အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးကလည်း ထွက်ပါ၏ တောင်သူကလည်း ရှုံးပါ၏

စပါးကလည်း ထွက်ပါ၏ တောင်သူကလည်း ရှုံးပါ၏

Green Way
Green Way • Greenovator • 04/06/2019

နွေစပါးလယ်တစ်ဧကအား ထွန်ယက်ခြင်းမှစတင် ကာ ရိတ်သိမ်းချိန်အထိ အဆင့်ဆင့်ဆောင်ရွက်မှုများနှင့် ကုန်ကျမှုနှုန်းထားများကို တွက်ချက်ပါက လယ်တစ်ဧက လျှင် အချိန်သုံးလမှ လေးလခန့်ကြာမြင့်ပြီး ငွေကြေးအားဖြင့် လက်ရှိပေါက်ဈေးအရ သုံးသိန်းဝန်းကျင်ခန့် ကုန်ကျနိုင် ပါသည်။ စတင်ထွန်ယက်ရာတွင် စက်ဖြင့် မြေကြမ်းနှစ်လွှာ ခွဲခြင်း၊ ဆည်ရေမရသည့် လယ်ဆိုပါက စက်ဖြင့်ရေတင်ရ ခြင်း၊ ထို့နောက် ထွန်စက်ကြီးဖြင့် နှစ်လွှာခုတ်ပြီးပါက ရေထပ်တင်ပြီးနောက် မျိုးစပါးသုံးတင်းကြဲရပါသည်။ ယင်းနောက် ပေါင်းမြက်သတ်ဆေးနှင့် ဓာတ်မြေသြဇာ ကျွေးခြင်းများ ဆောင်ရွက်ခြင်း၊ မြေဆီကြဲခြင်း၊ ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ခြင်းနှင့် ရိတ်သိမ်းခြင်း စသည်ဖြင့် အဆင့်ဆင့်ဆောင်ရွက်ကြရပါသည်။

လုပ်ကွက်ငယ် တောင်သူလယ်သမားအများစု၏ အကျိုးစီးပွားအတွက်ဟုရည်ရွယ်ကာ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀ဝလျှင် ကျပ်ငါးသိန်းကို အခြေခံစပါးဈေး နှုန်း အဖြစ်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ၂၀၁၈ ခုနှစ် မတ် ၆ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ယနေ့လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးတွင် နွေရာသီစပါးထွက်ရှိနေသော်လည်း ဝယ်ယူသူမရှိသဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထိန်းညှိဝယ်ယူပေး နေရသည်။ ယင်းသို့ဝယ်ယူရာတွင် စပါးအမျိုးအစားအလိုက် တင်း ၁၀ဝ လျှင် ငွေကျပ် လေးသိန်းလေးသောင်းမှ လေး သိန်းခြောက်သောင်းအထိ ပေးဝယ်လျက်ရှိပြီး ဒေသခံပြည်သူ များအနေဖြင့်လည်း ကုန်ကျစရိတ် များကြောင့် စပါးတင်း ၁၀ဝ လျှင် ကျပ်ငါးသိန်းမှ ငါးသိန်းခွဲခန့်ရရှိမှသာလျှင် အမြတ်အစွန်းကျန်ရှိနိုင်မည်ဖြစ်ပြီး လက်ရှိဈေးကွက်အရ အရှုံးပေါ်နေကြကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်

ဦးမောင်သွင်

ဦးမောင်သွင်

လွန်ခဲ့သော ၇ လ က

စပါးဈေးကောင်းရန်/ပိုးသတ်ဆေးပေါင်းသတ်ဆေးမှိုရောဂါ။နှံစုပ်ပိုး။စပါးဘီလူး။ဓါတ်မြေဩဇာအစရှိသောသွင်းကုန်များအမျိုးမှန်စေချင်ပါသည်။ပွစားများကလည်း၁၅ပိသာ၅၀ကျပ်သားကိုတစ်တင်းဝယ်ယူကြပြန်။အလေးတင်းတောင်းစနစ်တွေအမျိုးမျိုးဖြစ်နေကြ။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။