Virus တွေ ဘယ်လိုကူးသလဲ
လူကုတဲ့ ဆရာဝန်ကြီးတော့မဟုတ် အပင်လေးတွေတော့ ကုဖို့ နားလည်ထားရင် အကောင်းဆုံးပေါ့။ အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗိုင်းရပ်စ်တွေက တစ်ပင််နဲ့ တစ်ပင်ကို ဘယ်လိုကူးသလဲဆိုတာကို တင်ဆက်ပေးမှာနော့်
(၁) စိုက်နည်းပျိုးနည်းတွေကနေ ကူးတယ်။ ကိုင်းကူးတာ အဖူးကူးတာ ကိုင်းစိုက်တာ စတဲ့ စိုက်ပျိုးနည်းလမ်းတွေမှာ ဗိုင်းရပ်စ် ကူးစက်ပြီးသားကိုင်းကို ကူးမိတယ် အဖူးကို ယူသုံးမိတယ်ဆိုရင် ဗိုင်းရပ် ကူးပါပြီလေ။ အဲ့လိုပါ။
(၂) နွယ်ပင်တွေ။ တချို့ နွယ်ပင်တွေက ကပ်ပေါက်ပြီး အပင်တစ်ပင်ကနေ တစ်ပင်ကို ကူးစက်ယှက်နွယ်ပေါက်ကြတာကလား။ အဲ့လိုဆိုလည်း အဲ့အပင်တွေရဲ့ အစာကြော ရေကြောကနေ တစ်ဆင့် မရှိတဲ့ အပင်တွေဆီကို ရှိတဲ့ အပင်ကနေ ကူးပြီပေါ့။ ကြားပွဲစား က ဖြန့်တာပါ။
(၃) လှုံဆော်မှုတွေ ရှိလို့။ လေပြင်းပြင်းတိုက်လိုက်လို့ ဗိုင်းရပ်စ်တွေ လွှင့်ပြီး နောက်တစ်ပင်ကို ကပ်သွားတာမျိုး။ သုံးတဲ့ ဂေါ်ပြား ထွန် ထယ်တွေကနေ ကူးတာမျိုး။ အပင်တွေ ထိခိုက်မိလို့ ကူးတာမျိုးတွေပါပြီးတော့ အာလူးပင်တွေမှာ ကျတဲ့ ဗိုင်းရပ်စ်ပိုးတွေ အများစုက အဲ့လိုနည်းနဲ့ ကူးစက်တတ်ကြပါတယ်။
(၄) ပင်ရည်။ ဗိုင်းရပ်စ် လေးတွေက သေးလွန်းတာကြောင့် အပင်တွေက ထွက်တဲ့ ပင်ရည်တွေမှာ ပါပါတယ်။ ပင်ရည်ကိုစုပ်စားတဲ့ ပျလိုအကောင် သရစ်လို အကောင်တွေ ကနေလည်း ရောဂါ မရှိတဲ့ အပင်တွေဆီကို ကူးစက်နိုင်ပါတယ်။
(၅) မျိုးစေ့ကနေ ကူးတယ်။ မျိုးစေ့မှာ အောင်းနေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေက အမျိုးပေါင်း (၁၀၀) လောက်တောင် ရှိပါတယ်။ အဲ့လို ကူးစက်ပျံ့နှံ့နိုင်မှုတွေက လက်ခံပင်တွေနဲ့ ဗိုင်းရပ်စ် တွေရဲ့ ပေါင်းစပ်ပုံနဲ့ ဆိုင်ပါတယ်။ ပဲပုတ်မှာ အကွင်းအကွက်တွေဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ ကူးစက်နိုင်စွမ်းက ၁၀၀ ရာခိုင်နှုန်း ကူးစက်ပျံ့နှံ့နိုင်ပေမဲ့လို့ ဘာလီပင်က Stripe mosaic ဗိုင်းရပ်စ် ကတော့ တစ်ဝက်လောက်ပဲ ကူးချင်ကူးမှာပါ။
