တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ
ဒီတစ်ပတ်ထဲမှာတော့ မိမိလည်းတကယ်ကြိုက်မိသလို တောင်သူများအတွက်လည်း အမှန်တကယ် အကျိုးရှိမည့်ဆောင်းပါးနှစ်ပုဒ်အကြောင်း ထိပ်ဆုံးကနေ ပြောလိုပါသည်။ ဆောင်းပါးရှင်ဒို့ဦးလေး၏ မှိုရောဂါများနှင့်ပတ်သက်ပြီး တကယ့်ကိုနားလည်သွားစေမည့် ဆောင်းပါးများ။

ဒို့ဦးလေးဆိုသည်က အစိမ်းရောင်လမ်းအမေးအဖြေကဏ္ဍတွင် တောင်သူများ၏ မေးခွန်းများကို တာဝန်ယူ ဖြေပေးနေသည့် ပညာရှင်များထဲမှတစ်ဦးဖြစ်ပါသည်။ စိုက်ပျိုးရေးဆေးဝါး၊ ပိုးမွှား၊ ရောဂါများနှင့်ပတ်သက်၍ တော်တော်လေးကို ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လက်တွေ့ တွင်လည်း တောင်သူများကို ကွင်းဆင်း ပညာပေးနေသူတစ်ဦးဖြစ်သည်။
ယခုတစ်ပတ်အတွင်း ဖော်ပြပေးခဲ့သည့် ‘မှိုသတ်ဆေးနိဒါန်း’ နှင့် ‘မှိုရောဂါများကိုလေ့လာခြင်း’ ဆောင်းပါးများကိုက အစိမ်းရောင်လမ်းအမေးအဖြေကဏ္ဍတွင် တောင်သူများမေးလာသည့်မေးခွန်းများကို အခြေခံ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တကယ့်ကိုကောင်းသည့်ဆောင်းပါးများပါ။ သာမန်လေ့လာလိုသည့်တောင်သူများသာမက နားလည် တတ်ကျွမ်းသူများအတွက်ပါ အသုံးတည့်မည်ဟု ယုံကြည်မိသည်။ မှိုရောဂါများနှင့်ပတ်သက်ပြီး ကာကွယ်ဆေး၊ ကုသဆေးများကို ခွဲခြားပြထားသည်။ တောင်သူများအမေးများသည့် မှိုအစစ်ဆိုတာ ဘာလဲ၊ မှိုအတုဆိုတာ ဘာလဲ၊ ဘယ်လိုတွေအကျိုးသက်ရောက်တတ်သလဲ၊ ဘယ်လိုနှိမ်နင်းသင့်သလဲ ဆိုတာတွေကို စုံနေအောင် ရှင်းရှင်းလင်းလင်း ပြောပြထားသည်။
ဆောင်းပါးပါအကြောင်းအရာများအားလုံး အကောင်းတွေချည်းဖြစ်နေ၍ မည်သည့်အကြောင်းကိုမျှ ထူးပြီး မညွှန်းချင်တော့ပါ။ မဖတ်ရသေးသူများ အောက်ပါလင့်များထဲကနေ ဝင်ဖတ်ဖြစ်အောင်ဖတ်ပါဟုသာ တိုက်တွန်းလိုပါသည်။
မှိုသတ်ဆေးနိဒါန်း - https://bit.ly/3JnOKen
မှိုရောဂါများကိုလေ့လာခြင်း (မှိုအစစ်နဲ့ မှိုအတုဆိုတာ...)
