စိုက်ပျိုးရေးတက္ကသိုလ်တွင် ခရက်ဒစ်ယူနစ်စနစ်အသုံးပြုခြင်း၏ အားသာချက်များ
Basic Agricultural Science (125) Use of Credit-Systems in Universities
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၁၂၅) တက္ကသိုလ်များတွင် ခရက်ဒစ်စနစ် အသုံးပြုမှု
စိုက်ပျိုးရေးတက္ကသိုလ်များအပါအဝင် အဆင့်မြင့် ပညာသင်ကြားပေးနေသော တက္ကသိုလ်၊ ကောလိပ် အသီးသီးတွင် ဘွဲ့ရ၊ ကျောင်းပြီးသွားပါက ယနေ့လိုအပ်နေသော လုပ်ငန်းများ၌ အလုပ်အကိုင်ရရှိရေး (Job Market/Employability)၊ ၂၁-ရာစု ခေတ်သစ်နှင့်အညီ အရည်အသွေးမြင့် ပညာရပ်များ သင်ကြားရေး (21st Century Quality Higher Education)၊ သင်ကြားနေသောဘာသာရပ် အသီးသီးသည် အကျိုးပြု ဘာသာရပ်များ ဖြစ်ပေါ်လာရေး (Effective and Efficient Subjects/Courses) ကာ ခေတ်နှင့်အညီ အရေးပါလာပါသည်။
ထိုအခါ နိုင်ငံတကာတက္ကသိုလ်အများစုတွင် လက်တွေ့ကျင့်သုံးနေသော သင်ရိုးနာရီအမှတ်ပေးစနစ် (Semester Credit-Hour System) ကို လေ့လာ၍ ဤစနစ်၏ကောင်းမွန်သောအချက်များကို အတုယူနိုင်ပါသည်။

ဤစနစ်၏ အားသာချက်များမှာ -
(က) ပြောင်းလွယ်ပြင်လွယ်မှု (Flexibility) ရှိခြင်း
ကျောင်းသား၊ ကျောင်းသူများအနေနှင့် ကျောင်းနေစဉ် ၄-နှစ် (သို့မဟုတ်) ၅-နှစ် အတွင်း (8-10 Semesters) သူတို့၏ စိတ်ဝင်စားမှု (Their Interest) ၊ သူတို့၏ ဉာဏ်စွမ်းရည် (Their Intelligence and Abilities) စသည်ကိစ္စများ အပေါ်မူတည်၍ ဘာသာရပ်များစွာ ရွေးချယ်နိုင်စွမ်းရှိပါသည်။ မိမိတို့သင်ယူနေသည့် တက္ကသိုလ်ကမူ ဘာသာရပ်ပေါင်းစုံ သင်ကြားနေသော (Comprehensive University) တက္ကသိုလ် တော့ ဖြစ်ရပါမည်။
(ခ) တိုးယူ၊ လျှော့ပေါ့ (Acceleration or Deceleration) နိုင်စွမ်းရှိခြင်း
ကျောင်းသား၊ ကျောင်းသူတစ်ဦးခြင်းအလိုက် မိမိဉာဏ်ရည် အပေါ်မူတည်၍ ဘာသာရပ် များစွာ တိုးမြင့်၊ လျှော့ပေါ့ သင်ယူနိုင်ပါသည်။ ဉာဏ်ကောင်းပါက တက္ကသိုလ်၏ ဘာသာရပ် လိုအပ်ချက်အရ ပြည့်မီသွားလျှင် နှစ်စော ပြီး ဘွဲ့ရရှိ သွားနိုင်ပါသည်။
(ဂ) ဘာသာရပ်များသင်ယူမှု ဆက်လက်မှတ်တမ်းတင် (Transferability) နိုင်စွမ်းရှိခြင်း
တက္ကသိုလ်တစ်ကျောင်းမှ တစ်ကျောင်းသို့ ပြောင်းရွေ့ရာတွင် သင်ယူလေ့လာခဲ့သောဘာသာရပ်၊ ခရက်ဒစ်သင်ရိုး နာရီများ ကို လက်ဆင့်ကမ်း သယ်ယူနိုင်စွမ်းရှိပါသည်။ ဤ အချက်မှာ အခု မြန်မာနိုင်ငံ ပုဂ္ဂလိကတက္ကသိုလ်အချို့မှ အမေရိကန်၊ အင်္ဂလန်စသည် နိုင်ငံများ၏ တက္ကသိုလ်များသို့ ပြောင်းရွှေ့သင်ယူရာတွင် မြန်မာနိုင်ငံမှ မိမိသင်ယူ ထားပြီးသော ဘာသာရပ်များကို နိုင်ငံရပ်ခြား တက္ကသိုလ်များက အသိအမှတ်ပြု၊ လက်ခံပေးခြင်းဖြင့် အချိန်ကုန်၊ ငွေကုန်ကျမှုကို များစွာလျှော့ချပေးနိုင်ပါသည်။
