အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စားဖိုဆောင်သီးနှံတွေနဲ့ ကိုယ်တိုင်လုပ်နိုင်တဲ့ သဘာဝပိုးသတ်ဆေး

စားဖိုဆောင်သီးနှံတွေနဲ့ ကိုယ်တိုင်လုပ်နိုင်တဲ့ သဘာဝပိုးသတ်ဆေး

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 26/11/2019

အိမ်မှာ အပင်လေးတွေစိုက်ထားတယ်။ နည်းနည်းပါ။ ကိုယ်တတ်နိုင်သလောက်လေး စိုက်ထားတာပါ။ အသက်တွေ ကြီးလာတော့လည်း ကိုယ်စိုက်ထားပျိုးထားတာ သန့်သန့်လေးကိုပဲ စားချင်တော့တယ်။

အဲ့လို စိုက်စားတော့လည်း နည်းနည်းလေးကို ပိုးတွေကကျနေပြန်တော့ ပိုးသတ်ဆေးတွေသုံးလည်း မသုံးချင်တာကြောင့်မို့လို့ ဘာတွေလုပ်ရမလဲလို့ ညည်းနေကြတဲ့ သူတွေရှိတယ်ဆိုရင် အိမ်က မီးဖိုဆောင်ထဲကိုသွားပြီးတော့ အဖြေရှာ ကြည့်ကြရအောင်။

အိမ်နောက်ဖေး ကလိုအပ်တဲ့ ပစ္စည်းတွေက

Phytolacca (pokeweed) ။ ။ ရွက်ဖျက်ပိုးတွေကို နှိမ်နင်းနိုင်ပါတယ်။ အပင်ပုံလေးကို အောက်မှာ ထည့်ပေးထားပါတယ်နော်။

 ခရမ်းချဉ်ရွက်။ ။ ရွက်ဖျက်ပိုး ရွက်စားပိုးတွေကို ပြေးစေနိုင်ပါတယ်။

ချစ်တီးပန်း။ ။ ပုရွက်ဆိတ်တွေ၊ နီမတုတ်တွေ၊ ရွက်ဖျက်ပိုးတွေကိုပြေးစေပါတယ်။

ငရုတ်သီး။ ။ ပုရွက်ဆိတ်၊ ပျပိုးတွေ၊ ကျိုင်းကောင်တွေ၊ ရွက်ဖျက် ရွက်စားပိုးတွေကို ပြေးစေပါတယ်။

တမာရွက်။ ။ ငှက်ပျောပင်ထိုးတဲ့ ကျိုင်းကောင်တွေ၊ ရွက်လိပ်ရွက်ဖျက်ပိုးတွေ၊ တစ်ချို့မှိုရောဂါတွေကို မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ ဒါမှ မဟုတ် ကြက်သွန်နီ။ ။ သူတို့က ပုရွက်ဆိတ်၊ ပျပိုး၊ ငမြှောင်တောင်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးတွေကို ပြေးစေပါတယ်။

အိမ်မှာ အကုန် မရှိဘူးလေ ဘယ်လိုလုပ်မလဲဆို မပူပါနဲ့ တစ်ခုချင်းစီမှာ သူ့အစွမ်းနဲ့ သူရှိပြီးသားဆိုတော့ တစ်မျိုးချင်းစီ သုံးလို့လည်း ရပါတယ်။ အဆင်ပြေသလို ပေါင်းပြီးတော့ လုပ်လို့လည်း ရပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ ခုနကပြောတဲ့အရွက်တွေကို သေးသေးလေးတွေ လှီးပြီးတော့ ရေစိမ် အဖုံးအုပ်ထားရမှာ ဖြစ်ပါတယ်။ (၃)ရက်လောက်ကြာအောင်ထားမလား ဒါမှ မဟုတ်ရင် မိနစ် (၂၀)လောက်ပွက်အောင် တည်လိုက်မလား ဆိုတာကို ရွေးလို့ရပါတယ်။

အချိုးကတော့ ရေ (၅)လီတာထဲမှာ

ခရမ်းချဉ်ရွက်ဆို - ၆ ခွက်

Phytolacca (pokeweed) ဆို - ၂ ခွက်

ချစ်တီးပန်းရွက် - ၇ ခွက်

ငရုတ် - ၁ ခွက်

တမာရွက် - ၅ ခွက်

ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီဆိုရင် ၇ တက် ၇ ဥလောက် ထည့်ပေးရင် အဆင်ပြေပါတယ်။

အချိုးတွေလည်း သိပြီး လုပ်လည်း လုပ်ပြီးပြီ ဘယ်လိုဖျန်းရမလဲဆိုရင်တော့

ဆပ်ပြာရည်နဲ့ ရောပေးပါ။ ဆပ်ပြာထည့်ပေးတာက အပင်တွေမှာကပ်အောင် ကပ်ဆေးထည့်ပေးတာ ဖြစ်ပါတယ်။ အဲ့လိုဆိုတော့ ကိုယ်တိုင်လုပ်ထားတဲ့ ပိုးသတ်ဆေးကို ဖျန်းမယ်ဆိုရင် ဆပ်ပြာရည်တစ်ခွက်၊ ပိုးသတ်ဆေး တစ်ခွက် ရောပြီးတော့ အပင်တွေကို သေသေချာချာဖျန်းပေးရမှာပါ။ ပိုးသတ်ဆေးက ကိုယ်တိုင်လုပ်ထားတဲ့ ပိုးသတ်ဆေးဖြစ်ပေမဲ့လည်း ဆေးဖျန်းတဲ့အခါမှာတော့ တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်းတွေကို သုံးပေးဖို့ လိုအပ်မှာပါ။

ကျန်းမာရေးကို ဂရုစိုက်ကြပါ။ ကိုယ်လက်လှုပ်ရှား အပင်လေးတွေကိုယ်တိုင်စိုက်ကြပါ။ အာဟာရပြည့်ပြည့်စားသုံးပါ။ အဲ့အပြင်ကို အန္တရာယ်ကင်းတဲ့ အစားအစာတွေကိုလည်း ရွေးချယ် စားသုံးနိင်ကြပါစေလို့ တောင်းဆုပြုရင်း ကိုယ်တိုင်လုပ်နိုင်တဲ့ ပိုးသတ်ဆေးလုပ်နည်းလေးကို တင်ဆက်လိုက်ရပါတယ်။

ထွန်းဝင်းကျော် 

Reference

www.kilimohai.org

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

May Thet Paing

May Thet Paing

လွန်ခဲ့သော ၁ နှစ် က

နနွင်းပိုးသတ်ဆေးရည်အကြောင်းသိချင်လို့ပါ

KO GYI

KO GYI

လွန်ခဲ့သော ၄ နှစ် က

ချစ်တီးပန်းအရွက်ပင်လေးမမြင်ဘူးလို့ပို့ပေးပါလာဆရာရယ်။

ခွန်ကျော်ဝင်းထွဋ်

ခွန်ကျော်ဝင်းထွဋ်

လွန်ခဲ့သော ၅ နှစ် က

ခွက်ကဘယ်အရွယ်ခွက်လဲဗျ

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။