မိမိရင်ကိုထိရှစေသည့် နောက်အကြောင်းတစ်ခုကတော့ အစိမ်းရောင်လမ်းဆော့ဝဲတွင် ပြီးခဲ့ သည့်တစ်ပတ်ကမှ စတင်ဖော်ပြပေးလာသည့် ကမ္ဘာတစ်ဝန်းစိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ ကဏ္ဍဖြစ်သည်။ အပတ်စဉ် တနင်္လာနေ့တိုင်း ဖော်ပြပေးသွားဖို့ စီစဉ်ထားပါသည်။ တစ်ပတ်အတွင်း ကမ္ဘာ့မွေးမြူရေးသတင်းတွေထဲကမှ စိတ်ဝင်စားစရာအကောင်းဆုံး၊ မြန်မာ့မွေးမြူရေးလောကကိုပါ သက်ရောက်လာနိုင်ချေအရှိဆုံးသတင်းများကို စုစည်းတင်ပြခြင်းဖြစ်သည်။
ဒီတစ်ပတ်ဒီကဏ္ဍအောက်မှာတော့ အစ္စရေးပညာရှင်တွေက ဥစားကြက်မွေးမြူရေးမှာ အသုံးမလိုတဲ့ ကြက်ထီးတွေကို ဥကဖောက်ကတည်းက ပါမလာတော့အောင် လုပ်နိုင်သွားပြီဆိုသည့်သတင်း၊ ကြက် ငှက်တုပ်ကွေးရောဂါဟာ ကိုဗစ်-၁၉ လိုမျိုး ကမ္ဘာ့ကပ်ရောဂါကြီးအသွင်ဖြစ်လာနိုင်မှာကို စိုးရိမ်မှုတွေ ရှိလာကြတယ်ဆိုတဲ့သတင်း၊ ဘက်ထရီခြံနဲ့ ကြက်မွေးမြူတာကို နယူးဇီလန်အစိုးရက ပိတ်ပစ်လိုက်လို့ ကြက်မွေးမြူသူတွေက မကိုက်တော့လို့ မမွေးတာမျိုးဖြစ်လာနိုင်တာကြောင့် ကြက်ဥဈေးတွေတက်လာမှာကို စိုးရိမ်ပြီး နယူးဇီလန်နိုင်ငံသားတွေ ကိုယ်တိုင်ဥစားကြက်တွေမွေးဖို့ ကြိုးစားလာကြတယ်ဆိုတဲ့သတင်း စသည့် သတင်းတွေ ပါဝင်လာသည်။
ကဲ...မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေရှိမရှိကိုထားပါဦး။ ဒီတိုင်းကြီးကိုက အတော်လေး စိတ်ဝင် စားဖို့ ကောင်းသည့်သတင်းများဖြစ်နေသည်မဟုတ်ပါလား။ ကမ္ဘာကြီးတခြားတစ်ဖက်ခြမ်းမှာ လိပ်ပြာ တောင်ပံ တစ်ချက်ခတ်ရင်တောင် (ဆိုရှယ်မီဒီယာမှာခေတ်စားနေသည့်လိပ်ပြာမဟုတ်ပါ) နောက်ကမ္ဘာတစ်ခြမ်းအပေါ် သက်ရောက်မှုကြီးနိုင်နေသည့်ကာလမျိုးမှာ ဒီအကြောင်းအရာတွေကလည်း မြန်မာနိုင်ငံအပေါ် သက်ရောက် မှုတော့ ရှိနိုင်နေပါသည်။ ဘယ်လိုသက်ရောက်မှုမျိုးတွေရှိနိုင်လဲဆိုတာကိုတော့ အောက်ပါလင့်ကနေ အပြည့်အစုံဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံထက် ၁၉ နှစ်နောက်ကျပြီးမှ ကောလိပ်လေးအဖြစ်နှင့် စတင်ခဲ့သည့် ထိုင်းနိုင်ငံက ကဆက်ဆတ် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဟာ အခုဆိုရင် အာဆီယံဒေသတွင်းတစ်ခုလုံးမှာတောင် အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်နေပါပြီတဲ့။
