ပိုးသတ်ဆေး ai များ ပေါင်းစပ်ခြင်း(Combination)
သက်ရှိသတ္တဝါများ၏ ပင်ကိုယ်သဘာဝအရ...
အန္တရာယ်တခုခုနှင့်ကြုံလာတိုင်း..ငြိမ်ခံမနေဘဲ တနည်းနည်းဖြင့် တုံ့ပြန်တတ်ကြပေသည်။
ထို့အတူ အင်းဆက်ဖျက်ပိုးများသည်လည်း ဓာတုပိုးသတ်ဆေးများနှင့် ထိတွေ့ကြိမ်ဖန်များလာရင်း...
ပိုးသတ်ဆေးဒဏ်ခံနိုင်သော မျိုးဆက်သစ်များ ပေါ်ပေါက်လာကြပါသည်။

ပိုးသတ်ဆေးယဉ်ပါးလာခြင်းအကြောင်းရင်းများ(Resistance insecticide)
- ဆေးအုပ်စုတမျိုးတည်းကို ကြိမ်ဖန်များစွာ အသုံးပြုခြင်း (Non rotate -ai)
- ဆေးနှုန်းထား မမှန်ကန်ခြင်း (Mistake dosage)
- ဆေးဖျန်းနည်းစနစ်မမှန်ခြင်း (Mistake application method)
- ကျရောက်ပိုးအမျိုးအစားနှင့် ဆေးအုပ်စုမမှန်ခြင်း(Mistake , pest and pesticide)
- ဆေးဖျန်းသင့်သည့် အနေအထား/အရွယ်အစားမမှန်ခြင်း(Mistake ,time of application)
ဖော်ပြပါ အကြောင်းအချက်များနှင့် သဘာဝညီမျှခြေ ပျက်ယွင်းမှု၊ မိတ်ဆွေပိုးများပျက်စီးမှုတို့ကြောင့် ဖျက်ပိုးများ၊ ပိုးသတ်ဆေးများကို တဖြည်းဖြည်း ခံနိုင်ရည်ရှိလာကြပါသည်။
ထို့ကြောင့် ပိုးသတ်ဆေးများကို တမျိုးချင်းထုတ်လုပ်ရာမှ ပိုးသတ်ဆေး ai နှစ်မျိုးကို ပေါင်းစပ်ထုတ်လုပ်လာကြပါသည်။
ဆေးအုပ်စု မတူညီသော အေအိုင် နှစ်မျိုးကိုပေါင်းစပ်ခြင်း(Combination products)ပြုလုပ်ရာတွင်...
ပေါင်းစပ်နည်းမမှန်ကန်ပါက အာနိသင်ဆိုးကျိုးများရရှိစေနိုင်ပါသည်။
မတူညီသော အေအိုင်၂ မျိုး ပေါင်းစပ်ခြင်းဖြင့်..
၁။ Synergistic effect (ထပ်တိုးအစွမ်းအာနိသင်)
ဥပမာ။ ။ ၁ + ၁ = ၃
၂။ Additive effect (ပေါင်းစပ်အစွမ်း အာနိသင်)
ဥပမာ။ ။ ၁ +၁ = ၂
၃။ Antagonistic effect (ဆန့်ကျင်ဖက်အစွမ်း အာနိသင်)
ဥပမာ။ ။ ၁ + ၁ = ၀
စသည့်အာနိသင်များ ရရှိနိုင်ပါသည်။
တောင်သူ့အမြင်အရ ဆေးဖျန်းများလေ... ပိုးများလာလေ..ဖြစ်ရခြင်းမှာ ဖျက်ပိုးများ၏ မျိုးဆက်များသည် ပိုးသတ်ဆေးများ၏ အဆိပ်သင့်မှုကို ခံနိုင်ရည်ရှိလာခြင်းကြောင့်ဖြစ်ပါသည်။
ယင်းကဲ့သို့ Resistance မြင့်လာသော army worm ငမြောင်တောင်အုပ်စုများ၊ သီးလုံးဖောက်ပိုးများ၊ ပွင့်ထွေးရွက်ထွေးပိုးများအတွက် Synergistic Effect Combination insecticides ဟူသော နှစ်မျိုးပေါင်းစပ်အစွမ်းအာနိသင် ပိုးသတ်ဆေးအုပ်စုများ ထုတ်လုပ်လာကြပါသည်။
Organophosphate(OP) + Pyrethroid
၁။ Chlopyrifos + Cypermethrin ဆေးအုပ်စု (ကလိုပိုင်ရီဖော့ + ဆိုက်ပါမီသရင်)ဆေးတွဲများ
# (စျေးကွက်ဝင် ဆေးအမည်များ(ကန့်သတ်ထားပြီး) - ရယ်ဒီ၊ ဖော်နိုဖော့၊ကလပ်စတာ၊ဘူဒို၊ ဖိုက်၊ ဆိုင်ကလုံး၊ နံပတ်ဝမ်း၊ တင်းရှန့်၊ ဟာရီကိန်း၊ ကိုဝင်း...)
