ဧကရှစ်ထောင်ကျော်အတွက် စိုက်ပျိုးရေး ပညာပေးဝန်ထမ်း တဦးသာ ခန့်ထားနိုင်
မြန်မာတပြည်လုံးမှာ စိုက်ပျိုးဧကပေါင်း ၂၉သန်းကျော်ရှိတဲ့ အနက် စိုက်ပျိုးမြေဧက ၈ထောင်ကျော်မှာ စိုက်ပျိုးရေး ပညာပေးဝန်ထမ်း တစ်ဦးနှုန်းနဲ့သာ ခန့်အပ်ထားနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒနှင့် ဝန်ထမ်းရေးရာဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က ဒီဗွီဘီကိုပြောပါတယ်။
“ဝန်ထမ်း အင်အား နည်းတော့ စိုက်ပျိုးရေး ပညာပေး လုပ်ငန်းတွေမှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းနေရပါတယ်။ သီးခြား ဖွဲ့စည်းပုံ တိုးဖို့ မရှိပါဘူး။ အခုလောလောဆယ် ဖွဲ့စည်းပုံ အတွင်း ခွင့်ပြုတဲ့ထဲက ခန့်အပ်ထားတာ ဖြစ်ပါတယ် ”
ဌာနဖွဲ့စည်းပုံအရ အစိုးရက စိုက်ပျိုးမြေဧက ၄ ထောင်ကျော်မှာ စိုက်ပျိုးရေး ပညာပေးဝန်ထမ်း ၁ဦး ကို ခန့်ထားရမယ့် ပမာဏဖြစ်တဲ့ ဝန်ထမ်း ၈ ထောင်လောက်ကို ခန့်အပ်ဖို့ လျာထားပေမယ့် ၃၂၀၀ဦး သာ ခန့်ထားနိုင်ပြီး နေ့စား ဝန်ထမ်း အဖြစ် ဦးရေ ၂၀၀ ကျော် ခန့်အပ်ထားတယ်လို့လည်း ပြောပါတယ်။
မြန်မာတောင်သူ အများစုဟာ မြေ၊ မျိုး၊ ပိုး၊ ရောဂါ၊ ရာသီဥတု၊ စတဲ့ စိုက်ခင်း စီမံ ခန့်ခွဲနိုင်မှုအပိုင်း အားနည်းနေပြီး ခေတ်မီ နည်းပညာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
တောင်ကြီးမြို့မှာ ထောပတ် စိုက်ပျိုးရေး လုပ်နေတဲ့ ကိုကျော်စိုးမင်းက
“ရရင်တော့ ပိုကောင်းတာပေါ့၊ ခုမှစတဲ့သူတွေအတွက် လိုအပ်ပါတယ်။ အဓိကက မျိုး ပြဿနာပါ၊ အဲဒါကို လုပ်ပေးနိုင်ရင် တော်တော်လေး ကျေနပ်မိမှာပါ။ မျိုးသန့်ပြီး ဒေသမျိုးကို သေချာ ခွဲခြား စိတ်ဖြာပေး စေချင်တာ ဒေသမျိုးလည်း ကောင်းတာတွေရှိတယ်”လို့ ပြောပါတယ်။
တောင်သူလယ်သမားတွေက နည်းပညာတွေရရှိပြီး အခက်အခဲတွေကို ဖြေရှင်းပေးနိုင်အောင် အစိုးရဝန်ကြီးဌာနအနေနဲ့ စိုက်ပျိုးရေးပညာပေးဝန်ထမ်းတွေကို ကျေးရွာတိုင်းမှာခန့်ထားဖို့ လိုတယ်လို့ စိုက်ပျိုးရေး ပညာရှင် ဦးစိုင်းဘဉာဏ်က ဒီဗွီဘီကိုပြောပါတယ်။
“တောင်သူတွေ မှာ နီးစပ်ရာကြားဖူးနားဝတွေနဲ့ လုပ်ရင်းနဲ့ စိုက်ပျိုးရေးက သဘာဝနည်းတွေ မသုံးတော့ဘဲနဲ့ ဓာတ်မြေသြဇာတွေ အဓိကသုံးလာတယ်။ ပြောရရင်တော့ သူတို့ကို ပညာပေးဖို့လို အပ်တာပေါ့နော်၊ သူတို့က အလွယ်လိုက်တဲ့ အခါကျတော့ အခု ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေက သိတဲ့ အတိုင်းပဲ ကြော်ငြာတွေမှာလည်းပဲ ဘယ်ရောဂါ ဖြစ်လိုက်ရင် ဒါဖျန်းလိုက်ရင် ဘယ်လို ဖြစ်သွားမယ်ဆိုတာတွေကို တောင်သူတွေက ကြားလိုက်တဲ့အခါကျတော့ ဒါတွေကို အလွယ်လိုက်လုပ်နေတယ်။ နယ်တွေမှာလည်း လိုက်ဆင်းမေးဖူးတယ်။ ခင်ဗျားတို့ ဒါတွေ ဘာလို့သုံးလဲဆိုတော့ မသိဘူး။ ကောင်းတယ်ဆိုလို့ သုံးတယ်။ ဒီလိုပဲပြော ကြတယ်။ ဆိုတော့ သူတို့မှာ သိပ်ပြီး သေချာ ဂဃနဏ ရှင်းပြမယ့်သူ မရှိဘူး။”
စိုက်ပျိုးရေး ပညာပေး ဝန်ထမ်း နည်းပါးမှုက စိုက်ပျိုးရေး ထွက်ကုန်တွေရဲ့ အထွက်နှုန်းနဲ့ အရည်အသွေး ထိခိုက်နိုင်ပြီး လယ်ယာဘေးထွက် ပစ္စည်းတွေကို သဘာဝမြေဆီနဲ့ စိုက်ပျိုးရေး သုံးဆေးတွေအဖြစ် အသုံးမပြုတတ်ပဲ စိုက်ပျိုးရေး သွင်းအားစုတွေ ဝယ်ယူ သုံးစွဲရလို့ တစ်ဧက ကုန်ကျစရိတ် မြင့်တက်လာနိုင်တဲ့ အကျိုးဆက် ဖြစ်နိုင်တဲ့အကြောင်း စိုက်ပျိုးရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်
Source- DVB (သတင်း- ရူပါအောင်ဝင်း)
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026