မြန်မာနိုင်ငံကပင် အဲ့ဒီတက္ကသိုလ်မှာသွားပြီး မဟာသိပ္ပံဘွဲ့နှင့်ပါရဂူဘွဲ့သွားယူခဲ့ကြရသူတွေ မနည်း မနောရှိခဲ့ပြီ။ တက္ကသိုလ်ရဲ့ဧရိယာကပင် ဧက ၁၀၀၀၀ နီးပါး။ ‘ ၂၀၂၂ ခုနှစ်မှာ စုစုပေါင်းကျောင်းသား (၆၈၀၀၀) ကျော်နှင့် ဝန်ထမ်းဦးရေ (၃၅၀၀) ကျော်က နယ်မြေ (Campus) ပေါင်း ၅-ခု မှာ စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ငါး၊ ပုစွန်လုပ်ငန်းကို အဓိကထားသင်ကြားနေပါသည်’ တဲ့။
ဆောင်းပါးရှင်ဆရာကြီးဒေါက်တာမျိုးကြွယ်၏ ‘ ထိုင်းနိုင်ငံနှင့် အာဆီယံနိုင်ငံများကြား အကောင်းဆုံး စိုက်/မွေး တက္ကသိုလ် ကဆက်ဆတ်’ ဆိုသည့် ဆောင်းပါးထဲကအကြောင်းတချို့ပြောပြတာပါ။ အားကျစရာလား။ လွမ်းစရာလား ဆိုတာပင် မိမိမခွဲတတ်တော့ပါ။ မိမိနှင့်အရမ်းမကွာသူဆိုရင်တော့ ငါလည်းမီအောင် ကြိုးစားမည်ဟု အားကျကြိုးစားမိနိုင်ပါသည်။ သို့သော် မီဖို့ကြိုးစားသူကိုမှ အောက်ကဆွဲချ ဒုက္ခပေးနေသူတွေပါ ရှိနေမည် ဆိုရင်တော့ ပိုပိုဝေး၊ ပိုပိုခက်သွားဖို့သာ ရှိပါလိမ့်မည်။ အခုကိုပင် ကွာလွန်းမက ကွာလာနေပါပြီ။ မိမိတို့ငယ်စဉ်က ‘အာရှမှာ မြန်မာကသာ အနိုင်ယူဗိုလ်စွဲပြမည်’ ကနေ မိမိတို့အရွယ်ရောက်တော့ လက်တွေ့ဆန်နိုင်မည့် ‘အရှေ့တောင်အာရှမှာ အနိုင်ယူဗိုလ်စွဲပြမည်’ ဆိုသည်ကို လျှော့ချလိုက်ရသည်။ အခုက တော့ ဘာဆက်ဖြစ်မလဲ မသိတော့ပါ။
အားကျချင်သည်ဖြစ်စေ၊ လွမ်းချင်သည်ဖြစ်စေ၊ နာကျင်ချင်သည်ဖြစ်စေ ဗဟုသုတအလို့ငှာဖတ်ချင် သိချင် သည်ဆိုပါက ကဆက်ဆတ်တက္ကသိုလ်အကြောင်းကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဒီတစ်ပတ်အတွင်း ပြည်တွင်းစားသုံးကုန်များဖြစ်သလို ပြည်ပပို့ကုန်များလည်းဖြစ်သည့် ဆန်၊ ပဲစင်းငုံနီ၊ ပြောင်း ဈေးများတက်သည့်သတင်းများကလည်း စိတ်ဝင်စားစရာကောင်းပါသည်။ ဆက်တိုက်မြင့်တက်နေသည့် ပဲစင်းငုံနီကိုတော့ လက်ရှိတွင် အများဆုံးဝယ်ယူနေသည့် အိန္ဒိယအပြင် တရုတ်ဘက်ကပါ ဝယ်ယူနေ၍ ဈေးကောင်းရနေခြင်းဖြစ်သည်ဟု ဆိုသည်။ အိန္ဒိယကတော့ အရန်ပဲသိုလှောင်ဖို့ ပဲစင်းငုံနီကို မြန်မာနှင့် အာဖရိက ကနေ ပေါက်ဈေးအတိုင်းပေး ဝယ်ယူဖို့ ဆွေးနွေးနေသည်ဟုလည်း သိရသည်။ ဈေးထပ်မြင့်ရန်ရှိမရှိကိုတော့ စောင့်ကြည့်ရဦးမည်။ သွင်းအားစုတွေ အစစအရာရာဈေးမြင့်နေသည့်တောင်သူများအတွက် ဈေးပိုကောင်းနိုင်ပါစေဟုသာ ဆုတောင်းပါသည်။
ဒီတစ်ပတ်ကိုတော့ ဒီမျှနှင့်ပဲ နိဂုံးချုပ်ပါရစေ။ တရုတ်နှစ်သစ်ကူးနေ့နဲ့အတူ မြန်မာပြည်ဖွားတရုတ်လူမျိုးအပေါင်း၊ တောင်သူမယ်မောင်အပေါင်းနဲ့ ပြည်သူပြည်သားအပေါင်း လိုအင်ဆန္ဒတွေပြည့်မြောက်ပြီး ကျန်းမာချမ်းသာရှိကြ ပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026