(၆) ဝတ်မှုန်တွေကနေလည်း ကူးတယ်။ ဗိုင်းရပ်စ်ရောဂါ ရှိနေတဲ့ အပင်ကနေ ပန်းလေးတွေပွင့်လာတဲ့အဆင့်ထိရောက်လာမယ်ဆို သူတို့က ဝတ်မှုန်တွေထိ တက်နိုင်ကြပါတယ်။ ကိုယ့်ဘာသာ ပင်တည်းဝတ်မှုန်ကူးတဲ့ အပင်မျိုးဆိုရင်တောင် ဝတ်မှုန်လေးတွက လွှင့်တတ်ပါသေးတယ်။ ပင်ခြားဝတ်မှုန်ကူးတယ်ဆိုရင်တော့ သေပြီ ဆရာပဲ။ အဲ့ဝတ်မှုန်လေးတွေကို စီးပြီး ကိုကိုဗိုင်းရပ်စ် မမဗိုင်းရပ်စ်တွေက ခရီးသွားကြသေးတာ။
(၇) အင်းဆက်တွေကနေ ကူးတယ်။ ပင်ရည်စုပ်စားတဲ့ ပျ သရစ် ယင်ဖြူ ဂျပိုး စတဲ့ အကောင်လေးတွေက ပင်ကို စားတယ် ကိုက်ဖောက်တယ် ပင်ရည်တွေက သူတို့ကိုယ်ခန္ဓာထဲကို ပါသွားတယ်။ နောက်တစ်ပင်ကို ကူးတယ်။ သူတို့ ခန္ဓာကိုယ်ကရော ပါးစပ်ထဲကရော ကူးစက်ရော။ အဲ တချို့ဗိုင်းရပ်စ်တွေက အမေကြီးဆီကနေ မွေးလာတဲ့ သားသားမီးမီး အင်းဆက်လေးတွေဆီကိုတောင် ပါသွားပြီးတော့ အပင်တွေဆီကို ပျံ့နှံ့နိုင်သေးတယ်တဲ့။
(၈) နီမတုတ် တွေကနေ တစ်ဆင့် ကူးတယ်။ နီမတုတ်တွေက အပင်ရဲ့ အမြစ်တွေကို ဖောက်ပြီး ဝင်ကြတယ်ဆိုတော့ အဲ့အပေါက်တွေကနေ နီမတုတ် အကောင်ကြီးတွေကနေ တခြား အပင်တွေကိုလည်း ကူးစက်နိုင်ပါသေးသတဲ့။
(၉) မှိုတွေကနေ ကူးတယ်။ ဗိုင်းရပ်စ်တွေဆိုတာက အရမ်းသေးလွန်းတော့ မျက်စိနဲ့ မမြင်ရတဲ့ မှိုမျှင်လေးတွေကနေတောင် တခြား အပင်တွေဆီကို ရောက်ရှိ ကူးစက်နိုင်ပါသတဲ့။ မြေကြီးထဲက မှိုတွေက ပြန့်ကားပွားများလာပြီး အပင်အမြစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး တစ်ပင်ကနေ တစ်ပင်ကို ကူးပါတယ်။ ကဲ ဘယ်လိုကူးပြီ ဆိုတာ သိတော့ ဗိုင်းရပ်စ် ဝင်ပြီဆို အခင်းထဲ ခဏ ခဏ မဝင်ဖို့တို့လိုမျိုး ဆင်ခြင်လို့ ရမယ် ထင်ပါတယ်။ ရောဂါကင်းတဲ့ သီးနှံ အလျှံပယ် ထွက်ပြီး ဈေးကောင်းရကြပါစေဗျာ။
ထွန်းဝင်းကျော်
Reference
Principle of plant nematology, plant bacteriology, and plant Virology pdf
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026