အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်တွေက ရေတွေကို ဘယ်လိုစုပ်ယူတာလဲ

အပင်တွေက ရေတွေကို ဘယ်လိုစုပ်ယူတာလဲ

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 08/01/2020

အပင်တွေမှာဆိုရင် အမြစ်တွေက ရေကို စုပ်ယူကြတယ်ဆိုတာတော့သိကြတယ်။ ပန်းပွင့်ချိန်တွေမှာ ရေကိုပိုလိုတယ်ဆိုတာ ပြောကြတယ်။ အပွင့်လေးတွေဆီ ရေတွေ ဘယ်လိုရောက်သွားတာလဲ။ နေရောင်ခြည်နဲ့ အစာချက်တာက အရွက်မှာဖြစ်တယ်လို့ပြောတယ်။ အမြစ်ထဲက ရေတွေက အရွက်လေးဆီကို ဘယ်လိုရောက်သွားတာလဲ ဆိုတာကို ဒီတစ်ခေါက်မှာလေ့လာကြည့်ကြတာပေါ့။

အပင်တွေဘာကြောင့် ရေတွေလိုအပ်နေတာလဲ

တစ်ကမ္ဘာလုံးမှာစိုက်သမျှ ဖြစ်တည်နေသမျှ အပင်တွေအားလုံးမှာ ရေဟာ မရှိမဖြစ်ပါဝင်တဲ့ သက်မဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရေက အရေးကြီးသလား ဆိုတော့ ကြီးတာပေါ့။ အပင်တွေ အစာချက်လုပ်ဖို့အတွက် တကယ်လိုအပ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

အပင်တွေမှာ ကိုယ်တွေ မသိတဲ့ဖြစ်စဉ်တွေ အများကြီးဖြစ်ပါတယ်။ လေတွေစုပ်တယ်။ လေတွေထုတ်တယ်။ အသက်ရှုတယ်။ နောက်တစ်ခုက ရေငွေ့ပါပြန်သေးတာတဲ့။ အဲ့လိုဖြစ်စဉ်ကို Transpiration လို့ခေါ်ပါတယ်။ လူတွေမှာလိုဆို ပါးစပ်ကနေ ရေသောက်ပြီးတော့ ချွေးပြန်ထွက်သလို ဖြစ်စဉ်မျိုးပါပဲ။ သူတို့လည်း ချွေးထွက်တာပေါ့။

အပင်အမြစ်တွေကနေ စုပ်ယူတဲ့ ရေပမာဏ အားလုံးထဲမှာမှ (၅)ရာခိုင်နှုန်းပဲ အပင်တွေအတွက် ဆဲလ်တွေကြီးထွားဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ သုံးတာဖြစ်ပါတယ်တဲ့။ ကျန်တဲ့ (၉၅)ရာခိုင်နှုန်းကတော့ အဲ့လို ချွေးပြန်တာနဲ့ ကုန်ဆုံးသွားတာပါတဲ့။ နွေရာသီမှာ စိုက်တဲ့ ပြောင်းပင်တစ်ပင်တည်းကနေ ချွေးပြန်တာက ရေသန့်ဘူး (၂၀၀)စာလောက် ရှိပြီးတော့ မိုးသစ်တောတွေမှာဆို တစ်ရက်တည်းနဲ့ ရေသန့်ဘူး (၁၂၀၀) လောက် တောင် ချွေးပြန်ကြတာပါတဲ့။ အဲ့ဒါကြောင့် အပင်တွေရှိရင် ရာသီဥတုမှန်တယ်လို့ ဆိုကြတာဖြစ်မှာ...

