မိုးစပါးသီးနှံစိုက်ပျိုးရေး ဇွန်လအတွင်းဆောင်ရွက်သင့်သည့်လုပ်ငန်း
လယ်ယာစိုက်ပျိုးလုပ်ငန်းဆိုတာ အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရတာ ဖြစ်သည်။ မိုးဦးကျ မိုးစတင်ရွာသည်မှ မိုးလယ်၊ မိုးနှောင်း ရွာသွန်းသည့်မိုး အနည်းအများနှင့် ဒေသအခြေအနေအပေါ် မူတည်ပြီး လုပ်ငန်းအဆင့်ဆင့်ကို လုပ်ကိုင်ရန်လိုသည်။ မိုးစပါးစိုက်ပျိုးရေးနှင့် ပတ်သက်၍ ဇွန်လအတွင်း ဆောင်ရွက်သင့်သည်များကို ဖေါ်ပြလိုပါသည်။
ဒေသရေမြေအခြေအနေ သုံးမျိုးတွင် မိုးစပါးကို စိုက်ပျိုးနေကြတာဖြစ်သည်။
(၁) ဆည်ရေသောက်ဒေသလယ်မြေ၊
(၂) မိုးနည်းပါးဒေသ မိုးရေသောက်လယ်မြေနှင့်
(၃) မိုးများဒေသ မိုးရေသောက်လယ်မြေဟူ၍ ခွဲခြားနိုင်သည်။
ဆည်ရေသောက်ဒေသ လယ်မြေများအတွက်
မိုးစပါးစိုက်ပျိုးရန် အောက်ပါတို့ကို ပြောကြားလိုပါသည်။
၁။ ဇွန်လလယ်တွင် ပျိုးထောင်ပါ။
၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ကိုအသုံးပြုပါ။
၃။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် အထွက်ကောင်းစပါးမျိုး (High Yieding Variety) ကိုအသုံးပြုပါ။
မိုးနည်းပါးဒေသ မိုးရေသောက်လယ်မြေများအတွက်
ပျိုးမထောင်သင့်သေးပါ။ လယ်စပါးအတွက် လိုအပ်သည့် မိုးရေချိန် ၈ လက်မ ပြည့်မီအောင် ဇွန်လအတွင်း ရွာသွန်းနိုင်ခြင်း ရှိမရှိကို ယခင်နှစ်အတွေ့အကြုံများအရ လေ့လာသင့်သည်။
သို့မဟုတ်ပါက စိုက်နည်းစနစ်ပြောင်းသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်အစား တိုက်ရိုက်စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးရန်ဖြစ်သည်။ သို့ဖြစ်၍-
၁။ ယာသီးနှံ(နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ စသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method)ဖြင့် ကြဲပက် (သို့မဟုတ်) အတန်းလိုက် စိုက်ပျိုးပါ။
၂။ အပင်ပေါက် (၈၀) ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ကို အသုံးပြုပါ။
၃။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် ယာစပါး၊ ရေငတ်ခံစပါး၊ ရေအနည်းလိုစပါး၊ တောင်ပေါ်ဒေသတွင် ကုန်းမြင့်စပါးတို့ကို အသုံးပြုစိုက်ပျိုးပါ။
မိုးများဒေသ မိုးရေသောက်လယ်မြေများအတွက်
မိုးများသည့်ဒေသ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများနှင့် ကချင်ပြည်နယ်စသည့် အချို့ဒေသတွင်မူ မိုးစပါးကို ဇွန်လအတွင်း မိုးရေချိန် (၈) လက်မနှင့်အထက် ရရှိဖို့ မျှော်မှန်းနိုင်သည့်အတွက် စပါးသီးနှံကို အချိန်မှန်တွင်စိုက်ပျိုးသင့်သည်။ ဆည်ရေသောက်ဒေသများကဲ့သို့ဖြစ်ပါသည်။ သို့ဖြစ်၍-
၁။ ဇွန်လလယ်ထက် နောက်မကျစေဘဲ ပျိုးထောင်ပါ၊
၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ကိုအသုံးပြုရပါ။
၃။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် အထွက်ကောင်းမျိုး(HYV) ဒါမှမဟုတ် ဒေသစပါးမျိုး(Local Variety)တို့ကို အသုံးပြုပါ။
သင့်တော်သည့်မျိုးကို ရွေးချယ်စိုက်ပျိုး
မိုးစပါးမှာ စိုက်ပျိုးသင့်သည့်မျိုးကို ရွေးချယ်အသုံးပြုရန်ဖြစ်သည်။ မည်သည့်စပါးမျိုးလို့ မညွှန်းလိုပါ။ ရေမြေရာသီဥတုက ဒေသတစ်ခုနှင့်တစ်ခု ကွာခြားသည်။ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ မြန်မာနိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်း ဒေသနေရာကွဲပြားသည်နှင့် သဘာဝအခြေအနေတွေက မတူခြားနားသည်။
တောင်သူလယ်သမားတစ်ဦးချင်း ပိုင်ဆိုင်သည့် လယ်(၁၀)ကွက်ရှိလျှင်ပင် တစ်ကွက်နှင့် တစ်ကွက် ရေမြေအခြေအနေ မတူနိုင်ပါ။ လယ်ကွက်တိုင်းကို တူညီသော မျိုးတစ်မျိုးတည်း စိုက်ပျိုးရန် သင့်တော်ချင်မှ သင့်တော်ပါမည်။ တိတိကျကျပြောရလျှင် "လယ်တစ်ကွက်ချင်းအတွက် သင့်တော်သည့်မျိုးကို ရွေးချယ် စိုက်ပျိုးပါ"ဟုပြောလိုပါသည်။
ပျိုးထောင်နည်းစနစ်မှန်ရန်
စပါးပျိုးထောင်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသည့် အချက်နှစ်ချက်ကို ဖေါ်ပြလိုသည်။ ၄င်းမှာ-
၁။ မျိုးစေ့ကောင်း(Good Seed)ကို အသုံးပြုပါ။
၂။ မျိုးစေ့နှုန်း (Seed Rate in the Nursery) မှန်ကန်ပါစေ။
မျိုးစေ့နှုန်းဆိုတာက ပျိုးထောင်နည်းစနစ်အပေါ် မူတည်သည်။ အခြောက်ပျိုးခင်း၊ အစိုပျိုးခင်း၊ အစိုပျိုးခင်းမှာမှ ပေါင်စနစ်၊ အက်စ်အာအိုင်(SRI)စနစ်၊ သာမန်စနစ်စသည်တို့ဖြစ်သည်။ စနစ်အလိုက် သင့်တော်သည့် မျိုးစေ့နှုန်းတွေဖြစ်ဖို့လိုသည်။
အလားတူ စပါးမျိုးအပေါ်လည်း မူတည်သည်။ စိုက်နေကျ အထွက်ကောင်းစပါး၊ ဒေသစပါးမျိုးနှင့် စပ်မျိုးစပါး မတူနိုင်ပါ။ သူ့စနစ် သူ့မျိုးတို့နှင့် ကိုက်ညီသည့် ပျိုးခင်းမျိုးစေ့နှုန်းတွေဖြစ်ဖို့လိုကြောင်း အသိပေးရေးသားလိုက်ရပါသည်။
ဆင်းသီဟ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Soe Myint
အားလုံး