အော်ဂဲနစ် ဘာကြောင့်ကောင်းသလဲဆိုသည့်အကြောင်းပြချက် (၈)ချက်
(၁) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက မြေဆီလွှာကို ပိုကောင်းစေပါတယ်။
အော်ဂဲနစ်လယ်ယာကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သီးနှံပင်တွေရဲ့ အမြစ်များက ခပ်နက်နက်ဆင်းပြီး (၈၀)ရာခိုင်နူန်းထက် ပိုသော မြေဆီလွှာအဏုဇီဝသက်ရှိ အထူးသဖြင့် မှိုတွေက သစ်ပင်ရဲ့ အမြစ်တွေမှာ အတူရှိနေပြီးတော့ အပင်အာဟာရတွေကို စုပ်ယူပေးထားကြတယ်။
(၂) အော်ဂဲနစ် အစားအစာက ကင်ဆာကို တိုက်ခိုက်ရာမှာ ကူညီတယ်။ လေဖြတ်တာ မဖြစ်အောင်၊ နှလုံးပြဿနာတွေ မဖြစ်အောင် ကူညီတယ်။
အော်ဂဲနစ် အပင်များမှာ ထောက်ပံ့ပေးတဲ့ အစာတွေထဲက Salicylic Acid (အက်စပရင်ဆေးမှာ အဓိကပါဝင်)ဟာ ရောဂါနဲ့ ဖိစီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက သဘာဝမျိုးစိတ် တွေ (၅၀) ရာခိုင်နူန်းထက်ပိုလာစေပြီး ငှက်မျိုးစုံတွေကို (၄၅) ရာခိုင်နူန်းအထိ ပိုပြီး ဆွဲဆောင်စေတယ်။ အော်ဂဲနစ်လယ်ကွက်တွေမှာ လိပ်ပြာတွေ အဏုဇီဝ သက်ရှိတွေ အခြားသမားရိုးကျ စိုက်ကွင်းတွေထက် (၂) ဆ ပိုမိုဆွဲဆောင်ပါတယ်။
(၄) အော်ဂဲနစ် အစားအစာက အာဟာရဓာတ်ပိုပြီးပါဝင်ပါတယ်။
ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ အော်ဂဲနစ်မဟုတ်တဲ့ စနစ်တွေက ဓာတုပစ္စည်းတွေကို မြန်သထက်မြန်မြန် ကြီးထွားစေဖို့ အသုံးပြုကြတဲ့အတွက် အစားအစာအပေါ်မှာ အာဟာရအကျိုးသက်ရောက်မှု အချိန်ကာလ မရှိတော့ပါဘူး။
နှစ်ပေါင်း (၅၀) မျှ ဓာတုအသုံးပြုလို့ မိမိတို့ရဲ့ ထုတ်လုပ်မှု ကျဆင်းလာတဲ့အတိုင်း မိမိတို့ထုတ်ကုန်ရဲ့ အာဟာရ တန်ဖိုးတွေ ကလည်း ကျဆင်းလာတယ်။ အာလူးမှာဆိုရင် ဗီတာမင် A (၁၀၀) ရာခိုင်နူန်းမရှိတော့ဘူး။ ဗီတာမင် (C)နဲ့ သံဓာတ် (Fe)၊ (၅၅)ရာခိုင်နူန်းပျောက်ဆုံးနေပြီးတော့ ထုံးဓာတ် (Ca) (၂၅) ရာခိုင်နူန်းနှင့် ဗီတာမင် B ရရှိစေနိုင်မဲ့ ရိုင်ဗိုဖလေဗင်က (၅၀) ရာခိုင်နူန်းဆုံးရှုံးကုန်တယ်။ ပုလဲကဲ့သို့ ဓာတ်မြေသြဇာက အာလူးရဲ့ အရသာကို ပျက်ယွင်းစေတယ်။ ယခင် ပုလဲ၊ ယူရီးယား မထည့်တဲ့ အာလူးက သကြားပွင့်နေသလိုမျိုးပဲ စားရတာကလည်း လျှာထဲမှာ ပျော်သွားလောက်အောင် အရသာရှိပါတယ်။
(၅)လူတွေရဲ့ ကျန်းမာရေးအတွက် အသီးတွေထဲမှာ ပန်းသီးကို တန်ဖိုးထားကြပါတယ်။ အော်ဂဲနစ်ပန်းသီးက ကျန်းမာရေးနဲ့ ပြည့်စုံစေပါတယ်။