အပင်တွေက ရေလိုတယ်ဆို ဘာလို့အဲ့လောက်တောင် ပြန်ထုတ်ပစ်နေရတာလဲ

အလင်းမှီစု အစာချက်လုပ်တဲ့ဖြစ်စဉ်ကို ပြန်သွားရမှာ ဖြစ်ပါတယ်။ အပင်တွေမှာ စတိုမာတာ လို့ ခေါ်တဲ အပေါက်ကလေးတွေ အရွက်မျက်နှာပြင်မှာပါပါတယ်။ မနက်စောစောပိုင်းတွေ နေရောင်လည်း မထွက်သေးတဲ့အချိန်မျိုးမှ ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျူး တစ်လုံးကိုစုပ်ယူတိုင်းမှာ ရေမော်လီကျုး (၄၀၀)လောက်ကို ပြန်စွန့်ထုတ်ပါတယ်။ အဲ့ စတိုမာတာ ဆိုတဲ့ အပေါက်လေးတွေကနေ တစ်ဆင့်ပါ။ သူကပဲ ရေများရင် ပြန်ထုတ်ပေးတယ်။ ရေကိုလည်း ပြန်စုပ်ယူပေးနိုင်တယ်။ အပင်အားဆေးတွေ ဖျန်းတဲ့အခါ အဲ့ စတိုမာ လေးတွေကို ထိအောင် ဖျန်းပေးရပါတယ်။

မြေကြီးမှသည် အပင်ဆီသို့

မြေကြီးမှာ ချစိုက်ထားတဲ့ အပင်တွေက ရေတွေကို အမြစ်ကနေပဲ စုပ်ယူရတာပါပဲ။ ကြီးသွားလို့ မာသွားတဲ့ အမြစ်တွေကတော့ သိပ်မစုပ်ယူနိုင်တော့ပါဘူး။ အမြစ်နုတွေက စုပ်ယူတယ်။ အဲ့ အမြစ်တွေကမှ ပွားလာတဲ့ မြစ်မွှေးလေးတွေကနေ အများဆုံးစုပ်ယူပေးပါတယ်။ အပင်တွေ ရေစုပ်စွမ်းအားပိုကောင်းစေဖို့အတွက်ဆို မြေထဲက မိုင်ကိုရိုင်ဇာမှိုလေးတွေက ကူညီပါတယ်။

အမြစ်ထဲက ရေတွေ အပင်အပေါ် ဘယ်လိုတက်?

အပင်တွေထဲမှာ အစာကြောနဲ့ ရေကြောဆိုပြီး အတွင်းထဲမှာ ရှိပြီးသားပါ။ လိုအပ်တဲ့ရေတွေကို အဲ့ရေကြောကနေ တစ်ဆင့် ပြန်ပြီးတော့ အောက်ဖက်ကနေ အပေါ်ဖက်ကို သယ်ဆောင်ပေးပါတယ်။ သူတို့က ပိုက်ကလေးတွေနဲ့ တူပါတယ်။

အပင်တွေမှာ ဘာလို့ ရေမပြတ်သွားတာလဲ

မြေကြီးက ရေတွေရှိနေတဲ့ ခွက်ကြီးဖြစ်ပါတယ်။ အပင်လေးတွေက ပိုက်ချောင်းလေးတွေနဲ့ တူပါတယ်။ သုံးလိုက်ရတဲ့ စွမ်းအင်နဲ့ နေရောင်ခြည်တွေကကျတော့ သောက်သုံးသူပေါ့။ အပေါ်ပိုင်းကနေ အငွေ့ပျံပြီးဆုံးသွားတဲ့ ရေတွေ၊ သုံးလိုက်လို့ ကုန်ဆုံးသွားတဲ့ရေတွေကို စုပ်ယူပြီးတော့ အောက်က ရေတွေက အပေါ်ကို ပြန်ဖြည့်တင်းပေးကြတယ်။ အဲ့လိုနဲ့ အပင်တွေဟာ ရေတွေပြည့်နေကြတာပါ..

ထွန်းဝင်းကျော်

Reference

https://www.nature.com/scitable/knowledge/library/water-uptake-and-transport-in-vascular-plants-103016037/

 

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။