် စစ်ဆေးခွင့်ပြုခဲ့သည့် ကျွဲကောင်ရေ ၅၉၅၄၉ ကောင်နှင့် နွားကောင်ရေ ၄၈၃၁၉၆ ကောင်ရှိခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်း ကောင်ရေတစ်သိန်းကျော် တင်ပို့ခဲ့ရာတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆၂.၈၅၉ သန်းရရှိခဲ့ကြောင်း သိရှိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကွတ်ခိုင်မြို့တွင် တိရစ္ဆာန်ကျန်းမာရေး စောင့်ကြည့် စ ခန်း (Animal quarantine center) ကို ဖွင့်လှစ်ကာ တရုတ်နိုင်ငံသို့ တရား၀င်တင်ပို့မည့် တိရစ္ဆာန် များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါကင်းရှင်းမှု စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် ၂၀၂၀ နှစ်ဆန်းပိုင်းမှ စတင်ကာ Covid-19 ရောဂါကြောင့် ကျွဲနွား ကုန်သွယ်မှု ရပ်တန့်နေခဲ့ခြင်းမှာ ယခုအချိန်ထိ ဖြစ်ပါသည်။
အထက်ပါအခြေအနေကိုလေ့လာကြည့်ခြင်းအားဖြင့် မွေးမြူရေးထုတ်ကုန်များအား ကုန်သွယ်ခြင်းနှင့် ပတ်သက်၍ မူဝါဒပိုင်းဖြေလျှော့ဆောင်ရွက်ပေးမှုများက ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် များစွာ အထောက်အကူပြုနိုင်ခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်သည်။
သို့သော် လက်တွေ့လုပ်ငန်းအကောင်အထည်ဖော်မှုအပိုင်းတွင်တော့ အခက်အခဲအချို့ ကျန်ရှိနေဆဲ ဖြစ်ပြီး ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန် လိုအပ်နေဆဲ ဖြစ်သည်။
အခြေခံအကျဆုံး အခက်အခဲတစ်ခုမှာ ကျွဲ၊ နွား များကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ ကူးသန်းသွားလာမှုများအား ထိန်းချုပ်ထားခြင်း ဖြစ်သည်။
အရေးကြီးကုန်စည်လား?
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အထိ ကျွဲ၊ နွား များကို လယ်ယာစိုက်ပျိုးရေးတွင် ယန္တရားများ အဖြစ် အသုံးပြုခဲ့ကြရသည်။ ထို့ကြောင့် ခိုင်းကျွဲ၊ ခိုင်းနွားများ လျော့ပါးသွားခြင်း မရှိစေရန် အတွက် “အရေးကြီးကုန်စည်အက်ဥပဒေ” ဖြင့် ထိန်းသိမ်းခဲ့ရသည်။
ယင်းဥပဒေဖြင့် ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားရာ တစ်နေရာမှ တစ်နေရာသို့ ကူးသန်းသွားလာရာတွင် အာဏာပိုင်အဖွဲ့အစည်းများ၏ခွင့်ပြုချက် လိုအပ်လာသည်။ အရေးကြီးကုန်စည် အက်ဥပဒေဖြင့် အရေးယူရာတွင် ရဲအရေးပိုင်သည့်အမှု ဖြစ်နေပြန်သည်။ မိမိ၏ ကျွဲ၊ နွားများကို တစ်ရွာမှတစ်ရွာသို့ သယ်ဆောင်မောင်းနှင်မိရုံဖြင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများပင် ရှိခဲ့ဖူးသည်။
ကျွဲ၊ နွားများကို ကုန်စည်အဖြစ် ကူးသန်းရောင်းဝယ်ရာတွင် ယင်းတားဆီးပိတ်ပင်မှုများက ကုန်သွယ်ရေးအတွက် အဓိကအတားအဆီးဖြစ်လာသည်။ သည်နေရာတွင် စဉ်းစားစရာမှာ ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားခြင်းသည် ထိရောက်မှု ရှိပါရဲ့လား၊ လက်ရှိအခြေအနေနှင့် သင့်လျော်မှု ရှိပါရဲ့လား ဟူသော မေးခွန်းပင် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြသွားပါမည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်ရဲကျော်
လွန်ခဲ့သော ၃ နှစ် ကအခုလည်းဖမ်းတုန်းပါဘဲခင်ဗျာ အထက်အမိန့်လား အောက်ကလုပ်စားတာလားမသဲကွဲဘူး တောင်သူလယ်သမားတွေက ခံဘက်ကချည်းပါဘဲဗျ ခေတ်အဆက်ဆက် ဘယ်သူ့ကိုအဖေခေါ်ရမှန်းသိကိုမသိရတာပါ လေးစားစွာဖြင့်
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025