ရော်ဘာ သမိုင်းကြောင်း (Rubber History)
ရော်ဘာ၏ မူရင်းဒေသသည် ဘရာဇီးနိုင်ငံ ဖြစ်သည်။ ဘရာဇီးနိုင်ငံ အမေဇုံ မြစ်ဝှမ်းဒေသမှ ရရှိခဲ့သောရော်ဘာမျိုးစေ့များကို အင်္ဂလန်နိုင်ငံ Kew (The Royal Botanic Garden)မှ တဆင့် အရှေ့ဖျား တိုင်းပြည်များသို့ စမ်းသပ် စိုက်ပျိုးစေခဲ့ရာ မြန်မာနိုင်ငံ၌ ၁၈၇၆ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး ယင်းနှစ်တွင် စိုက်ပျိုးထားသော ကျန်ရှိသည့် အပင်တစ်ပင်ကို မြိတ်မြို့လေယာဉ်ကွင်းမြောက်ဘက်ထောင့်အနီးတွင် ယနေ့တိုင်တွေ့ရှိရသည်။ အင်္ဂလိပ် အမည်မှာ Rubber (Hevea) ဖြစ်ပြီး မျိုးရင်း Euphorbiaceae တွင် ပါဝင်ပါသည်။ ရုက္ခဗေဒ အမည်မှာ Heveabrasiliensis ဖြစ်သည်။
ရော်ဘာပင်များ အရှေ့ဖျား နိုင်ငံများသို့ မရောက်မှီကပင် ရော်ဘာနှင့် အလားတူသော သစ်တောပေါက်ပင်ဖြစ်သည့် ညောင်ကြက်ပေါင်၊ တောစပယ်၊ တလိုင်းနို့၊ တောင်ပိန္နဲ၊ ကြက်ပေါင်ပင်တို့မှ ရော်ဘာစေးများကို စမ်းသပ် ထုတ်ယူခဲ့ပြီး၊ ရော်ဘာစေး၏ အသုံးဝင်မှုကို မြန်မာနိုင်ငံတွင် မင်းတုန်းမင်း လက်ထက်ကပင် စတင် သိရှိခဲ့ပြီး နိုင်ငံခြားသို့ ကြက်ပေါင်စေးများကို တင်ပို့ရောင်းချနိုင်ခဲ့သည်။
၁၉၀၅ခုနှစ်မှ စတင်၍ စီးပွားဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးပြီး၊ ၁၉၀၉ ခုနှစ်တွင် ဧက(၉၉၀ဝ) ကျော် စိုက်ပျိုးပြီး၊ ၁၉၂၀ခုနှစ်တွင် ဧက(၇၂၀ဝဝ) စိုက်ပျိုးနိုင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မှီက ဧကတစ်သိန်းကျော် စိုက်ပျိုးထားရာမှ စစ်စခန်းများ ဝင်ရောက်နေရာ ယူ၍ရော်ဘာခြံများ ထိခိုက်မှုရှိလာပြီးရော်ဘာ စိုက်ပျိုးမှုများမှေးမှိန်လာခဲ့သည်။ စစ်ပြီးခေတ် (၁၉၅၀)ခုနှစ်တွင်ရော်ဘာ စိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးထားရာမှ (၁၉၅၆) ခုနှစ်မြေယာကျေးလက်ကြီးပွားရေးကော်ပိုရေးရှင်း၊ (မြေ-ကျေး-ရှင်း) မှရော်ဘာ တိုးချဲ့ စိုက်ပျိုးရေးကို တာဝန်ယူဆောင်ရွက်ခဲ့ရာ ရော်ဘာစိုက်ပျိုးမှုများ ပြန်လည် တိုးတက်လာခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက်တော်လှန်ရေး အစိုးရ တာဝန်ယူခဲ့သည့် ကာလ ၁၉၆၂-၆၃ခုနှစ်တွင် ရော်ဘာ စိုက်ဧရိယာသည် (၁၈၄၂၉၅) ဧက တိုးတက် စိုက်ပျိုးနိုင်ခဲ့သည်။ မြေ-ကျေး-ရှင်းမှ စိုက်ပျိုးရေးရော်ဘာ စီမံကိန်း ဖွဲ့စည်းပြီး၊ မလေးရှားနိုင်ငံမှ ရော်ဘာမျိုးစေ့များ ဝယ်ယူပြီး၊ မြန်မာပြည်တွင် ပျိုးပင်ဖောက်၍ မျိုးဟောင်းများ အစားထိုး လဲလှယ်ရန် ပြန်လည် စိုက်ပျိုးခဲ့သည်။
