ပြောလည်းပြောချင်တယ်၊ ပြောရင်လည်း ရမှာမဟုတ်ပါဘူး (၁)
“မျိုးစေ့မမှန်ပင်မသန်၊ ဖူးတံငုံကင်းအသီးဖျင်း၏” ဆိုတဲ့စကား ကျွန်တော်ငယ်ငယ်ကတည်းက အဖိုး၊ အဖွားတွေဆီက ကြားဖူးတာပါ။ ဆိုလိုရင်းအဓိပ္ပါယ်က သီးနှံတစ်ခုကိုစိုက်တဲ့အခါမှာ မမှန်ကန်တဲ့မျိုးစေ့ကိုစိုက်ရင် အထွက်ညံ့တယ်လို့ ဆိုလိုတာပါ။ “မွေးသန္ဓေ သေမှပျောက်” ဆိုတဲ့ စကားနဲ့လည်း ခပ်ဆင်ဆင် တူတာပေါ့ဗျာ။ တစ်ချို့မျိုးစေ့တွေမှာ မျိုးစေ့ဆောင်ရောဂါပါလာရင် ပိုဆိုးတာပေါ့ဗျာ။
တောင်သူတွေအနေနဲ့ သီးနှံတစ်ခုခုကိုစိုက်တဲ့အခါ မျိုးစေ့မှန်ကန်မှသာ အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းတဲ့ သီးနှံကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ မျိုးစေ့ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ မျိုးစေ့ဥပဒေနှင့် ပတ်သက်သော နည်းဥပဒေကို ကြေညာချက်အမိန့် ၆/၂၀၁၆ နဲ့ ကြေညာခဲ့ပါတယ်။
အဓိကက မျိုးစေ့တွေကို တရားဝင်မှတ်ပုံတင်ပြီး ဖြန့်ချီဖို့ဖြစ်ပါတယ်။ ဒါပေမယ့် စျေးကွက်ထဲမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ မျိုးစေ့တွေရှိနေတာ မျက်မြင်ကိုယ်တွေ့ပါ။ အဲလိုဆိုရင် မှတ်ပုံတင်မထားတဲ့ မျိုးစေ့တွေကို အရေးယူမှာလားလို့ မေးစရာရှိမှာပါ။ အရေးယူလိုက်ပါပြီတဲ့။ လိုအပ်တဲ့မျိုးစေ့ကို ဌာနက ဘယ်လိုဖြည့်ဆည်းပေးမလဲ။ တောင်သူတွေလိုချင်တဲ့ စစ်မှန်တဲ့မျိုးစေ့ကို အလုံအလောက်ထုတ်ပေးနိုင်ပြီလား ဆိုတာပါပဲ။
စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း တောင်သူတွေအတွက် အရည်အသွေးကောင်းမျိုးစေ့ကို အလုံအလောက် ထုတ်ပေးနိုင်ပြီလားဆိုတာ မိမိကိုယ်မိမိ မေးခွန်းပြန်ထုတ်ရမှာဖြစ်ပါတယ်။ တခြားမျိုစေ့များ မဆိုထားနဲ့။ တောင်သူတွေလိုတဲ့ စပါးမျိုးစေ့ကိုတောင် လုံလောက်အောင် ထုတ်ပေးနိုင်ပြီလား။ ဥပမာ ထိုင်းနှံကောက်စပါးမျိုး၊ ဗီယက်နမ်စပါး စတာတွေပေါ့။ ဒေသမျိုးတွေက မကောင်းလို့လား? မေးစရာမေးခွန်းတစ်ခုပါ။ မိမိကိုယ်မိမိ မညှာတမ်း၊ မညာတမ်း ဝေဖန်ဆန်းစစ်ဖို့လိုပါပြီ။ သိရသလောက် စိုက်ပျိုးရေးဦးစီးဌာနအောက်မှာ မျိုးစေ့ခြံပေါင်း (၄၀) ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဥယျာဉ်ခြံ၊ ကော်ဖီခြံ၊ နှစ်ရှည်ခြံ စတာတွေလည်း ရှိပါတယ်။ အဲဒီခြံတွေကနေ တောင်သူတွေအတွက် စပါးမျိုးစေ့၊ ဂျုံမျိုးစေ့၊ ပြောင်းဖူးမျိုးစေ့၊ ကုလားပဲမျိုးစေ့၊ ပဲတီစိမ်းမျိုးစေ့၊ ဝါမျိုးစေ့၊ ငရုတ်မျိုးစေ့ စတာတွေကို အလွယ်တကူရအောင် လုပ်ပေးနိုင်ပြီလား။
အခုအခါမှာ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ထိုင်ဝမ်ကန်စွန်းရွက်၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ် စတာတွေ အစ၊ ပဲမျိုးစုံတွေဖြစ်တဲ့ ဗီတူးကုလားပဲ၊ ဗီဆဲဗင်းကုလားပဲ စတာတွေအလယ် သစ်သီးဝလံမျိုးသစ်တွေဖြစ်တဲ့ ထိုင်းအုန်းသီး၊ ထိုင်းကျွဲကောသီး၊ တရုတ်ဖရဲ၊ တရုတ်သခွားတွေအဆုံး အိမ်နီးချင်း ထိုင်း၊ တရုတ်ဘက်ကနေ ဝင်လာမဆဲ တသဲသဲ ဖြစ်နေတာကို စိတ်မကောင်းဖွယ်တွေ့မြင်နေရပါတယ်။
အခုလို ဘာလို့ဖြစ်ရတာလဲလို့ လေ့လာကြည့်တော့ ခြံများကို “အရှုံးမရှိစေရ” ဆိုတဲ့ မူဝါဒ မှားယွင်းမှုက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ မျိုးစေ့တစ်မျိုး၏အရည်အသွေးကို ထိန်းသိမ်းရာမှာ သုတေသနလိုအပ်ပါတယ်။ သုတေသနတစ်ခုလုပ်ရာမှာ အချိန်၊ ငွေ၊ စွမ်းအား စတာတွေလိုအပ်ပါတယ်။ သုတေသနတစ်ခုကို ရေရှည်လုပ်မှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး သုတေသနကို ငွေဖြုန်းတီးတဲ့ဌာနလို့ မြင်နေသောလူအချို့ကြောင့် မျိုးစေ့အလုံအလောက် မထုတ်လုပ်နိုင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချရင် လွန်မယ်မထင်ပါဘူး။
ဆိုတော့ကာ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ မူဝါဒရေးဆွဲသူများ၊ မျိုးစေ့ကဏ္ဍနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုင်၍ဖြစ်စေ ပါဝင်ပတ်သက်သူများအနေဖြင့် တွေးတော ငေးမောမနေဘဲ မိမိနိုင်ငံအတွင်းက သက်ဆိုင်ရာဒေသနဲ့ကိုက်ညီတဲ့ မျိုးစေ့မျိုးကွဲများကို အရည်အသွေးကော အထွက်နှုန်းကောင်းအောင် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲဆိုတာကို “ကျေးဇူးရှင်တောင်သူ ဦးကြီးများခင်ဗျာ” ဆိုတဲ့ အပြောတွေကိုလျှော့ပြီး လက်တွေ့ကျကျနဲ့ အခုချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရအောင်လားဗျာ။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020