အပင်ရောဂါတွေကို ကာကွယ်ဖို့ အချက် (၉) ချက်
အပင်တွေမှာ ကျရောက်တတ်တဲ့ရောဂါတွေကို အကောင်းဆုံး ကာကွယ်ဖို့ဆိုရင်တော့ အချက် - ၉ ချက် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
၁။ ရောဂါဖြစ်စေတဲ့အကြောင်းအရင်းကို သိဖို့လိုအပ်ပါတယ်။ အလွယ်ပြောရရင် အပင်၊ ရောဂါဖြစ်စေတဲ့ သက်ရှိ၊ ပတ်ဝန်းကျင်အခြေအနေ ၃ ခုလုံး တစ်ပြိုင်နက်တည်းဆက်နွယ်သွားရင် ရောဂါစဖြစ်တော့တာပါပဲ။ အဲ့ဒီမှာ အပင်မရှိရင်လည်း ရောဂါမဖြစ်သလို၊ ရောဂါဖြစ်စေတဲ့ သက်ရှိမရှိရင်လည်း မဖြစ်ပါဘူး။ ပတ်ဝန်းကျင်အခြေအနေက ထောက်ပံ့မပေးဘူးဆိုရင်လည်းရောဂါမဖြစ်ပါဘူး။
ဥပမာ ပြောရရင် အပင်က နိုက်ထရိုဂျင် N တွေ ကျွေးတာများပြီး အရည်အလွန်ရွှမ်းနေမယ်၊ အဲ့အချိန်မှာ ရောဂါဖြစ်စေတဲ့သက်ရှိကလည်း ရှိနေမယ်၊ ပတ်ဝန်းကျင်အခြေအနေကလည်း ထိုသက်ရှိကြိုက်တဲ့အနေအထား ပူအိုက်စိုစွတ်နေမယ်ဆိုရင်တော့ဖြင့် အလွယ်လေးရောဂါဖြစ်သွားပါလိမ့်မယ်။။
အဲ့အချိန်မှာ အပင်ကတော့ အင်းဆက်ကြိုက်မယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်အခြေအနေက မပေးရင် သူရောဂါဖြစ်ရင်တော့ အနည်းအကျဉ်းလောက်သာဖြစ်ပါလိမ့်မယ်။ (ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်)
၂။ ကိုယ်နေရာဒေသနဲ့ကိုက်ညီတဲ့ သီးနှံပင်ကို ရွေးချယ်စိုက်ပျိုးပါ။ အဓိကကတော့ အအေးပိုင်းကအပင်ကို အပူပိုင်းမှာစိုက်ရင်တော့ သေချာပါတယ် သင်အောင်မြင်ခဲ့ရင်တောင် ရာခိုင်နှုန်းအလွန်နည်းပါတယ်။ ဒီလိုရွေးချယ်ဖို့ဆိုရင်တော့
- ကိုယ်စိုက်ပျိုးမယ့်နေရာကို လေ့လာပါ။
အနီးနားစိုက်ခင်းတွေကို ဘာတွေစိုက်ပျိုးလဲ။ ရာသီဥတုက ဘယ်လိုလဲ။ ရေစီးရေလာကောင်းလား။ မြေအခြေအနေက ဘယ်လိုလဲ စသဖြင့် စုံနေအောင်လေ့လာပြီးမှ ကိုယ်စိုက်မယ်သီးနှံနဲ့ သင့်၏မသင့်၏ ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။
- မြေရဲ့အခြေအနေစစ်ဆေးပါ။
ဒီမြေမှာ ဘာအာဟာရဓာတ်တွေပါလဲ၊ pH က ဘယ်လိုအခြေအနေတွေရှိလဲဆိုတာကို အရင်ဆုံးသိရအောင် မြေကို ဓာတ်ခွဲပေးပြီးမှ အပင်ရွေးချယ်ဖို့ စဉ်းစားရပါမယ်။
- ကိုယ်စိုက်မဲ့အပင်ရဲ့ အကြောင်းကို သေချာစွာလေ့လာပါ။
အပင်က ဘယ်လိုအခြေအနေတွေကြိုက်လဲ၊ ဘယ်လိုရာသီဥတုတွေနဲ့ ကိုက်ညီလဲ၊ ဘယ်မြေမှာ ကြိုက်လဲ စသဖြင့် လေ၊ မြေ၊ အပူချိန်တွေကို သေချာလေ့လာပြီးမှ စိုက်ပျိုးဖို့ဆုံးဖြတ်ပါ။ ။