မျိုးအစားထိုး လဲလှယ်ရန် ဇရပ်ကွင်း၊ မုဒုံ၊ မြိတ်၊ ထားဝယ်တို့တွင် ပျိုးခင်း တည်ထောင်၍ရော်ဘာ တစ်ပင်ကို၂၅ ပြားဖြင့် ၇၅ ပြား အရှုံးခံကာ ခြံရှင်တောင်သူများ စိုက်ပျိုးနိုင်ရန် စည်းရုံးရောင်းချ စိုက်ပျိုးစေခဲ့သည်။ သွပ်ဆူးကြိုး၊ အက်ဆစ်၊ ဇကာ စသည့်ရော်ဘာခြံသုံး ပစ္စည်းများကိုလည်း အခမဲ့ ထုတ်ပေးခဲ့သဖြင့် လွတ်လပ်ရေးရပြီးနောက် ၁၉၆၂-၆၃တွင် စိုက်ဧက (၂)သိန်းနီးပါး တိုးတက်ခဲ့သည်။ ၁၉၆၃-၆၄ခုနှစ်တွင် နိုင်ငံပိုင် ခြံများလည်း တည်ထောင် စိုက်ပျိုးခဲ့သည်။
၁၉၆၉ ခုနှစ်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ရော်ဘာ စိုက်ဧက စုစုပေါင်း (၂၂၀ဝဝဝ)ဧက ရှိခဲ့သည်။ ၁၉၆၉ခုနှစ် နောက်ပိုင်းတွင် ခြံသစ်များ တိုးချဲ့ စိုက်ပျိုးမှု နည်းပါးလာခြင်းနှင့် အခြား သီးနှံများပြောင်းလဲ စိုက်ပျိုးလာခြင်းတို့ကြောင့်ရော်ဘာ စိုက်ဧကများ ကျဆင်းခဲ့သည်။
ရော်ဘာ ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် လယ်ယာစိုက်ပျိုးရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေး ကော်ပိုးရေးရှင်း ရော်ဘာဌာန၊ မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းသည် ကမ္ဘာ့ဘဏ် အကူအညီဖြင့် ရော်ဘာ ပြန်လည် ထူထောင်ရေးအဆင့် (၁)ကို ၁၉၇၉-၈၀မှ ၁၉၈၄-၈၅ထိ လည်းကောင်း၊ စီမံကိန်းအဆင့် (၂) ကို၁၉၈၄-၈၅မှ၁၉၉၂-၉၃ထိ လည်းကောင်းဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၁၅၅၀ဝ) ဧကကို နိုင်ငံပိုင်ခြံတွင် စိုက်ပျိုးနိုင်ခဲ့သည်။
၁၉၅၆ ခုနှစ်မှ စတင် စိုက်ပျိုးသော Tj1 မျိုးသည်ခေတ်နောက်ကျသည့်အတွက် ကမ္ဘာ့ဘဏ်ချေးငွေ စနစ်ဖြင့် (၁၉၇၉-၈၀) ခုနှစ်တွင်ရော်ဘာ ပြန်လည် ထူထောင်ရေး စီမံကိန်း စတင်ခဲ့သည်။ ထို့ပြင် နှစ်ရှည်ပင်များ ဖွံ့ဖြိုးရေး စီမံကိန်း(Plantation Crop Development Project) PCDPကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ၁၉၈၄-၈၅ ခုနှစ်မှ ၁၉၈၆-၈၇ခုနှစ်အထိ လည်းကောင်း၊ နှစ်ရှည်ပင်များ အသုံးချ သုတေသနစခန်း တည်ထောင်ရေး စီမံကိန်း (ARCPC) ကို FAOနှင့်UNDP တို့၏ အကူအညီဖြင့် ၁၉၉၁-၉၂မှ၁၉၉၄ - ၉၅ထိဆောင်ရွက်ပြီး၊ နည်းပညာဆိုင်ရာ အကူအညီများ ရယူခြင်း၊ ကျွမ်းကျင် ပညာရှင်များ ငှားရမ်းခြင်း၊ ဌာနတွင်း ဝန်ထမ်းများကို ပြည်ပသို့ ပညာသင်စေလွှတ်ခြင်းဆောင်ရွက်ခဲ့ပါသည်။
