အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရွေးချယ်ပေါင်းသတ်ဆေး ဘစ်စပိုင်ရီဘက်ဆိုဒီယမ်

ရွေးချယ်ပေါင်းသတ်ဆေး ဘစ်စပိုင်ရီဘက်ဆိုဒီယမ်

သော်ဇင်
သော်ဇင် • 28/07/2025

ဘစ်စပိုင်ရီဘက်ဆိုဒီယမ် (Bispyribac sodium) စပါး ရွေးချယ်ပေါင်းသတ်ဆေးသည်ပင်လုံးပြန့်အာနိသင်ရှိ၍ ပေါင်းပင်၏အရွက်၊အမြစ်တို့မှတစ်ဆင့်စုပ်ယူပြီး ပေါင်းပင်၏အစိတ်အပိုင်းအားလုံးကိုတိုက်ခိုက်နှိမ်နှင်းပေးပါသည်။

ပေါင်းပင်ထွက်ပေါ်ပြီးမှအသုံးပြုရသော ပေါင်းသတ်ဆေး (Post - emergence)အမျိုးအစားဖြစ်ပြီး မြက်အုပ်စု (ဥပမာ-မြက်သီး၊ဝမ်းဘဲစာမြက်)၊ မြက်မုံညင်းအုပ်စု(ဥပမာ- မြက်မုန်ညင်းစိမ်း/ဝါ၊ မြက်ကွမ်းသီးလေး)နှင့် မြက်မုန်ညင်းအုပ်စု (ဥပမာ-ကတောက်ဆက်၊ လယ်လေးညှင်း)များကို နှိမ်နှင်းရာတွင် ထိရောက်မှုရှိပါသည်။

ဘစ်စပိုင်ရီဘက်ဆိုဒီယမ် ပေါင်းသတ်ဆေးသည် စပါးစိုက်ခင်းအားရေပြောင်အောင်ထုတ်ပြီးမှ ဖျန်းပက်ပေးရပါမည်။

လုံလောက်သော အစိုဓာတ်မရှိချိန်(စိုက်ခင်းခြောက်သွေ့နေချိန်)ဖျန်းပက်ပါက ဆေးအာနိသင်ထိရောက်မှုနည်းပြီး ပေါင်းနှိမ်နှင်းနိုင်စွမ်းလျော့ကျနိုင်သည်။

မျိုးစေ့ချပြီးချိန်(သို့) ရွှေ့ပြောင်းစိုက်ပြီးချိန် (၁၀-၁၅-၂၀)ရက်အတွင်း ဖျန်းပေးနိုင်မှထိရောက်မှုရှိသည်။ ပေါင်းပင်အရွက်၂ ရွက် မှ ၅ ရွက် ထွက်ချိန်အတွင်း သုံးစွဲနိုင်မှ နှိမ်နင်းနိုင်စွမ်းရှိမည်။

ပေါင်းသတ်ဆေးအာနိသင်ကို ပေါင်းပင်များမှအာနိသင်အပြည့်အဝရရှိရန်နှင့် ပေါင်းပင်အသစ်များမပေါ်ထွက်လာရန်အတွက် ဆေးဖျန်းပြီး ၁ ရက်မှ ၃ ရက်အတွင်းရေအနည်းငယ် ၁လက်မ ပြန်သွင်းပေးပြီးနောက် ၅ ရက် မှ ၇ ရက် အထိ ထိန်းထားသင့်သည်။ 

ဆေးဖျန်းပြီး ၃ ရက်မှ ၅ ရက်အတွင်း ပေါင်းငတ်ဆေး၏ ပေါင်းပင်အပေါ်ထိရောက်မှုကို မျက်စိဖြင့်မြင်တွေ့နိုင်ပြီး ဆေးဖျန်းပြီး ၂ ပတ်မှ ၃ ပတ်အကြာတွင် ပေါင်းပင်အားလုံး ကြီးထွားမှုရပ်တန့်ခြင်းနှင့် အရွက်များဝါခြောက်သေဆုံးသွားခြင်းကိုမြင်တွေ့ရပါမည်။ 

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

4
Khaing Zaw

Khaing Zaw

လွန်ခဲ့သော ၈ လ က

မြက်ဝမ်းပူတွေကို အဲ့ဆေးသုံးလိုက်တာ အတော်ကောင်းတဲ့ ဆေး

မောင်နန်းထိုက်ဝေ

မောင်နန်းထိုက်ဝေ

လွန်ခဲ့သော ၉ လ က

မြေဆီလွှာအာဟာရဓာတ်ကိုထိခိုက်နိုင်သလား၊၊ အပင်းတွေကိုရောထိခိုက်နိုင်လားဆေးများသွားရင်

သော်ဇင်

သော်ဇင်

လွန်ခဲ့သော ၁ နှစ် က

အခု ဆောင်းပါး ဖတ်ရတာကို ကြိုက်နှစ်သက်တဲ့အတွက် ကျေးဇူးပါဗျ။

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။