အဆစ် အမြစ် ရောင်ရမ်းမှုကို သက်သာ ပျောက်ကင်းစေသည့် ဂျင်းစိမ်း
ချင်းသည် မျိုးရင်း (Zingiberaceae) ဖြစ်ပြီး ရုက္ခဗေဒအမည် မှာ (ZingiberofficinaleRosc) ဖြစ်သည်။ အခေါ်အဝေါ်များမှာ မြန်မာအမည် ချင်း(ဂျင်း)၊ အင်္ဂလိပ်အမည်မှာ (Ginger)၊ ကချင်အမည်မှာ (Lacow-Sacopf,Lagoe-htaneg) ဟူ၍ ခေါ်ဝေါ်ကြသည်။
ပေါက်ရောက်သည့်ဒေသမှာ မြန်မာပြည်နေရာ အနှံအပြား၌ စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ အသုံးပြုသည့် အစိတ်အပိုင်းများမှ ချင်း၏ အတက်ဖြစ်သော ချင်းတက်ကိုသာ အသုံးပြုသည်။
အာနိသင်မှာ မြန်မာဆေးကျမ်းများ အလိုအရ ချင်းစိမ်းသည် ချိုခါးသော အရသာရှိ၏။ အေးသော သတ္တိရှိ၏။ နှုတ်ကိုမြိန်စေ၏။ ကြေကျက်လွယ်၏။ ဝမ်းမီးကိုတောက်စေ၏။ သလိပ်သည်းခြေဒေါသကို နိုင်၏။ ဆီးဝမ်းကို ရွှင်စေ၏။ အဆိပ်ကို နိုင်၏။ အသံနာ၊ ရင်နာ၊ လေနာတို့ကို နိုင်၏။ ပြင်းထန်သော အနာပေါက်ခြင်းနှင့် ထိခိုက်မှုတို့ကြောင့် ဖြစ်သော ရောင်တင်းသောရောဂါတို့ကို ပျောက်ကင်းးစေ၏။
အသုံးပြုပုံမှာ
၁။ ချင်းစိမ်းရည်နှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေးချောင်းဆိုး၊ ပန်းနာ ရင်ကျပ်ပျောက်၏။
၂။ ချင်းစိမ်းရည်နှင့် ကြက်သွန်နီဥမှ ညှစ်၍ရသော အရည်ကို သင့်လျော်အောင် ရောသောက်သော် အော့အန်ခြင်း၊ ကြို့ထိုးခြင်းပျောက်၏၊
၃။ ချင်းစိမ်းနှင့် ပင်စိမ်းရွက်မှ ညှစ်၍ရသော အရည်တို့ကို ညီတူညီမျှရောစပ်၍ ပျားရည် အနည်းငယ် ထည့်သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏။
၄။ ချင်းစိမ်းသတ္တုရည်ကို မီးတွင်နွေးရုံနွှေး၍ နား၌ခပ်သော် နားကိုက်ရောဂါပျောက်ကင်း၏။
၅။ ချင်းစိမ်းသတ္တုရည်ကို နှမ်းဆီနှင့်ကျို၍ရသော ဆီကို အဆစ် အမျက်ရောင်ရမ်းသောနေရာ၌ လိမ်းပေးသော် အဆစ်အမျက်ကိုက်ခြင်း၊ ရောင်ရမ်းခြင်းပျောက်၏။
၆။ ချင်းစိမ်းကို ဝါး၍ သွားကိုက်သောနေရာတွင် ငုံထားပါက သွားကိုက်ခြင်း၊ သွားနာခြင်းပျောက်၏။
၇။ ချင်းစိမ်း၊ ထန်းလျက်နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏။ အစာကြေစေ၏။
၈။ သားဖွားမိခင်များ အတွက် သွေးသားစင်ကြယ်စေသည်။
Source - မြန့်မာ ဆေးဝါးပင်များ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026