၂။ Profenophos (OPI)+ Pyrethroid ဆေးအုပ်စု (ပရိုဖီနိုဖော့ + ပိုင်ရီသရွိုက်)ဆေးတွဲ
(စျေးကွက်ဝင်ဆေးအမည်များ - ဆလက်ပလပ်စ် ၊ ဂန်းနား.....)
၃။ (Pyrethroid + Neonicotinoid) ဆေးအုပ်စု (Lambda cyhalothrin + acetameprid)
(စျေးကွက်ဝင်အမည်များ - ဘတ်တာ ၊အေစီလန်ဒါ၊ ဆိုင်လာ....)
၄။ (Pyrethroid + Abamectin) အုပ်စု (Lambda.cyhalothrin + Emamectin benzoate)
( ဈေးကွက်ဝင်အမည်များ - အီမာလန်ဒါ၊ အလန်း၊ ဒဗလယ်....)
၅။ (Pyrethroid + abamectin)အုပ်စု (Lambda cyhalothrin + abamectin)
( ဈေးကွက်ဝင်အမည်များ - ကိုး...)
၆။ (Pyrethroid + Carbamate)အုပ်စု (Lambda cyhalothrin + Indoxacarb)
( ဈေးကွက်ဝင်အမည်များ - အင်တန်း၊အန်တို ၊နိုက်ဝမ်း.....)
၇။(Pyrethroid + Neonicotinoid) အုပ်စု (Lambda cyhalothrin + Thiamethoxan)
( ဈေးကွက်ဝင်အမည်များ - တင်းဒါး၊အေပီဒိုမီ၊ ရေဇာ၊ ဒိုမီနို...)
မှတ်ချက် - ဖော်ပြပါ ဆေးအုပ်စုအတွဲများသည် မူရင်းထုတ်လုပ်သည့် ကုမ္ပဏီများမှ အသင့်ရောစပ်ပြီး ထပ်တိုးအစွမ်းအာနိသင်(Synergistic effect) ဆေးတွဲများဖြစ်ကြပါသည်။ (ဓာတုဆေးများကို မိမိသဘောဖြင့် ရောစပ်ဖျန်းလိုတိုင်း လက်လွတ်စပယ် ရောနှောသုံးခြင်း မပြုသင့်ပါ)
ဆေးအုပ်စုများကို သိနားလည်ထားခြင်းအားဖြင့်..
ဖျက်ပိုးများ၊ ဆေးယဉ်ပါးမှု မဖြစ်စေရန် ai အလှည့်ကျဖျန်းပေးသင့်ပါသည်။
OPI ဆေးအုပ်စုနှင့် Pyrethroid ဆေးအုပ်စုအကြောင်း တင်ပြခဲ့ပြီးဖြစ်ရာ..
ဆက်လက်ပြီး....
Neonicotinoids group(နီယိုနီကိုတီနွိုက် အုပ်စု)..အကြောင်း.... တင်ပြသွားမည်ဖြစ်ပါသည်။
စေတနာများစွာဖြင့်...
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပိုးသတ်ဆေးအေအိုင်များ
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကတင်ပေးထားပါတယ်ရှင့် Search bar မှာ အမိုင်နိုအက်ဆစ် ဟူးမစ်အက်ဆစ်ဆိုပြီး ရိုက်ရှာဖတ်လို့ရပါတယ်
ဇော်နိုင်ထွန်း
လွန်ခဲ့သော ၃ နှစ် ကamino acid နှင့် humic acid အကြောင်းလေးလဲတင်ပေးပါဗျ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thar Po
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....