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်တွင် မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းကို ဖွဲ့စည်း၍ရော်ဘာ စိုက်ပျိုး ထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးခဲ့ခြင်းတို့ကြောင့်ရော်ဘာ စိုက်ပျိုးသည့် တိုးချဲ့ဧရိယာများ ပြန်လည် တိုးတက်လာခဲ့သည်။ ၁၉၉၄-၉၅ခုနှစ်တွင် ယခင် စိုက်ဧရိယာ (၂၂၀ဝဝဝ) ကို ပြန်လည် ပြည့်မှီခဲ့ပြီး၂၀ဝ၄-၂၀ဝ၅ခုနှစ်တွင် (၄၈၄၈၆၁) ဧကအထိ တိုးချဲ့စိုက်ပျိုးလာနိုင်ခဲ့သည်။
၁၉၅၆-၁၉၅၇ ခုနှစ်မြေကျေးရှင်း (ရော်ဘာ) မှရော်ဘာ လုပ်ငန်းကို တာဝန်ယူဆောင်ရွက်စဉ် FAO အတိုင်ပင်ခံ ပညာရှင်များ၏ အကြံဉာဏ်ကို ရယူလျက် မလေးရှားနိုင်ငံတွင် စိုက်ပျိုးသော အထွက်ကောင်းမျိုးများကို စတင် သွင်းယူခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း မျိုးသန့်စေ့များ အလျင်အမြန် ဖြန့်ဖြူး စိုက်ပျိုးနိုင်ရန်အတွက် FAO အတိုင်ပင်ခံ ပညာရှင်များ အကြံဉာဏ်ဖြင့် မလေးရှားနိုင်ငံမ ှသွင်းယူထားသည Tjir 1, PR 107, RRIM 501, AVROS 157 မျိုး၄-မျိုး ဖြင့်မုဒုံခြံ (ဘဲရမ်း စိုက်ကွက်) မျိုးစေ့ခြံဧက (၄၅၀) တည်ထောင်ပြီးဘဲရမ်း မျိုးသန့်စေ့များ ထုတ်လုပ်ခဲ့ပါသည်။
မိုးရေချိန်လက်မ (၁၈၀-၂၀ဝ) ကျော် ရွာသွန်းသည့် ကမ်းရိုးတန်း မိုးများဒေသများတွင် BPM 24, RRIC 100, RRIM 717, PB 235,PB 260မျိုးများကိုလည်းကောင်း၊ မိုးရေချိန် လက်မ (၁၀ဝ-၁၂၀) ကျော်ခန့် ရွာသွန်းပြီး ပူပြင်းသောဒေသများတွင် PB 260,PB 235,RRIM 717, RRIM 623, GT 1 မျိုး တို့ကိုလည်းကောင်း မိုးရေချိန် လက်မ(၅၀-၆၀)ကျော်ခန့် ရွာသွန်းသည့် အအေးပိုင်း ကုန်းမြင့်ဒေသများတွင် RRIM 600,GT 1, PR 255, PR 107,RRIM 623 မျိုးတို့ကို လည်းကောင်း (မြန်မာနိုင်ငံ၏ ကွဲပြားသော ရာသီဥတုနှင့် တူညီရာဒေသ အလိုက်) စိုက်ပျိုးသင့်သည့် စုစုပေါင်းမျိုး (၁ဝ) မျိုးကို အကြံပြုခဲ့ပါသည်။
နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာန (မော်လမြိုင်)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026