(ဃ) မိမိကြိုတင်သင်ယူခဲ့မှုများကို (Recognition of Prior Learning) အသိ အမှတ်ပြုပေးခြင်း
ဤစနစ်က ယခင်မိမိသင်ယူခဲ့ဘူးသောသော ဘာသာရပ်များ၊ သင်ခန်းစာများကို အသိအမှတ်ပြုပေးပါသည်။ ဥပမာ - အဆင့်မြင့်တတ်ကျွမ်းမှုစစ်ဆေးခြင်း (Advanced Placement Course - AP)၊ နိုင်ငံတကာဘွဲ့ကြိုဘာသာရပ်များ (International Baccalaureate Courses - IB)၊ အထက်တန်းကျောင်းတွင် ကောလိပ်အဆင့်ရှိ ဘာသာရပ်များ သင်ယူပြီးခဲ့ခြင်း (College-Level Courses taken during High School) စသည်တို့ဖြစ်ပါသည်။
(င) ဘွဲ့ရရှိရန်လိုအပ်ချက်များ (Graduation Requirements)
ဤစနစ်က ကျောင်းသား၊ ကျောင်းသူများ အတွက် လမ်းညွန်ပေးပြီး သူကိုတိုင် သင်ယူရမည့် အဓိကဘာသာ (Major Courses)၊ သာမာန်ဘာသာ (Minor Courses)၊ အထွေထွေပညာရေး (General Education)၊ စိတ်ကြိုက်ဘာသာတွဲများ (Elective Courses) ကို ဖြည့်စည်း ဆောင်ရွက်ပေးနိုင်ပါသည်။
(စ) တစ်ဦးခြင်း ရည်မှန်းထားသော ပညာရေးလမ်းကြောင်း (Individualized Learning Paths)
ကျောင်းသား၊ ကျောင်းသူများသည် လွတ်လပ်စွာ မိမိဝါသနာပါရာ ပညာရေးလမ်းကြောင်းကို သတ်မှတ်ပြဌာန်းချက်ဘောင်အတွင်းမှ ရွေးချယ်နိုင်ခြင်းကြောင့် ဘာသာရပ်စုံလင်စွာ (Diverse Academic Disciplines) လေ့လာနိုင်ပြီး များပြားလှသော အထူးပြုဘာသာခွဲများ (Interdisciplinary Areas of Study) အတွင်း စိတ်ကြိုက်ရွေးချယ် နိုင်ပါသည်။
ဥပမာ အနေနှင့် ပြောရလျှင် ၁၉၈၇ ခု ကျွန်တော် ဩစတေလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် (The University of Queensland - UQ, Australia) တွင် မဟာ စိုက်ပျိုးရေးသိပ္ပံ သင်တန်းတက်ရောက်နေစဉ်က ရူပဗေဒ အထူးပြု ဘာသာ (Physics Major) သင်ကြားနေသော ကျောင်းသားတစ်ဦးမှ သာမန်ဘာသာ (Minor Subject) တစ်ဘာသာအဖြစ် သမိုင်းကို တွဲဖက်ယူပါသည်။ သူ့ကို မေးကြည့်ရာ ရူပဗေဒ ဘာသာ၏ သမိုင်းကြောင်း (History of Physics) ကို သုတေသနပြုလေ့လာလို၍ ဟုပြောပါသည်။ ကွင်းစလန်တက္ကသိုလ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက် ကတည်းက ဤစနစ် (Semester-Credit Hours System) ကို အသုံးပြုနေပါပြီ။ ကျွန်တော်တို့ နိုင်ငံရှိတက္ကသိုလ် များတွင်တော့ ယနေ့ အချိန်အထိ သိပ္ပံနှင့် ဝိဇ္ဇာဘာသာများ တွဲဖက်ယူ၍ မရသေးဟု ထင်ပါသည်။
