အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြာဖူးပန်းခိုင် ငှက်ပျောပင်

ကြာဖူးပန်းခိုင် ငှက်ပျောပင်

Green Way
Green Way • 17/01/2018

Facebook မှာ မိတ်ဆွေတစ်ချို့တင်ထားတဲ့ ငှက်ပျောပင်က သာမန်ငှက်ပျောခိုင်အစား ကြာဖူးပုံသဏ္ဌာန် ငှက်ပျောပန်းခိုင်ကြီးထွက်နေတဲ့ ဓာတ်ပုံတစ်ချို့ကို မကြာခဏဆိုသလိုပဲ တွေ့နေရပါတယ်။ အများစုကတော့ ငှက်ပျောပင်ကနေ ငှက်ပျောခိုင်အစား ကြာဖူးပုံသဏ္ဌာန် ငှက်ပျောခိုင်ကြီး ထွက်လာတယ်ဆိုပြီး အထူးအဆန်းလို့ ထင်ကြ၊ မှတ်ချက်ပေးကြ ပါလိမ့်မယ်။ ထင်ရာအတိတ်နိမိတ်တွေကောက်ကြ၊ ဓာတ်ပုံတွေရိုက် အိမ်ဦးခန်းချိတ်ပြီး ကိုးကိုယ်ကြနဲ့ လုပ်မိမှာလည်း စိုးရပါတယ်။

အပင်နဲ့ နှီးနွယ်ပတ်သက်သူ တချို့တောင် ရုတ်တရက်ကြည့်လိုက်ရင် အပင်ရဲ့ ဇီဝကမ္မဗေဒဆိုင်ရာ ချို့ယွင်းမူမမှန်တဲ့ လက္ခဏာ (Physiological Disorder) တစ်ခုလို့ ထင်စရာရှိသော်လည်း တကယ်တော့ ဒီငှက်ပျောပင်ဟာ ငှက်ပျောမျိုးအုပ်စုဝင်တွေထဲက မျိုးစိတ်တစ်ခုမျှသာပါပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အများသုံးအင်္ဂလိပ်အမည်ကတော့ Snow Banana ခေါ် Giant Nepal Banana ဖြစ်ပြီး၊ ရုက္ခဗေဒအမည်ကတော့ Ensete glaucum ပါ။ တခါတရံ သူ့ရဲ့ ရုက္ခဗေဒနာမည်တွေကို Musa nepalensis ၊ Ensete giganteum ၊ Ensete wilsonii တို့အဖြစ်လည်း တွေ့ရတတ်ပါတယ်။ တကယ်လည်း လူအသိနည်းသေးတဲ့ ငှက်ပျောမျိုးစိတ် တစ်မျိုးပါ။ ဒီငှက်ပျောမျိုးစိတ်ရဲ့ မူရင်းဒေသဟာ အာရှတိုက်ဖြစ်ပြီး တရုတ်၊ နီပေါ၊ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းတို့မှာ အတွေ့ရများကြောင်း စာပေတွေမှာ ဖော်ပြကြပါတယ်။

ဒီအပင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေကတော့ အအေးဒဏ်ကိုခံနိုင်ပြီး အမြင့်ပေ ၂၆၀၀-၈၈၀၀ အထိပေါက်ရောက် ရှင်သန်နိုင်ပါတယ်။ အပင်ရဲ့ အမြင့်ဟာ ၁၇ ပေအထိ ကြီးထွားနိုင်ပြီး အခြားငှက်ပျောပင်တွေလို ပင်ပွား (sucker) မထွက်ဘဲ ပင်ထီး (Solitary trunk) ပါ။ အရွက်ရဲ့ အရောင်ဟာ အပြာဘက်ကို အနည်းငယ်သမ်းပါတယ်။ ပန်းခိုင်ဟာ ကြာဖူးပုံသဏ္ဌာန်ဖြစ်နေပြီး၊ ယင်းပန်းခိုင်အတွင်းမှာပဲ အသီးဖြစ်ပေါ်ကာ မျိုးစေ့တည်ပါတယ်။

ဒါကြောင့် သူ့ကို မျိုးပွားစိုက်ပျိုးချင်ရင်တော့ အလွယ်တကူပဲ မျိုးစေ့ကနေ ပျိုးထောင်ပြီး စိုက်နိုင်သလို ငှက်ပျောခေါင်း (Corm/rhizome) ကို ခွဲပြီး စိုက်နိုင်ပါတယ်။

တချိန်က ဒီငှက်ပျောပင်ဟာ လူသိနည်းပြီး ငှက်ပျောမျိုးရိုင်းအဆင့်သာ ရှိခဲ့သော်လည်း ယနေ့ခေတ်အခါမှာတော့ ပင်ပွားမထွက်ခြင်း၊ ပန်းခိုင်ဟာ ဆွဲဆောင်မှုရှိပြီး လှပခြင်းတို့ကြောင့် နိုင်ငံအချို့မှာ အလှစိုက်ငှက်ပျောမျိုး (Ornamental Banana) အဖြစ် နေရာယူလာပါပြီ ဖြစ်ပါကြောင်း ဗဟုသုတဖြစ်ဖွယ် ဖော်ပြလိုက်ပါတယ်။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

13 July 2014

မှတ်ချက်။  ။ ဓာတ်ပုံများကို မိတ်ဆွေတစ်ယောက်ထံမှ ခွင့်ပြုချက်ဖြင့် ဖော်ပြထားပါတယ်။

ကျမ်းကိုး

၁။ Ensete glaucum (Wikipedia)

၂။ Ensete glaucum “SNOW BANANA” (www.brainsbotanicals.net)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။