ဒေသထွက်ကုန်များကို တန်ဖိုးထားစေချင်
ယခုအချိန်မှာ ဘာကြောင့် မိမိဒေသက ထွက်ကုန်တွေကို အာရုံမစိုက်ပဲ သူများဒေသက ထွက်ကုန်တွေပဲ စိုက်ပျိုးချင်နေကြတာလဲ?
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားမှ မျိုးသစ်မျိုးဆန်းများ စမ်းသပ်စိုက်ပျိုးအောင်မြင်လာကြတာ အားလုံးအသိပါပဲ။ ဒါက တကယ်ကို ကောင်းတဲ့အောင်မြင်မှုတစ်ခုပါ။
ဒီလိုစိုက်တယ်ဆိုတာကလည်း ဟိုနိုင်ငံမှာစိုက်တဲ့
- အပူချိန်
- ရာသီဥတု
- မြေအမျိုးအစား
- အပင်ပြုစုစောင့်ရှောက်မှုများကို လေ့လာချင့်ချိန်ပြီးတော့ စိုက်ကြရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာလဲ ဒီလို ဒေသဖလှယ်စိုက်ကြတာတွေများလှပါတယ်။ အဓိအားဖြင့် တင်ပြပြောပြရလျှင် ပြင်ဦးလွင်ဒေသရှိပန်းများကို နေရာဒေသတော်တော်များများမှာ စိုက်လာကြပါတယ်။
စိုက်တာကကောင်းပေမယ့် နေရာဒေသအားလုံးအတွက်အဆင်ပြေတဲ့ ပန်းဆိုရင်တော့ အားလုံးအဆင်ပြေပါတယ် စိုက်နိုင်ပါတယ်။ ဘာလို့စိုက်ချင်ကြလဲဆိုရင်တော့ သူတို့ဒေသရဲ့ထွက်ကုန်ကပဲ ဈေးကောင်းတယ်၊ ပိုမြတ်တယ် လို့ ထင်နေကြလို့ပါ။
တကယ်တော့ မူရင်းဒေသကစိုက်တဲ့ တောင်သူတွေကလည်း ဒါပဲ စိုက်စရာရှိလို့ စိုက်နေတာပါ။ ပိုမမြတ်ဘူးဆိုတာကိုတော့ သတိပြုပေးဖို့ ပြောပါရစေ။ သူတို့သာ တကယ်ပို မြတ်ရင် ဒီထက် အဆပေါင်းများစွာအဆင်ပြေနေကြမှာပါ အမှန်ပါပဲ။
တစ်ဖက်မှာလည်း နေရာတိုင်းက စိုက်နေကြတော့ မူရင်းစိုက်ရမဲ့ဒေသမှာ ဈေးကွက် ယိုယွင်းမှုတွေ ဖြစ်လာတာပဲဖြစ်ပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုများလာတဲ့အခါ အနည်းငယ်သာလိုက်စိုက်ကြတဲ့ တခြားဒေသကသူတွေအတွက် အဆင်ပြေပေမယ့် အင်တိုက်အားတိုက်စိုက်ကြတဲ့ မူရင်းဒေသကတောင်သူတွေအတွက် အထိနာလှပါတယ်။
ဥပမာ ပြောပြရလျှင် - ဖရဲသီးနှံကို ပြင်ဦးလွင်မှာပါ လိုက်စိုက်ကြမယ်ဆိုပါက ဖရဲစိုက်နေကြတဲ့ တောင်သူတွေအတွက်များစွာ ခက်ခဲသွားမှာပါ။ ပြင်ဦးလွင်ကနေ တရုတ်နိုင်ငံကို တင်ပို့မယ်ဆိုလျှင် အခြားဒေသများထက် ပိုနီးပြီး ပိုလွယ်ကူတဲ့အခါ တကယ့်တောင်သူတွေ အထိနာမယ်မဟုတ်လား။
အခု ပြင်ဦးလွင်ဒေသကလည်း အရင်ကထက်ပူလာတော့ သခွားမွှေးတောင် စိုက်မယ်ဆို စိုက်လို့ရနိုင်နေပြီပဲဖြစ်ပါတယ်။
နောက်ထပ် တစ်ချက် - သီးနှံတစ်မျိုးဟာ သူအလွန်ကြိုက်နှစ်သက်တဲ့ ဒေသရာသီဥတုဆိုတာ ရှိပြီးသားပါ။ ဒါပေမဲ့ သူသိပ်မကြိုက်တဲ့ရာသီဥတုမှာ စိုက်မိပါက
1. အရည်အသွေး လုံးဝ မမီပါဘူး
2. ဈေးကွက်ရနိုင်မှု အားနည်းပါတယ်
3. ကိုယ့်အတွက် လုပ်ရတာ ခက်ခဲပင်ပန်းပါတယ်
4. မသေချာတာတွေများတဲ့အတွက် စွန့်စားမှုများပါတယ်။ ဥပမာ - စိုက်နည်းစနစ်၊ အပင်ပြုစုစောင့်ရှောက်မှု စသဖြင့် အခြေအနေတွေ ကွဲလွဲနိုင်ပါတယ်။
5. သီးနှံဈေးကွက် နောက်ကျပီးမှ သီးနှံခူးဆွတ်ရောင်းချရခြင်း။
6. သီးနှံမျိုးဝယ်ရခြင်း ကုန်ကျစရိတ်များခြင်း။ စတဲ့အခက်အခဲများစွာကို ရင်ဆိုင်ရနိုင်ပါတယ်။
ဒီလို သူများဒေသကသီးနှံတွေကို လိုက်စိုက်နေမဲ့အစား ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ စိုက်မယ်ဆိုရင်တော့ ဈေးကွက်ပြိုင်ဆိုင်မှုတွေလည်း လျော့နည်းသွားပြီး ဒေသတစ်ခုနဲ့တစ်ခု ရောင်းဝယ်ဖောက်ကားမှုတွေ ပိုမိုအားကောင်းလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဒီအချက်လေးကို အားလုံးစဉ်းစားတွေးခေါ်ပြီး ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ မျိုးလေးတွေကိုပဲ ဦးစားပေးရွေးချယ်စိုက်ပျိုးကြပါစို့လို့ တိုက်တွန်းလိုက်ပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from မြတ်စုဝေ
အားလုံး