ကျွန်တော်သည်ပင် စိုက်ပျိုးရေး အထူးပြု ဘာသာရပ်များအပြင် ရုက္ခဗေဒဌာနမှ အပင်ဇီဝကမ္မဗေဒ (Plant Physiology) နှင့် ဆက်စပ်သောဘာသာရပ်များ၊ စာရင်းအင်းပညာရှင်များ သင်ကြားပေး သော ဇီဝဆိုင်ရာစာရင်းအင်းပညာ (Biometrics) တို့ကို ကြီးကြပ်ဆရာနှင့်တိုင်ပင်၍ ကျွန်တော် ကြိုက်နှစ်သက်ရာ ဘာသာရပ်များကို တွဲဖက် သင်ယူခဲ့ရပါသည်။ ဆရာကြီး ဦးညွန့်ရွှေကလည်း မြေဆီလွှာသိပ္ပံ ပညာ (Soil Science) အတွက် လိုအပ်သော သာမာန်ဘာသာ ဘူမိဗေဒ (Geology) ကို ဘူမိဗေဒ ဌာနတွင် သွားရောက်သင်ကြားနိုင်သော အခွင့် အရေးများ အားသာချက်ရှိပါသည်၊
ယခု ၂၁ ရာစုနှစ် အတွက် လိုအပ်လျက်ရှိနေသော အဖွဲ့လိုက်စုပေါင်း ဆောင်ရွက်နိုင်မှုစွမ်းရည် (Teamwork/Collaboration Skill)၊ အတွေးအခေါ်/ ပြဿနာ ဖြေရှင်း နိုင်မှု စွမ်းရည် (Critical Thinking/Problem Solving Skill)၊ တင်ပြနိုင်စွမ်းရည် (Presentation/Oral Communication Skill) သတင်းအချက်အလက်နှင့် နည်းပညာစွမ်းရည် (ICT – Information and Communication Technology Skill)၊ ခေါင်းဆောင်နိုင်မှုစွမ်းရည် (Leadership Skill)၊ တီထွင်နိုင်စွမ်းရည် (Creativity/Innovation Skill)၊ ရာသက်ပန်သင်ယူနိုင်မှု (Lifelong Learning Skill)၊ သတင်းအချက်အလက်လေ့လာရေးပညာ (Journalism/Report Writing Skill)၊ ကိုယ်ကျင့် တရား/လူမှုဘဝ တာဝန် ယူနိုင်မှု စွမ်း ရည် (Professionalism/Ethics/Social Responsibility Skill) စသည်တို့ကို နိုင်ငံတကာတက္ကသိုလ်များကဲ့သို့ စိတ်ကြိုက် ဘာသာတွဲ အဖြစ် တက္ကသိုလ်များတွင် ဤစနစ်ပုံစံ ကျင့်သုံးပေးနိုင်ပါက အနာဂတ် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အတွေး အခေါ် ရင့်ကျက်လာပြီး ဘာသာရပ်၊ နယ်ပယ် အသီးသီးတွင် ခေါ်ဆောင်ကောင်းများ ပေါ်ထွက်လာနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Mg Mg Htwe
လွန်ခဲ့သော ၂ နှစ် ကcredit စနစ်ကကောင်းပါတယ်နွေကာလကျောင်းပိတ်ရက်မှာလည်းပေးမယ်ဆိုအချိနတိုအတိုတိုနဲ့ပြီးနိုင်မယ်အထူးသဖြင့်စာမေးပွဲကျနေတဲ့ကျောင်းသားများတနှစ်ထပ်နေရမည့်အစားကျတဲ့ဘာသာကိုပြန်ယူပြီးအောင်အောငပြန်ယူနိုင်ပြီးmoderation ဆိုတာကိုဖြုတ်လိုက်ပါ ကျွနိတော်ကိုယ်တိုင် ၁၉၇၁ ခုရန်ကုန်တက္ကသိုလ်က BSc ဘွဲ့ကgrading certificate ယူပြီး Philappines မှာ စိုက်ပျိုးရေးဘွဲ့သွား။တဲ့အခါ maths physic chemistry english ဘာသာတွေကို မသင်ရ(exemination) ပြီးစိုက်ပျိုးရေးဘွဲ့ကို ၅ နှစ်အစား ၂ နှစ် နဲ့ နွေ သင်တန်း နှစ်တန်းနဲ့ ရတယ် spanish language. ကိုတော့ ၂ နှစ်မယူမနေရ သင်ခဲ့ရတယ် ဒါ credit system ကြောင့် အချိန်တိုတွင်း M S ဘွဲ့ကိုပါယူနိုင်ခဲ့တယ်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး