အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ထောပတ်သီးအစွမ်း (၁၀) မျိုး

ထောပတ်သီးအစွမ်း (၁၀) မျိုး

Green Way
Green Way • 19/01/2018

၁။ ဆီးကျိတ်ရောဂါ ကာကွယ်ပေးခြင်း- ထောပတ်သီးသည် ဆီးကျိတ် ကင်ဆာဖြစ်ပေါ်မှုကို ဟန့်တားပေးနိုင်သော အသီးတစ်မျိုးဟု ဖော်ပြထားကြသည်။

၂။ ခံတွင်း ကင်ဆာ ကာကွယ်ပေးခြင်း - ထောပတ်သီးတွင်ပါဝင်သော အချို့ ကွန်ပေါင်းများသည် ကင်ဆာ ဖြစ်ပေါ်စေနိုင်သော ဆဲလ်များ(အထူးသဖြင့် ခံတွင်းကင်ဆာဖြစ်ပေါ်စေနိုင်သောဆဲလ်များ) ကို ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိပြီး ကျန်းမာ သန်စွမ်းသော ဆဲလ်များကို ထိခိုက်မှုမရှိစေဘဲ ကင်ဆာဆဲလ်များကို ဖျက်ဆီးပေးနိုင်စွမ်းရှိသည်ဟု သုတေသနများတွင် ဖော်ပြထားသည်။

၃။ ရင်သား ကင်ဆာ ကာကွယ်ပေးခြင်း - ထောပတ်သီးသည် သံလွင်ဆီကဲ့သို့ အမျိုးသမီး ရင်သား ကင်ဆာကာကွယ်ပေးနိုင်သော(Oleic acid) ပါဝင်မှုမြင့်သည်ဟု လေ့လာမှုများစွာက ဖော်ပြထားသည်။

၄။ မျက်လုံး ကျန်းမာရေးကောင်းမွန်စေခြင်း- အသက်အရွယ်အရ ဖြစ်ပေါ်လေ့ရှိသော အမြင်အာရုံချို့တဲ့မှုနှင့် မျက်စိတိမ်စွဲရောဂါတို့ကို ကာကွယ်ပေးနိုင်သော (carotenoid lutein) သည် လူသားတို့ နေ့စဉ် စားသုံးလေ့ရှိကြသော အသီးများထက် ထောပတ်သီးတွင် ပို၍ ပါဝင်ပါသည်။

၅။ Cholesterol (ကိုလက်စထရောလ်) ဓာတ်ပါဝင်မှုနည်းခြင်း- Cholesterol အနည်းငယ်သာ ပါဝင်သည့် (Beta-sitosterol) ကွန်ပေါင်းကို ထောပတ်သီးတွင် များစွာတွေ့ရှိရသည်။ လေ့လာမှု တစ်ရပ်တွင် ထောပတ်သီးကို တစ်ပတ်တည်း မှီဝဲစားသုံးရုံဖြင့် Cholesterol ဓာတ် ၁၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟု ဖော်ပြထားသည်။

၆။ နှလုံးရောဂါ ကာကွယ်ပေးခြင်း - လူတစ်ဦးနေ့စဉ် စားသုံးသင့်သော folate ဓာတ် ၂၃ ရာခိုင်နှုန်းကို ထောပတ်သီးဖျော်ရည် တစ်ခွက်သောက်သုံးခြင်းဖြင့် ရရှိနိုင်ပါသည်။ folate ဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ် စားသုံးသော လူတစ်ဦးတွင် နှလုံးရောဂါဖြစ်ပွားမှုနည်းသည်ဟု လေ့လာတွေ့ရှိထားသည်။ ထောပတ်သီးတွင် ပါဝင်သော ဗီတာမင် E၊ monounsaturated fats နှင့် glutathione ဓာတ်တို့သည် လူတို့၏ နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုသည်။

၇။ လေဖြတ်ရောဂါ ကာကွယ်ပေးခြင်း- Folate ဓာတ်များစွာပါဝင်သော ထောပတ်သီးသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်စွမ်းရှိသည်။ Folate ဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ် စားသုံးသော လူတို့တွင် လေဖြတ်ခြင်းဖြစ်ပေါ်ရန် အလားအလာ ပို၍ နည်းပါးလှသည်။

၈။  အာဟာရဓာတ် စုပ်ယူမှု အားကောင်းစေခြင်း- အစားအစာများကို ထောပတ်သီးနှင့် ရောစားခြင်းဖြင့် အချို့သော အာဟာရဓာတ်များကို ပိုမိုစုပ်ယူနိုင်သည်ဟု လေ့လာတွေ့ရှိထားသည်။ လေ့လာမှု တစ်ရပ်တွင် ထောပတ်သီးပါဝင်သော အသုပ်ကို စားသုံးသော သူသည် ထောပတ်သီးမပါသော အသုပ်ကို စားသုံးသောသူထက် carotenoidsဓာတ်ကို ၅ဆ ပိုမိုစားသုံးနိုင်သည်ဟု တွေ့ရှိရသည်။

၉။ Gultathione အရင်းအမြစ် - ထောပတ်သီးသည် ရုပ်ရင့်ခြင်း၊ ကင်ဆာ နှင့် နှလုံးရောဂါတို့ကို ကာကွယ်ရာတွင် အရေးကြီးသည့် antioxidantဖြစ်သော gultathione ဓာတ်၏ အကောင်းဆုံး အရင်းအမြစ် တစ်ခုဖြစ်သည်။

၁၀။ ဗီတာမင် E စွမ်းအင် အရင်းအမြစ်- ထောပတ်သီးသည် လူတို့၏ ကျန်းမာရေး အလုံးစုံကို ထိန်းသိမ်းရာတွင် ကူညီပေးပြီး ရောဂါဘယ ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်သော ဗီတာမင် E တို့၏ အဓိက အရင်းအမြစ် ဖြစ်သည်။

ဘာသာပြန်- Leo Hkip 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။