မိမိတို့အနေနဲ့ ပန်းသီးစိုက်ပျိုးရေးခြံတွေကို ရောက်ဘူးကြပါသလား။ ပန်းသီးတစ်လုံးကောင်းမွန်စွာ စားသုံးရဖို့ မှိုသတ်ဆေး၊ ပိုးသတ်ဆေးမျိုးစုံ၊ အသုံးပြုနေကြတာကို တွေ့မြင်ကြရမှာပါ။ ဒီလိုနည်းလမ်းနဲ့ အော်ဂဲနစ်နည်းလမ်းမှ ရလာတဲ့ ပန်းသီးရဲ့ ကွာခြားမှုက အလွန်ကို ကြီးမားလှပါတယ်။ အော်ဂဲနစ်ပန်းသီးက အရသာထူးခြားကောင်းမွန်တယ်။ အာဟာရလည်း ပိုပြီး ပါဝင်တယ်။ အော်ဂဲနစ်ပန်းသီးက အရသာထူးခြားကောင်းမွန်တယ်။ အာဟာရလည်း ပိုပြီးပါဝင်တယ်။ "အော်ဂဲနစ်ပန်းသီးနေ့စဉ် စားရင် ဆရာဝန်မလိုအပ်တော့ပါဘူး"တဲ့
(၆) အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်းက ရာသီဥတုပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်ပါတယ်။
အော်ဂဲနစ်မြေဆီလွှာက ကာဗွန်ကို သယ်ဆောင်တဲ့ အဏုဇီဝ သက်ရှိတွေနဲ့ ပြည့်ဝရှင်သန်နေပါတယ်။ စမ်းသပ်မှုများအရ မြေဆီလွှာတိုးတက်မှုဟာ အော်ဂဲနစ်မြေမှာ ရာခိုင်းနုန်း(၁၂၀) တိုးတက်ပြီး ဓာတုပစ္စည်းအသုံးပြုမှုမှာ စမ်းသပ်ချက်အရ (၂၀) ရာခိုင်နူန်း တိုးတက်လာတာတွေ့ရတယ်။ အော်ဂဲနစ်လယ်ယာမှာ အော်ဂဲနစ်ကာဗွန်ထုတ်လုပ်မှု (၂၅) ရာခိုင်နူန်း ပိုမိုပြီး မြေဆီလွှာထဲမှာ သိုမှီးထားနိုင်တယ်။
(၇) ခြောက်သွေ့တဲ့ အခြေအနေမှာ အော်ဂဲနစ်လယ်ယာရဲ့ ထုတ်လုပ်မှုက အထွက်နူန်းမြင့်မားစေတယ်။
အော်ဂဲနစ်မြေဆီလွှာက အစိုဓာတ်ကို ပိုပြီး ထိန်းထားနိုင်တယ်။ အမြစ်အဖွဲ့အစည်းကလည်း မြေကြီးအောက်ကို နက်နက် ဆင်းလို့ အစိုဓာတ်ပိုရစေတယ်။ ကနေဒါနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးသူများက သမားရိုးကျထက်ပိုပြီးတော့ ခြောက်သွေ့တဲ့ အခြေအနေမှာ အထွက်ပိုကောင်းအောင် ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။
(၈) အော်ဂဲနစ်အစားအစာက လုံခြုံစိတ်ချရတယ်။
နောက်ဆုံးအချက်ကတော့ အော်ဂဲနစ်အစားအစာဟာ လုံခြုံ စိတ်ချရပါတယ်။ အော်ဂဲနစ်လယ်ယာက အလုပ်အကိုင်ကို ပိုမိုဖန်တီးပေးနိုင်တယ်။ အမြတ်ပိုရစေတယ်။ နိုက်ထရိုဂျင်စီးဆင်းမှုမဖြစ်တဲ့အတွက် ရေထုမညစ်ညမ်းစေပါဘူး။ ဒီလောက်တင်မဟုတ်ပါဘူး။ နိုင်ငံတကာစိုက်ပျိုးရေးကို သွားရောက်လေ့လာကြည့်မယ်ဆိုရင် သမားရိုးကျနဲ့ စိုက်ပျိုး ထုတ်လုပ်သူတွေက ဓာတုပစ္စည်းတွေနဲ့ လက်ပွန်းတတီး အသုံးပြုနေရလို့ ကျန်းမာရေးဆုံးရှုံးမှု ဖြစ်တယ်ဆိုတဲ့ အချက်ကို တွေ့ရမှာပါ။
နောက်ဆုံးမှာတော့ အော်ဂဲနစ်လယ်ယာအလေ့အကျင့်ဟာ အားလုံးကို အောင်နိုင်သွားမှာပါ။ အာဟာရကောင်း၊ ဓာတုအန္တရာယ်မရှိ၊ တစ်နှစ်ပတ်လုံးအထွက်ကောင်း၊ သဘာဝသက်ရှိပိုမိုပွားများလာမယ်။ မြေဆီလွှာ အရည်အသွေး ပိုကောင်းကာ လူတွေလည်း ဖျားနာတာ မဖြစ်တော့ပါဘူး။
ကိုကား - အခြေခံ အော်ဂဲနစ်လယ်ယာ/မင်းဝင်းထိန် ( BAG)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။
U BHONE THWE HTAN • ဖြေကြားချက် 1 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....