နောက်တစ်ချက် ဒီအပင်မှာတော့ ဘာရောဂါ၊ ပိုးမွှားတွေ ကျရောက်တတ်လဲဆိုတာကိုပါ လေ့လာဖို့မမေ့ပါနဲ့။
- အပင်ရဲ့ သက်ရောက်မှုတွေကိုလဲ လေ့လာဖို့မမေ့ပါနဲ့။
ဘယ်အပင်နဲ့ တွဲစိုက်လို့ရတယ်၊ အပင်ဖွဲ့စည်းပုံက ဘယ်လို၊ အပင်က ဘယ်လောက်အကွာအဝေးနဲ့စိုက်ရင် ပိုအဆင်ပြေမလဲ၊ သက်သက် ဝတ်မှုံကူးဖို့လိုသေးလား စတဲ့အချက်တွေကို လေ့လာပေးရပါမယ်။ ဒါဆိုရင်တော့ သင့်တော်တဲ့အပင်စိုက်ဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်နိုင်ပါပြီ။
၃။ ရောဂါပိုးမွှားဒဏ်ခံနိုင်တဲ့ အပင်မျိုးတွေကို ရွေးချယ်စိုက်ပျိုးပါ။
၄။ အပင်စိုက်မယ့်နေရာနှင့် ပတ်ဝန်းကျင် သန်ရှင်းနေပါစေ။ နောက်ပီး သီးလှည့်စိုက်ပျိုးဖို့လည်း မမေ့ပါနဲ့။ သီးလှည့်စိုက်ပြီးပါကလည်း တစ်ရာသီနဲ့ တစ်ရာသီကြား သီးနှံအကြွင်းအကျန်တွေ သေချာစွာရှင်းပစ်ပါ။ ပိုးမွှားရောဂါတွေ ခိုအောင်းနိုင်မဲ့နေရာမှန်သမျှ ရှင်းပါ။
၅။ အပင်စိုက်ဖို့ သင့်တော်တဲ့ မြေအခြေအနေရအောင် ဆောင်ရွက်ပါ။ ကိုယ်စိုက်မယ့်အပင်က အမြစ်ဖွာလား၊ နက်နက်ဆင်းတဲ့ အမြစ်အမျိုးစားလား စသဖြင့် စဉ်းစားပြီး ထယ်ရေးပြင်ရသလို အဓိကအရေးကြီးတဲ့ သဘာဝမြေဆွေးတွေ များများထည့်ဖို့မမေ့ပါနဲ့။။။
၆။ အပင်ကို စနစ်တကျပြုစုစောင့်ရှောက်ပါ။ ရေကို ဘယ်လိုလောင်းကြမလဲ၊ ပိုက်နဲ့လား၊ ရေပုံးနဲ့လား၊ Sprinkler နဲ့လား စသဖြင့် စဉ်းစားရသလို မနက်တစ်ကြိမ်ပဲလောင်းမှာလား၊ မနက်ညနေလောင်းမလား၊ အချိန်ဘယ်လောက်လောင်းရမလဲ စတာတွေကို သေချာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အပင်ကြီးတွေဆိုရင် ကိုင်းဖြတ်ပြုပြင်ခြင်းတွေ၊ မြေဩဇာကျွေးနည်းစနစ်တွေကိုလည်း စနစ်တကျ စီမံဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
၇။ ရေအလွန်အကျွံလောင်းခြင်း၊ အလွန်အကျွံ ဖုံးအုပ်ပစ္စည်းတွေသုံးခြင်း၊ မြေဩဇာ၊ ဆေးအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။။
၈။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ၊ ပိုးမွှားတွေအကြောင်းလေ့လာထားပါ။
၉။ နောက်ဆုံးတစ်ချက်တော့ မှိုသတ်ဆေးအများစုဟာ ရောဂါတွေကို ကုသဖို့ထက် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
Reference by :
By Jim Chatfield , September 1, 2000
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from မြတ်စုဝေ
အားလုံး